■မန္တလေးမြို့မှ ပြည်သူများ လမ်းများပေါ်သို့ထွက်ပြေးရ
မန္တလေးတိုင်း၊ကျောက်ဆည်မြို့အနောက်တောင်ဘက် ၂၁ ကီလိုမီတာ(၁၃ မိုင်ကျော်)အကွာကိုဗဟိုပြု၍ မေလ ၁၇ ရက်ည ၁၀နာရီ ၂၅ မိနစ်တွင်ရစ်ချ်တာစကေး ၅.၂ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသည့် နောက်ဆက်တွဲမြေငလျင်လှုပ်ခတ်ရာ မန္တလေးမြို့တွင်သိသိသာသာခံစားခဲ့ရပြီး ပြည်သူများလမ်းပေါ်ထွက်ပြေးခဲ့ကြရသည်။
စစ်ကိုင်းငလျင်ကြီး၏ နောက်ဆက်တွဲငလျင်ငယ်များ ငလျင်ကြီးလှုပ်ပြီး တစ်လခွဲကျော်ကြာသည့်တိုင်မကြာခဏလှုပ်ရှားနေခြင်းဖြစ်သည်။

Public Service Announcement
ယနေ့ည လှုပ်ခတ်သောမြေငလျင်မှာ အမေရီကန်မြေငလျင်တိုင်းတာရေးဌာန-USGS ၏ ထုတ်ပြန်ချက်အရမြေအောက်အနက် ၁၀ ကီလိုမီတာ(၆ မိုင်)ကျော်အကွာကိုဗဟိုပြုလှုပ်ခတ်သောဇောက်တိမ်ငလျင်ဖြစ်၍ ငလျင်လှုပ်ခတ်သည်ကို အနီးဝန်းကျင်ဒေသမှပြည်သူများသိသိသာသာ ခံစားခဲ့ကြရသည်။
အင်အားအသင့်အတင့်ရှိငလျင်လှုပ်ခတ်ပြီးနောက် မန္တလေးမြို့မှပြည်သူများမှာစိုးရိမ်၍ လမ်းပေါ်ထွက်ပြေးလာကြပြီး အချိန်အတန်ကြာ ငလျင်ထပ်လှုပ်၊မလှုပ်ကိုစောင့်ကြည့်ခဲ့ကြသည်။
မတ်လ၂၈ ရက်တွင်လှုပ်ခတ်ခဲ့သောစစ်ကိုင်းငလျင်ကြီးကြောင့် မန္တလေးမြို့တွင် ပြည်သူထောင်ချီသေဆုံးခဲ့ပြီး နေအိမ်အဆောက်အအုံများစွာပြိုကျပျက်စီးခဲ့သည်။မန္တလေးမြို့တွင် ငလျင်ကြီးလှုပ်ပြီး တစ်လခွဲကျော်ကြာသည့်တိုင်ငလျင်ကြောင့်အပျက်အစီးများကို ပြီးစီးအောင်မရှင်းလင်းနိုင်သေးပေ။
