close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို ILO​၏ ပုဒ်မ(၃၃)အရ အရေးယူနိုင်ရေး နိုင်ငံတကာက ထောက်ခံမဲပေးရန် ဖားကန့်ဒေသခံများ ဆန္ဒပြတောင်းဆို

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် သပိတ် အင်အားစုများစုပေါင်း၍ စစ်ကောင်စီတပ်ကို ILO ​၏ ပုဒ်မ(၃၃)အရ အရေးယူနိုင်ရေး နိုင်ငံတကာက ထောက်ခံမဲပေးကြရန်တောင်းဆိုသည့် လှုပ်ရှားမှုကို ယနေ့ (မေလ ၁၉) ပြုလုပ်ခဲ့ကြသည်။

ဓာတ်ပုံ -စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုကွန်ရက်-ဖားကန့်မြို့နယ်

မေ ၁၈၊၂၀၂၅။ သုည/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် သပိတ် အင်အားစုများစုပေါင်း၍ စစ်ကောင်စီတပ်ကို ILO ​၏ ပုဒ်မ(၃၃)အရ အရေးယူနိုင်ရေး နိုင်ငံတကာက ထောက်ခံမဲပေးကြရန်တောင်းဆိုသည့် လှုပ်ရှားမှုကို ယနေ့ (မေလ ၁၉) ပြုလုပ်ခဲ့ကြသည်။

ယင်းဆန္ဒပြခြင်းကို ဖားကန့်မှော်လှည့်သပိတ်က ဦးဆောင်ပြီး “Vote ILO Article 33 to Save Lives” စာတန်းကိုင်ဆောင်က ILO Delegate (ကိုယ်စားလှယ်များ)အနေဖြင့် စစ်ကောင်စီကို ပုဒ်မ(၃၃)ဖြင့် အရေးယူရေး ထောက်ခံမဲပေးကြရန် နိုင်ငံတကာ ကိုယ်စားလှယ်များကို ဖားကန့်ပြည်သူများက တောင်းဆိုခဲ့ကြသည်။

ILOညီလာခံ ILCကို ဇွန်လ ၂ရက်မှ ၁၃ရက်အထိ ဆွစ်ဇလန်နိုင်ငံ၊ ဂျနီဗာမြို့ရှိ ILOရုံးချုပ်တွင် ကျင်းပမည် ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