close
Connect with us

Hi, what are you looking for?

သတင်း

ဖာပွန် က လယ်မူပလောတပ်စခန်းကို KNU ပိတ်ဆို့တိုက်ခိုက်နေ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ၊ လူသောမြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ လယ်မူပလောတပ်စခန်း ကို KNU တပ်မဟာ (၅) က ဝန်းရံပိတ်ဆို့ထားပြီး စတင်တိုက်ခိုက်နေပြီလို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောပါတယ်။

KNU တပ်ဖွဲ့ဝင်တွေကို တွေ့ရပုံ ( ပုံဟောင်း) ဓာတ်ပုံ - KNU

မေ – ၁၉ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ၊ လူသောမြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ လယ်မူပလောတပ်စခန်း ကို KNU တပ်မဟာ (၅) က ဝန်းရံပိတ်ဆို့ထားပြီး စတင်တိုက်ခိုက်နေပြီလို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောပါတယ်။

ဖာပွန်မြို့နယ် မြောက်ဘက် မှာရှိတဲ့ ဒေသအခေါ် ထော်မူပလဲမဲ စခန်း( လယ်မူပလော ) ကို KNU တပ်မဟာ (၅) ဦးဆောင်တဲ့ပူးပေါင်းတပ်က အခု မေလ ၁၀ ရက်က စတင်ပြီး ဝန်းရံပိတ်ဆို့ထားတာပါ။

လက်ရှိမှာတော့စခန်း ကို စနိုက်ပါ၊ဒရုန်း၊ လက်နက်ကြီးနဲ့ပစ်ခတ်နေတယ်လို့ ဗိုလ်မှုးကြီးစောကလယ်ဒိုက အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“တက်တိုက်တာတော့ မရှိသေးပါဘူး၊ သူပစ်တော့ အပြန်အလှန်ပေါ့နော်၊ ဟိုဘက်ကလည်းပစ်တယ် ၊ဒီဘက်ကလည်းပဲ ပစ်တာာပေါ့” လို့ ဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောပါတယ်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးမှု ကိုတော့ တိတိကျကျ မသိရသေးဘူးလို့ဗိုလ်မှုးကြီးစောကလယ်ဒိုက ဆိုပါတယ်။

KNU တပ်မဟာ (၅) စစ်ရေးလှုပ်ရှားရာနယ်မြေဖာပွန်ဒေသမှာရှိတဲ့ တပ်စခန်းကို ဝန်းရံပိတ်ဆို့ထားပြီး အပြန်အလှန်ပစ်ခတ်မှုတွေရှိသလို ၊စစ်ကောင်စီတပ် ကလည်း မြေပြင်မှာပိတ်ဆို့ခံရချိန် လေကြောင်းသုံးပြီး တိုက်ခိုက်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်း ဖာပွန်ခရိုင်ထဲမှာ KNU တပ်မဟာ (၅) နဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲပေါင်း ၁၄၀ ခန့် ဖြစ်ပွားခဲ့တယ်လို့ KNU ရဲ့စာရင်းတွေအရသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသား အစည်းအရုံး(KNU)၊တပ်မဟာ(၁)နယ်မြေကို စစ်ကောင်စီက စစ်အင်အားအများအပြားဖြင့်စစ်​ကြောင်းထိုးလာ​သဖြင့် တပ်မဟာ(၁)နယ်မြေ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဒေသခံ သောင်းချီ စစ်ရှောင်နေကြရကြောင်း KNU တပ်မဟာ(၁)တာဝန်ရှိသူက ပြောသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟို၏ နိုင်ငံရေး စစ်ရေး အကြံပေး ဗိုလ်မှူးကြီး ထူးထူးလေးသည် မေလ ၁၇ရက် တွင် ကွယ်လွန်သွားသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဖားအံ(ဘားအံ)ခရိုင် တပ်မဟာ(၇)နယ်မြေရှိ စစ်ကောင်စီ၏ မော်ကွီးလုတပ်စခန်းကို ယနေ့(မေလ ၁၆ရက်) နံနက်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီက လူငယ်၊လူရွယ်များကို အဓမ္မစစ်သားစုဆောင်းပြီး စစ်မြေပြင်ပို့ဆောင်နေ၍ အဆိုပါ တပ်သားများအနေဖြင့် တော်လှန်ရေးနယ်မြေရောက်ပါက စစ်ကောင်စီကို စွန့်ခွာထွက်ပြေးကြရန် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက တိုက်တွန်းသည်။