မေ-၁၇၊၂၀၂၅။People’s Spring
တိုက်ပွဲတွေကြောင့်ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင် နေရတဲ့မြန်မာစစ်ဘေးရှောင် ၅၁၀ ကို နယ်စပ်မှာတိုက်ပွဲတွေ ငြိမ်သက်သွားပြီးမို့ ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေက မေလ ၁၇ ရက်နေ့မှာနေရပ်ပြန်နိုင်အောင် စီစဉ်ပေးခဲ့ပါတယ်။
တက်ခ်ပြည်နယ်၊ သာဆောင်ယန်းခရိုင်ထဲက မယ်အုတ်ဖာရူ နဲ့ မယ်လ နယ်ခြားဂိတ်တွေကနေတဆင့် မြန်မာ စစ်ရှောင်တွေကို ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း ထိုင်းအရာရှိတွေက ပြောပါတယ်။
ထိုင်းနယ်စပ်ရဲ့ တစ်ဖက်ခြမ်း မြန်မာဖက်မှာ KNLA နဲ့ပူးပေါင်းတပ်တွေရဲ့ စစ်တပ်စခန်းသိမ်း တိုက်ပွဲတွေဟာ စစ်စခန်းအများစုကိုသိမ်းပိုက်ပြီးသွားတဲ့နောက် အရှိန်လျော့သွားတဲ့အတွက်မြန်မာ စစ်ရှောင်တွေကို ပြန်ပို့ခဲ့တာလို့ သိပါတယ်။

Public Service Announcement
ထိုင်းသတင်းဌာန Khaosodကတော့ ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေက စစ်ဘေးရှောင်တွေရဲ့အထုပ်တွေကို ကူညီသယ်ဆောင်ပေးပြီး သောင်းရင်းမြစ်ဆိပ်ကို လိုက်ပို့ပေးကြပါတယ်။စစ်ရှောင်ပြည်သူတွေ နဲ့ ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေ အပြန်အလှန် ရင်းရင်းနှီးနှီး နှုတ်ဆက်ကြတာကို ရုပ်သံမှတ်တမ်း နဲ့ သတင်းဓါတ်ပုံတွေမှာတွေ့ရပါတယ်။
အဲဒီလို ပြန်ပို့ခဲ့တဲ့နောက်ပိုင်း လောလောဆယ်တက်ခ်ခရိုင်ထဲမှာ မြန်မာစစ်ရှောင်တွေ မရှိတော့ဘူးလို့လည်း Khaosodက ဖော်ပြထားခဲ့ပါတယ်။
