close
Connect with us

Hi, what are you looking for?

သတင်း

ဖမ်းဆီးခံရသည့် ပရာဒေါင်းဆွေမျိုးစုခေါင်းဆောင်များ ငါးရက်အကြာတွင် ပြန်လွတ်လာ

ဖမ်းဆီးခံထားရသည့် ပရာဒေါင်းဆွေမျိုးစုခေါင်းဆောင်များ ဖမ်းဆီးခေါ်ဆောင်ခံရပြီး ငါးရက်အကြာတွင် ပြန်လွတ်လာကြောင်း ဖယ်ခုံမြို့နယ်၊ သိကျိတ်ဒေသခံများက လူထုနွေဦးသို့ အတည်ပြုသည်။

ပြန်လွတ်လာသည့် ပရာဒေါင်းဆွေမျိုးစု ခေါင်းဆောင်များကို တွေ့ရစဥ်။ဓာတ်ပုံ − ပေးပို့

မေ ၂၀၊၂၀၂၅။ရဲခေါင်/People’s Spring

ဖမ်းဆီးခံထားရသည့် ပရာဒေါင်းဆွေမျိုးစုခေါင်းဆောင်များ ဖမ်းဆီးခေါ်ဆောင်ခံရပြီး ငါးရက်အကြာတွင် ပြန်လွတ်လာကြောင်း ဖယ်ခုံမြို့နယ်၊ သိကျိတ်ဒေသခံများက လူထုနွေဦးသို့ အတည်ပြုသည်။

ယနေ့(မေလ ၂၀ ရက်)နေ့လည် ၂နာရီတွင် ပြန်လွတ်လာည့် ဆွေမျိုးစုခေါင်းဆောင်များကို ကယန်းပြည်သစ်ပါတီ(KNLP)အခြေစိုက်ရာဆီဘူးဒေသသို့ သွားရောက်ခေါ်ဆောင်နေပြီဟုလည်း ဆိုသည်။

“ဒေသခံတွေရော၊ပရာဒေါင်းဆွေမျိုးစုတွေရော အကုန်သွားကြိုနေကြပါတယ်”ဟု သိကျိတ်ကျေးရွာသားတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

မေလ ၁၆ ရက် နေ့လယ်တွင် ပရာဒေါင်းဆွေမျိုးစု ဥက္ကဌ ခွန်းအောင်နိုင်စိုး၊ ဒုဥက္ကဌ ဦးဘမောင်၊ ပရာဒေါင်းဆွေမျိုးစု လူငယ်အတွင်းရေးမှူး ခွန်းခိုင်မင်းနိုင်နှင့် နာယက ဦးအားဒိုတို့ကို သိကျိတ်ကျေးရွာ၊ ငိန်းကယန်းထန် (ခ) ဦးရွှေအေးနေအိမ်တွင် လေးပွင့်ကြယ်ကုမ္ပဏီ၏လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ထိုဖြစ်စဥ်အတွက် ကယန်းဒေသတွင်းအရပ်ဘက်အဖွဲ့အစည်းများက ကန့်ကွက်ကြောင်းထုတ်ပြန်စာ များ ထုတ်ပြန်ကြေညာခဲ့ပြီး ငါးရက်အကြာတွင် ပရာဒေါင်းဆွေမျိုးစုဦးဆောင်သူများ ပြန်လွတ်လာခဲ့သည်။

ထို့အပြင် လေးပွင့်ကြယ်ကုမ္ပဏီနှင့် ပရာဒေါင်းဆွေမျိုးစုတို့အကြား ဖြစ်ပေါ်နေသည့် မကြေလည်မှုများကို နှစ်ဦးနှစ်ဖက်ပြေလည်သွားသည်အထိ ဆောင်ရွက်မည်ဟု ကယန်းပြည်သစ်ပါတီ KNLP ဗဟိုကော်မတီက ယမန့်နေ့ညပိုင်းတွင် ထုတ်ပြန်ထားသည်။

