မေ ၂၅၊၂၀၂၅။ သုည/People’s Spring
တောင်ကိုရီးယားနိုင်ငံ၊ အူဆန်မြို့တွင် ကိုရီးယားရောက် မြန်မာများ ပူပေါင်း၍ မြန်မာစစ်တပ်ကူညီထောက်ပံနေသော တရုတ်အစိုးရကို ဆန့်ကျင်သည့် ဆန္ဒပြပွဲကို ယနေ့ (မေလ၂၅) ပြုလုပ်ခဲ့သည်။
အဆိုပါ ဆန္ဒပြပွဲကို အူဆန်မြန်မာအသင်းက ဦးဆောင်ပြီး တော်လှန်ရေးတက်ကြွလှုပ်ရှားသူ ဒယ်ဂူးဘုန်းဘုန်းနှင့် တောင်ကိုရီးယားနိုင်ငံရောက် မြန်မာများ ပူးပေါင်းပါဝင်ခဲ့သည်။
ဆန္ဒပြသူများက “Democracy” ၊ “China, Stop Supporting Myanmar’s Military”စသည့် စာသားများကို ကိုရီးယားဘာသာများဖြင့် ရေးသား၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

Public Service Announcement
တော်လှန်ရေးတက်ကြွလှုပ်ရှားသူ ဒယ်ဂူးဘုန်းဘုန်းကလည်း စစ်အာဏာရှင်စနစ်ဆိုးက လွတ်မြောက်သည်အထိ ဆက်လက်ပါဝင်ပေးရန်နှင့် ပြည်တွင်း၊ပြည်ပ မြန်မာများအနေဖြင့် ထောက်ပို့အပိုင်း အရှိန်အဟုန်မြှင့်ပေးရန် တိုက်တွန်းပြောကြားခဲ့သည်။
