close
Connect with us

Hi, what are you looking for?

သတင်း

ကျောင်းများထပ်မံတိုးချဲ့မည်ဖြစ်၍ CDM ဆရာ၊ဆရာမများ လျှောက်ထားနိုင်ဟု MNDAA ခေါ်ယူ

ကိုးကန့်တပ်မတော်(MNDAA) ထိန်းချုပ်ထားသည့် အထူးဒေသ(၁)တွင် အခြေခံပညာသင်ကျောင်းများ တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း MNDAAကအသိပေးပြီး ပညာရေးဝန်ထမ်းများ ခေါ်ယူခဲ့သည်။

စစ်တပ်အာဏာသိမ်းမှုကြောင့် ဆရာ၊ဆရာမများ CDMပြူလုပ်၍ ဆန္ဒပြနေသည်ကို ၂၀၂၁ ဖေဖော်ဝါရီက တွေ့ရစဉ်။ ဓာတ်ပုံ − CJ

မေ၂၅၊၂၀၂၅။ထားမြတ်/People’s Spring

ကိုးကန့်တပ်မတော်(MNDAA) ထိန်းချုပ်ထားသည့် အထူးဒေသ(၁)တွင် အခြေခံပညာသင်ကျောင်းများ တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း MNDAAကအသိပေးပြီး ပညာရေးဝန်ထမ်းများ ခေါ်ယူခဲ့သည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အထူးဒေသ(၁)အတွင်းရှိ အခြေခံပညာကျောင်းများအတွက် ပညာရေးဝန်ထမ်းများခေါ်ယူခြင်း ကြေညာချက်ကို ယနေ့ (မေလ ၂၅ရက်) ထုတ်ပြန်အသိပေးခဲ့ခြင်းဖြစ်သည်။

အထူးဒေသ(၁)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ကစ၍ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူနိုင်ရန်အတွက် အခြေခံပညာကျောင်း (၂၂) ကျောင်းဖွင့်လှစ်ခဲ့ ပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ ထပ်မံတိုးချဲ့ဖွင့်လှစ် မည်ဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် အခြေခံပညာကျောင်းများမှ CDM ပြုလုပ်ထားသော ဆရာ၊ဆရာမများ၊ တက္ကသိုလ်တစ်ခုခုဘွဲရရှိသူများနှင့် CDM ပြုလုပ်ထားသော တက္ကသိုလ်ကျောင်းသား၊သူများအနေဖြင့် အထူးဒေသ(၁) အတွင်းရှိ အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်လိုပါက လျှောက်ထားနိုင်ကြောင်း အသိပေးထားသည်။

လျှောက်ထားလိုပါက https://www.surveyheart.com/form/681f04f3f061e226ef143cf4 နှင့် Telegram Channel https://t.me/thekokangnewsnetwork တွင်လည်း လျှောက်ထားနိုင်သည်ဟု ဖော်ပြထားသည်။

MNDAAသည် ၂၀၂၃ အောက်တိုဘာ ၂၇ရက်တွင် ၁၀၂၇ စစ်ဆင်ရေးဆင်နွှဲကာ လောက်ကိုင်မြို့ အပါအဝင် ကိုးကန့်ဒေသ တခုလုံးကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။

အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)အပါအဝင် လားရှိုးမြို့ကိုပါ သိမ်းပိုက်နိုင်ခဲ့သော်လည်း တရုတ်အစိုးရ၏ ဖိအားပေးမှုကြောင့် ၂၀၂၅ နှစ်ဆန်းတွင် စစ်ကောင်စီနှင့် အပစ်ရပ်စဲရေးလုပ်ဆောင်ကာ ဧပြီတွင် လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လွှဲပေးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီကဗုံးကြဲတိုက်ခိုက်မှုတွင် ထိခိုက်ဒဏ်ရာရရှိသူများ၏ စိတ်ဒဏ်ရာကုစားရေးအတွက်အမျိုးသားညီညွတ်‌ရေးအစိုးရ(NUG)ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM) နှင့် ပညာရှင်များက နှစ်သိမ့်ဆွေးနွေးပေးခဲ့ကြသည်။

သတင်း

​ကျောင်းသား​ကျောင်းသူနှင့် ဆရာမ စုစု​ပေါင်း ၂၄ဦးသေဆုံးခဲ့သော ဒီပဲယင်းမြို့နယ် ၊အိုးတိန်တွင်းရွာစာသင်ကျောင်းလေကြောင်းတိုက်ခိုက်ခံရသည့် ရုပ်သံမှတ်တမ်းဖြစ်သည်။ တိုက်ခိုက်ချိန်တွင် ဒေသခံအချို့က ဖုန်းဖြင့် ရိုက်ကူးထားခြင်းဖြစ်သည်။

သတင်း

ရက်စက်ကြမ်းကြုတ်သောစစ်အုပ်စုအတွက်တရုတ်နိုင်ငံ၏စစ်ရေးအထောက်အပံ့ပေးမှု နှင့် မျက်နှာပြောင်တိုက်ကြားဝင်စွက်ဖက်နေမှုသည်လွဲမှားစွာလောင်းကြေးထပ်ခြင်းဖြစ်ပြီး စစ်အုပ်စုကျဆုံးသည့်အခါတွင် မြန်မာပြည်သူများသည် တရုတ်နိုင်ငံ၏ လုပ်ရပ်များအပေါ် အမှတ်ရနေလိမ့်မည်ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)က သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီက ယနေ့တရက်တည်း ဒီပဲယင်းနှင့် မော်လူးမြို့ရှိ ကျေးရွာစာသင်ကျောင်းကိုလည်း လေကြောင်း တိုက်ခိုက်

Facebook