close
Connect with us

Hi, what are you looking for?

သတင်း

ထိုင်းနယ်စပ်အနီးက စစ်ကောင်စီတပ်ရဲ့ မော်ဖားသူး စခန်းတိုက်ခိုက်ခံရ

ကရင်ပြည်နယ်၊ ဒေါနတောင်တန်းအရှေ့ခြမ်း ထိုင်းနယ်စပ် နားက စစ်ကောင်စီတပ်ရဲ့ လေးဝေါ် (မော်ဖားသူး) တပ်စခန်းကို KNU တပ်မဟာ (၇) နဲ့ ပူးပေါင်းတပ်က ဧပြီလ ၁၈ ရက်ညနေပိုင်းမှာ စတင်ပြီး တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ထိုင်းဘက်ဆီ ထွက်ပြေးတိမ်းရှောင်ရ တဲ့ မြန်မာပြည်သူတွေကိုတွေ့ရပုံ (ဓာတ်ပုံ - Khaosod)

ဧပြီ – ၁၉ ၊၂၀၂၅၊နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊ ဒေါနတောင်တန်းအရှေ့ခြမ်း ထိုင်းနယ်စပ် နားက စစ်ကောင်စီတပ်ရဲ့ လေးဝေါ် (မော်ဖားသူး) တပ်စခန်းကို KNU တပ်မဟာ (၇) နဲ့ ပူးပေါင်းတပ်က ဧပြီလ ၁၈ ရက်ညနေပိုင်းမှာ စတင်ပြီး တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

မြဝတီမြို့နယ် မြောက်ပိုင်းမှာ ရှိတဲ့ မော်ဖားသူး စခန်းဘက်က နေ တိုက်ပွဲဖြစ်ပွားသံတွေကို ထိုင်းဘက်ခြမ်းကပါ အတိုင်းသားကြားနေရတယ်လို့ နယ်စပ်သတင်းရင်းမြစ်ကလည်းပြောပါတယ်။

ဒီနေ့ ဧပြီ ၁၉ ရက်မှာလည်း ဖော်ဖားသူးစခန်းကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်တယ်လို့သိရပြီး နယ်စပ်အနီး တိုက်ပွဲတွေကြောင့် ထိုင်းစစ်တပ်ကလည်း နယ်စပ်တလျောက် လုံခြုံရေးကို တင်းကြပ်ထားတယ်လို့ ထိုင်းမီဒီယာအချို့ က ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲတွေနဲ့ စစ်ကောင်စီလေတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မြန်မာဘက်ခြမ်းက ကလေးတွေနဲ့အမျိုးသမီးတွေအပါအဝင် ဒေသခံ ၂၁၅ ဦးကို ထိုင်းဘက်ကိုထွက်ပြေးတိမ်းရှောင်လာကြတယ်လို့ Khaosod သတင်းဌာနက ဖော်ပြပါတယ်။

မော်ဖားသူးစခန်း တိုက်ပွဲနဲ့ ပတ်သက်ပြီး KNU ပြောရေးဆိုခွင့်ရှိသူတွေဆီ People’s Spring က ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း ကရင်ပြည်နယ် ၊လှိုင်းဘွဲ့မြို့နယ် ထဲက ထိုင်းနယ်စပ်အနီးဝန်းကျင်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ပူးလူးတူ စခန်းနဲ့ ခလယ့်ဒေးစခန်း တွေ ကို KNU တပ်မဟာ (၇) က သိမ်းယူထားပါတယ်။

လက်ရှိမှာ ဒေါနတောင်အရှေ့ဘက်ခြမ်း ၊မြဝတီမြို့နယ်ထဲမှာ မော်ဖားသူးစခန်းအပြင် မဲလ၊ မော်ဖိုးခီ့(မော်ဖိုးကေ)၊ တာလေဗျူဟာ၊ နော်တရာတောင်ထိပ်စခန်း စစ်ကောင်စီတပ်စခန်းတွေ ကျန်ရှိနေတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ၊မြစ်ကြီးနားမြို့ရှိမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)ကဝိုင်းမော်မြို့၊ မုတ်လွဲရွာကို စစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ခတ်မှုကြောင့်ဒေသခံများနေထိုင်သည့်အိမ်​ပေါ်သို့ကျရောက် ပေါက်ကွဲခဲ့ပြီး အရပ်သားနှစ်ဦးဒဏ်ရာရခဲ့သည်။

သတင်း

မြို့မကျောင်းဆရာတော်က ပြည်သူများထွက်ခွာခွင့်ပေးရန် စစ်ကောင်စီထံတောင်းဆိုသော်လည်းထွက်ခွင့်မ​ပေး

သတင်း

ကရင်ပြည်နယ်၊ ဒေါနတောင်တန်းအရှေ့ခြမ်း ထိုင်းနယ်စပ် နားက စစ်ကောင်စီတပ်ရဲ့ လေးဝေါ် (မော်ဖားသူး) တပ်စခန်းကို KNU တပ်မဟာ (၇) နဲ့ ပူးပေါင်းတပ်က ဒီနေ့ ဧပြီလ ၁၉ ရက်ညနေပိုင်းမှာ သိမ်းယူလိုက်နိုင်ပြီလို့ ကရင်စစ်ရေးသတင်းရင်းမြစ်ဆီကသိရပါတယ်။

သတင်း

တပ်မဟာ(၄)နယ်မြေ၌ ဗျူဟာစခန်းကို ပထမဆုံးသိမ်းပိုက်ခြင်းဖြစ်