close
Connect with us

Hi, what are you looking for?

သတင်း

ရွှေပြည်သာတွင် တက္ကသိုလ်ဝင်တန်းကျောင်းသားနှစ်ဦး စစ်မှုထမ်းရန် ဖမ်းဆီးရောင်းစားခံရ

တက္ကသိုလ်ဝင်တန်းကျောင်းသားနှစ်ဦး စစ်မှုထမ်းရန် ဖမ်းဆီးရောင်းစားခံရမှု ရန်ကုန်မြို့၊ ရွှေပြည်သာ မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဓာတ်ပုံ − စစ်မှုထမ်းရန် ဖမ်းဆီးရောင်းစားခံရ တက္ကသိုလ်ဝင်တန်းကျောင်းသားနှစ်ဦး

မေ ၂၀၊၂၀၂၅။ရဲခေါင်/People’s Spring

တက္ကသိုလ်ဝင်တန်းကျောင်းသားနှစ်ဦး စစ်မှုထမ်းရန် ဖမ်းဆီးရောင်းစားခံရမှု ရန်ကုန်မြို့၊ ရွှေပြည်သာ မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့၊ ကွမ်းခြံကုန်းမြို့နယ်၊ တော်ကဆော့ကျေးရွာမှ တက္ကသိုလ်ဝင်တန်းကျောင်းသား ထက်ဝေယံနှင့် မိုးချစ်နောင်တို့နှစ်ဦးသည် ရွှေပြည်သာမြို့နယ်၌ အလုပ်လုပ်နေစဥ် မေလ ၈ရက် နေ့လည် ၁ နာရီတွင် အလုပ်ကအပြန် လူခြောက်ဦးအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခြင်းဟု ကာယကံရှင် မိသားစုဝင်တစ်ဦးက ပြောသည်။

ထို့နောက် မောင်ထက်ဝေယံက ၎င်း၏ ဖခင်ဦးဌေးအောင်ထံသို့ မေလ ၁၀ရက် ည ၁၀နာရီခန့်တွင် ၀၉-၂၅၀၇၈၆၉၂၉ ဖုန်းနံပါတ်ဖြင့်​ ဆက်သွယ်လာပြီး ဖြစ်ကြောင်းကုန်စင်အား ပြောပြခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

မောင်ထက်ဝေယံ၏ ဆက်သွယ်ပြောဆိုချက်များအရ လူမိုက်ဟုယူဆရသော လူခြောက်ဦးမှ “မင်းတို့ဘယ် ကလဲ”ဟု မေးရာ မောင်ထက်ဝေယံနှင့် မောင်မိုးချစ်နောင်တို့မှာ နေရပ်များအပြည့်အစုံပြောပြခဲ့ကြောင်း “ဒါဆို မင်းတို့ကို စစ်ဆေးစရာရှိတယ်။ ငါတို့နဲ့ လိုက်ခဲ့”ဟုဆိုကာ ကားပေါ်အတင်းဆွဲတင်ခေါ်သွား ခြင်းဟု ဆိုသည်။

ထို့နောက် မောင်ထက်ဝေယံနှင့် မောင်မိုးချစ်နောင်တို့နှစ်ဦးအား ရွှေပြည်သာမြို့နယ် လူစာရင်းအတွက် စစ်မှုထမ်းရန် ရောင်းစားခံခဲ့ရခြင်းဟု ဆိုသည်။ သို့သော် စစ်ကောင်စီ၏ မည်သည့်ဌာနနေရာသို့ ရောင်းစားခံရသည်ကို မသိရသေးပေ။

ရန်ကုန်မြို့တွင် ယခင်ဖြစ်စဉ်များအရ လူငယ်များအားဖမ်းဆီးပြီး စစ်မှုထမ်းစာရင်းဆင့်ခေါ်သည့် စစ်ကောင်စီ၏ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးများထံ ရောင်းစားလေ့ရှိသည်။

