close
Connect with us

Hi, what are you looking for?

သတင်း

တောင်ငူမြို့နယ် အမြန်လမ်းနှင့် ၁မိုင်အကွာ၌ တိုက်ပွဲပြင်းထန်နေ

တောင်ငူမြို့နယ်အတွင်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ယနေ့(မေလ ၂၅ရက်)နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေးအမြန်လမ်းနှင့် ၁မိုင်ခန့်သာဝေးသည့်နေရာ၌ တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံများကပြောသည်။

တိုက်ပွဲကြောင့် ကြက်တက်ညောင်ပင်ရွာမှ စစ်ဘေးရှောင်များကို ဘေးလွတ်ရာသို့ ကူညီပို့ဆောင်ပေးနေစဉ်။ ဓာတ်ပုံ − Taungoo Rescue

မေ ၂၅၊၂၀၂၅။ဇော်ရမ်း/People’s Spring

တောင်ငူမြို့နယ်အတွင်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ယနေ့(မေလ ၂၅ရက်)နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေးအမြန်လမ်းနှင့် ၁မိုင်ခန့်သာဝေးသည့်နေရာ၌ တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံများကပြောသည်။

အမြန်လမ်း (၁၇၄)မိုင်နှင့် ၆မ်ိုင်ခန့်အကွာရှိ စပါးကြွယ်ကျေးရွာအနီးတွင် မေလ ၂၃ရက်က တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ယ‌နေ့(မေလ ၂၅ရက်)အထိ စစ်ရေးတင်းမာနေသလို အမြန်လမ်းနှင့် (၁)မိုင်ခန့်အကွာရှိ ကြက်တက်ညောင်ပင်ကျေးရွာတွင်လည်း ယနေ့နံနက်အစောပိုင်းကစ၍ တိုက်ပွဲဖြစ်ပွားနေသည်ဟု တောင်ငူမြို့ဒေသခံတစ်ဦးက ပြောသည်။

” အမြန်လမ်းနဲ့ ပိုနီးလာတယ်။မနက်ကတည်းက သေနတ်သံတွေကြားရတယ်။လေယာဉ်က တမနက်လုံးဝဲနေတယ်။ ရွာတွေဘက်ကနေ မြို့ပေါ်ကိုပြေးလာတာအများကြီးပဲ”ဟု တောင်ငူမြို့ခံကပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့ နံနက်ပိုင်းတွင် ကြက်တက်ညောင်ပင်ကျေးရွာမှ စစ်ဘေးရှောင်များအား ဘေးလွတ်ရာသို့ ကူညီပို့ဆောင်ပေးခဲ့သည်ဟု Taungoo Rescue အရေးပေါ်ကယ်ဆယ်ရေးပရဟိတအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် အိမ်ခြေ၄၀၀ ကျော်ရှိသည့် စပါးကြွယ်ကျေးရွာကို လေကြောင်းမှတိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးထားကြောင်း ဒေသခံစစ်ဘေးရှောင်များက ပြောသည်။ တောင်ငူမြို့နယ်အတွင်း လက်ရှိတွင် စပါးကြွယ်ရွာ၊ ကြက်တက်ညောင်ပင်ရွာအပြင်ညကြက်ရိုးပင်ရွာ၊ တောပုရွာ၊ ဇီးပင်သာ ၊ ငုံးမင်းရွာတို့မှ ဒေသခံများ စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။

လက်တလောတွင် ပဲခူးတိုင်းအတွင်း၌ တောင်ငူမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေသလို ကျောက်ကြီး၊ရွှေကျင်၊ နတ္တလင်း၊ မင်းလှမြို့နယ်တို့တွင်လည်း စစ်ရေးတင်းမာနေပြီး စစ်ကောင်စီက လက်နက်ကြီးများပစ်ခတ်နေကြောင်း သတင်းရရှိသည်။

ရွှေကျင်မြို့နယ်၊ ကျွန်းကြီးကျေးရွာမှ မင်္ဂလာဆောင်ကို ယနေ့နံနက် ၁၁နာရီခန့်တွင် စစ်ကောင်စီကလေကြောင်းတိုက်ခိုက်၍ သတို့သမီးဖြစ်သူနှင့် ကလေးငယ်နှစ်ဦးအပါအဝင် ၁၀ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန် − မန္တလေးအမြန်လမ်း တောင်ငူမြို့နယ်လမ်းပိုင်းအနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များ နှစ်ရက်ဆက်တိုက်ပွဲပြင်းထန်နေပြီး နေအိမ် ၄၀၀ကျော်ရှိသည့် စပါးကြွယ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက် မီးရှို့ဖျက်ဆီးနေကြောင်း သတင်းရရှိသည်။

သတင်း

ပုသိမ်-မုံရွာလမ်းမကြီး စလင်းမြို့နယ်အနီး လမ်းပိုင်း၌ တိုက်ပွဲပြင်းထန်နေပြီး စစ်ရေးနယ်မြေနှင့်မသက်ဆိုင်သော ရွာလေးရွာကို စစ်ကောင်စီက ဗုံးကြဲကာ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများကပြောသည်။

သတင်း

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက စစ်ကြောင်းလိုက် ပျက်စီးကာဆုတ်ခွာထွက်ပြေးနေကြောင်း ဒေသခံသတင်းရင်းမြစ်အချို့ကပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ မေလ ၅ရက်ကတိုက်ပွဲအတွင်း စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများပြားခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

Facebook