close
Connect with us

Hi, what are you looking for?

သတင်း

၉/အညာ မြေစစ်ဆင်ရေး တိုက်ပွဲပြင်းထန်နေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်မှာပြုလုပ်နေတဲ့ ၉/အညာမြေစစ်ဆင်ရေးဟာ ဒီနေ့ တောင်သာမြို့ နယ်၊ ထနောင်းကုန်းပျူစောထီးရွာနဲ့ နွားထိုးကြီးမြို့နယ်၊ ဝက်လူးရွာတွေမှာ တိုက်ပွဲတွေ ဆက် လက်ပြင်းထန်နေပြီး စစ်ကောင်စီက လေ ကြောင်းတိုက်ခိုက်မှု တွေတရစပ်ပြုလုပ် နေတယ်လို့ ‌‌‌‌‌‌‌‌‌‌ဒေသခံတွေနဲ့ တော်လှန်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။

မြင်းခြံ နဲ့ နွားထိုးကြီးမြို့နယ် က PDFများ(ပုံ​ဟောင်းများသာဖြစ်ပါတယ်) ။ဓါတ်ပုံ-မြင်းခြံPDF ၊ နွားထိုးကြီး PDF

မေ-၁၈၊၂၀၂၅။ရှိန်း၊​ကျော​​ဇော/ People’s Spring

မန္တလေးတိုင်း၊ မြင်းခြံခရိုင်မှာပြုလုပ်နေတဲ့ ၉/အညာမြေစစ်ဆင်ရေးဟာ ဒီနေ့ တောင်သာမြို့ နယ်၊ ထနောင်းကုန်းပျူစောထီးရွာနဲ့ နွားထိုးကြီးမြို့နယ်၊ ဝက်လူးရွာတွေမှာ တိုက်ပွဲတွေ ဆက် လက်ပြင်းထန်နေပြီး စစ်ကောင်စီက လေ ကြောင်းတိုက်ခိုက်မှု တွေတရစပ်ပြုလုပ် နေတယ်လို့ ‌‌‌‌‌‌‌‌‌‌ဒေသခံတွေနဲ့ တော်လှန်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။

မေလ ၁၅ ရက်နေ့က စတင်ခဲ့တဲ့ ၉/အညာမြေစစ် ဆင်ရေးမှာ မြင်းခြံ၊တောင်သာ၊ နွားထိုးကြီးမြို့နယ်က စစ်ကောင်စီစခန်းတွေကို တော်လှန် ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ခိုက်မှုတွေထဲမှာ မြင်းခြံမြို့အထွက်က ကျောက်ပြုတ်ရွာ၊ ဆီမီးခုံ၊ နွားထိုးကြီးမြို့နယ်က မြန်မာ-တရုတ်ဓာတ်ငွေ့ပိုက်လိုင်းအ‌စောင့်စခန်း၊ ဝက်လူးရဲစခန်း၊ တောင်သာမြို့နယ်က စစ်တပ်နဲ့ပျူ​စောထီးပူး​ပေါင်းတပ်ထိုင်​နေတဲ့ ထနောင်းကုန်းရွာတို့ကို တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ​မေလ ၁၇ ရက်​နေ့အထိ တိုက်ပွဲတွေပြင်းထန် နေပါတယ်။

Public Service Announcement

Public Service Announcement

“မိတ္ထီလာ၊တံတားဦးဘက်ကနေ Y-12 တွေ၊ဂျက်ဖိုက်တာ တွေနဲ့ ဆက်တိုက်လာနေတာ။နွားထိုးကြီး မြို့နယ်ကို လည်းဝဲတယ်။ ချတာက တော့ တောင်သာကို တချိန်လုံးသွားချနေတာ”လို့ ဒေ သခံတဦး ကပြောပါတယ်။

ဒီစစ်ဆင်ရေးမှာ စစ်တပ်ရဲ့ လေကြောင်းတိုက် ခိုက်မှု ကြောင့် မြင်းခြံခရိုင်တပ်ရင်း တွေထဲက ရဲဘော် တချို့ကျဆုံးခဲ့တယ်လို့သိရပါတယ်။

“ဝက်လူးစခန်းအခြေအနေက ကိုယ့်ဘက်က စစ်ရေးအသာစီးနဲ့ တိုက်ခိုက်နိုင်တဲ့အခြေအနေလို့တော့ ပြောလို့ရပါတယ်”လို့ တော်လှန်ရေးသ တင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

လက်ရှိမှာ မြင်းခြံမြို့အထွက်က ကျောက်ပြုတ်ရွာစစ်တပ်အထိုင်စခန်းနဲ့ ဆီမီးခုံမြို့က စစ်တပ်စခန်းတွေမှာလည်း စစ်​ရေးတင်းမာ​နေတယ်လို့သိရပါတယ်။

လက်ရှိအခြေအနေမှာ ၉/အညာမြေ စစ်ဆင်ရေးရဲ့ နှစ်ဘက်တိုက်ပွဲရလဒ်တွေကို အပြည့်အစုံမသိရသေးဘဲ စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူအကြိမ်ကြိမ်ပြုလုပ်နေသလို တိုက်ပွဲတွေလည်း ပြင်းထန်နေဆဲပဲလို့ ဒေသခံတွေနဲ့ တော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီစစ်ဆင်ရေးမှာ ပါဝင်နေကြတဲ့တပ်ရင်း တွေဟာ တိုက်ပွဲပြင်းထန်တာမို့ လက်နက်ခဲယမ်းအသုံးပြုရမှုများပြားနေတာ​ကြောင့် နီးစပ်ရာတပ်တွေကို ကူညီကြဖို့လည်းတော်လှန်ရေးတပ်တွေက နှိုးဆော်ထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေ ကြီးစိုးနေတဲ့ မြင်းခြံမြို့ပေါ်မှာ ဓါးပြတိုက်မှုဖြစ်ပွားပြီး နှစ်ဦးကိုဖမ်းမိထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နဲ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့က စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေကို တော်လှန်ရေးအဖွဲ့တွေ တိုက်ခိုက်ရာ ထိခိုက်မှုရှိတယ်လို့ အဲဒီတော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲက တူးရွင်းဘို့ ကျေးရွာကို မနေ့ ဖေဖော်ဝါရီလ ၁၇ ညပိုင်းလေတပ်ကနေ ဗုံးကြဲ တိုက်ခိုက်တာကြောင့် အရပ်သား ၄ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

သတင်း

သစ်ရုံကျေးရွာကို မြင်းခြံအခြေစိုက် အမှတ် (၁၅) ခြေမြန်တပ်ရင်းနဲ့ ဒေါ်သီတာယုမွန်ဦးစီးတဲ့ ပျုစောထီးတပ်တွေ ဝင်ရောက် စီးနင်းတာလို့သိရပါတယ်။