သိကျိတ်ကျေးရွာမြင်းမထိဒေသ၏ မူလပိုင်ရှင် ပရာဒေါင်းဆွေမျိုးစုနှင့်ဒေသခံများက ဒေသခံများ၏ ဆန္ဒမပါဝင်ဘဲ လေးပွင့်ကြယ်ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီတို့ပူးပေါင်း၍ မြင်းမထိတောင်၌ အကြီးစားသတ္တုတူးဖော်မည်ကို ကန့်ကွက်နေခြင်းဖြစ်သည်။

ပရာဒေါင်းဆွေမျိုးစုသည် ကယန်းလူမျိုး၊ ကဲဒေါ့မျိုးနွယ်စု၏ ဆွေမျိုးစုတစ်ခုဖြစ်ပြီး သိကျိတ်ကျေးရွာ မြင်းမထိဒေသတွင် ပရာဒေါင်းဆွေမျိုးစုများနေထိုင်သည်။

မြင်းမထိတောင်တွင် အကြီးစားသတ္တုတူးဖော်မှုကြောင့် အိမ်ခြေ ၃၀ကျော်ရှိသည့် စခန်းကြီးရွာ‌‌ဟောင်း ဒေသခံများမှာ ရွာလုံးကျွတ် ရွှေ့ပြောင်းခြင်း၊အိမ်ခြေ ၆၀ကျော်ရှိသည့် စခန်းကြီးရွာသစ်၊ အိမ်ခြေ ၃၀ခန့်ရှိသည့် ကုန်းဆုံကျေးရွာနှင့် အိမ်ခြေ ၄၀၀ခန့်ရှိသော သိကျိတ်ကျေးရွာတို့ကိုလည်း ဘေးဥပါဒ် ဖြစ်စေနိုင်ကြောင်း ပရာဒေါင်း ဆွေမျိုးစုက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပရာဒေါင်းဆွေမျိုးစုနှင့် လေးပွင့်ကြယ်ကုမ္ပဏီတို့အကြား ဖြစ်ပေါ်နေသည့် မကြေလည်မှုများကို နှစ်ဦးနှစ်ဖက်ပြေလည်သွားသည်အထိ ဆောင်ရွက်မည်ဟု ကယန်းပြည်သစ်ပါတီ (KNLP) ဗဟိုကော်မတီက ယနေ့(မေလ ၁၉ ရက်) ထုတ်ပြန်သည်။

သတင်း

ဖမ်းဆီးခေါ်ဆောင်ထားသည့် ပရာဒေါင်းဆွေမျိုးစု ဥက္ကဌ၊ ဒုဥက္ကဌ၊နာယကနှင့် လူငယ်အတွင်းရေးမှူးတို့ကို ယနေ့(မေလ ၁၉ ရက်) ညနေ ၄နာရီ နောက်ဆုံးထားပြန်လွှတ်ပေးရန် ပရာဒေါင်းဆွေမျိုးစု ဗဟိုကော်မတီက ထုတ်ပြန်သည်။

သတင်း

မေ၁၆ရက်​နောက်ဆုံးထားလုပ်ငန်းရပ်ဆိုင်ယထွက်ခွာရန်ပရာဒေါင်းဆွေမျိုးစုက​တောင်းဆို၊မလိုက်နာပါက​​​နောက်ဆက်တွဲဆိုးကျိုးအားလုံလေးပွင့်ကြယ်ကုမ္ပဏီနှင့်သာသက်ဆိုင်​ကြောင်းသတိ​ပေး

သတင်း

အပြီးတိုင်ဆုတ်ခွာရုပ်သိမ်း​ပေးရန်​တောင်းဆို၊ ​နွေဦး​တော်လှန်​ရေးမပြီးမချင်းမည်သည့်ကုမ္ပဏီကိုမဆိုအကြီးစားသတ္ထုတူး​ဖော်ခွင့်မပြု​ကြောင်းထုတ်ပြန်

Facebook