သားဖြစ်သူ ထက်ဝေယံနှင့် ဦးဝင်းထွန်းနိုင်၏သားဖြစ်သူ မောင်မိုးချစ်နောင်တို့သည် ဥပဒေနှင့် မညီသော လူတစ်စု၏ စစ်မှုအားဓမ္မထမ်းခိုင်းခြင်း၊အနိုင့်ထက်ပြု၍ ရောင်းစားခြင်း ကြုံတွေ့ခဲ့ရကြောင်း ဦးဌေးအောင်က ပြောသည်။

မောင်ထက်ဝေယံမှာ Grade-12 တက်ရန် ကျောင်းအပ်ရန် ရက်ပိုင်းမျှသာလိုတော့သည့်အတွက် သားဖြစ်သူအား ပြန်လည်ပေးပို့ရန် အနူးအညွတ်တောင်းပန်သည်ဟု ဦးဌေးအောင်က ဆိုသည်။

ရန်ကုန်မြို့အပါအဝင် စစ်ကောင်စီထိန်းချုပ်ရာဒေသများတွင် ပျူစောထီးနှင့် ရဲများ ပူးပေါင်း၍ လူငယ်၊လူလတ်ပိုင်းများ ပစ်မှတ်ထားကာ ဖမ်းဆီး ငွေညှစ်ခြင်း၊စစ်မှုထမ်းရန် ရောင်းစားနေမှု ဖြစ်စဥ်များ ရှိနေသည်။

စစ်ကောင်စီ၏ အဓမ္မစစ်မှုထမ်းဥပဒေပေါ်လာပြီးနောက်ပိုင်း လူမှုကွန်ရက်တွင် လူပျောက်ကြေညာချက်များ မကြာခဏ တွေ့ရသည်။

ထို့အပြင် စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံ အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းရန် မိသားစုကိုပါ ဖိအားပေးခြိမ်းခြောက်မှုကြောင့် လူငယ်အချို့မှာ အဆုံးစီရင်သည့် ဖြစ်စဥ်များလည်းရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းငလျင်ကြီးကြောင့် လူဦးရေထောင်နဲ့ချီသေဆုံးထိခိုက်မှုခံစားခဲ့ရတဲ့ မန္တလေးမြို့မှာ စစ်ကောင်စီက စစ်မှုထမ်းရန်ဆိုကာ နေအိမ်တွေအထိ ဝင်ရောက်ဖမ်းဆီးမှုတွေ ပြုလုပ်နေပါတယ်။

သတင်း

စစ်ကောင်စီအတွက် စစ်မှုထမ်းရန် လူသစ်စုဆောင်းနေသည့် တွံတေးမြို့နယ် ဘုရားကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးဖိုးဆေးသည် ဓားဖြင့်ခုတ်ခံရပြီး သေဆုံးသွားသည်။

သတင်း

မကွေးတိုင်း၊ မင်းလှနှင့် ငဖဲမြို့နယ်အတွင်း ရခိုင်ရိုးမတလျှောက်ရှိ တပ်စခန်းများအား စစ်ကောင်စီက အမှတ်(၉၉)ခြေမြန်တပ်မဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်းများနှင့် စစ်မှုထမ်းသင်တန်းဆင်းအများအပြားဖြင့် အင်အားဖြည့်တင်းနေပြီး ဒေသတွင်း၌ စစ်ရေးတင်းမာလာနိုင်သည့်အခြေအနေကို ကြိုတင်သတိပြုကြရန် အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတိပေးသည်။

ဆောင်းပါး

ဒီနှစ်ဟာ အာဏာရှင်လက်အောက်မှာ ၅ ကြိမ်မြောက် ကြုံရမယ့်သင်္ကြန်ကာလပါ။ ကိုဗစ်ရောဂါကာလတစ်နှစ်ကိုပါ ထည့်ပေါင်းရင် မြန်မာပြည်သူတွေ သင်္ကြန်စစ်စစ်ကို ဆုံးရှုံးခဲ့တာ ဒီနှစ်နဲ့ဆို ၆ နှစ် ရှိခဲ့ပါပြီ။

Facebook