close
Connect with us

Hi, what are you looking for?

သတင်း

ထိုင်းနယ်စပ်က မယ်လစခန်းကို တစ်ရက်အတွင်း KNU သိမ်းယူ

ထိုင်းနယ်စပ်အနီးမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ မယ်လစခန်းကို တစ်ရက်တာတိုက်ပြီး ဒီနေ့ (မေလ ၁၆ ရက်) မနက်ပိုင်းမှာ KNU နဲ့ ပူးပေါင်းတပ်က အပြီးသတ်ရှင်းလင်း သိမ်းယူလိုက်ပြီလို့ ကရင်စစ်ရေးသတင်းရင်းမြစ်ထံကသိရပါတယ်။

ဓာတ်ပုံ - Google Earth ၊ Addy Chaiyadech/FB

မေ – ၁၆ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

ထိုင်းနယ်စပ်အနီးမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ မယ်လစခန်းကို တစ်ရက်တာတိုက်ပြီး ဒီနေ့ (မေလ ၁၆ ရက်) မနက်ပိုင်းမှာ KNU နဲ့ ပူးပေါင်းတပ်က အပြီးသတ်ရှင်းလင်း သိမ်းယူလိုက်ပြီလို့ ကရင်စစ်ရေးသတင်းရင်းမြစ်ထံကသိရပါတယ်။

မယ်လစခန်းကို ဒီမနက်ပိုင်း မြန်မာစံတော်ချိန် မနက် ၅ နာရီခွဲဝန်းကျင်မှာ အပြီးသတ် သိမ်းယူလိုက်နိုင်တာလို့ သတင်းရင်းမြစ်က ပြောပါတယ်။

မယ်လစခန်း​ (​မော်ကွီးလူ) စခန်းဟာ KNU တပ်မဟာ (၇ ) စစ်ရေးလှုပ်ရှားရာနယ်မြေထဲမှာရှိပြီး ထိုင်းနယ်စပ်အနီး လှိုင်းဘွဲ့မြို့နယ် ၊ ဝေလယ်မူး (မယ်လ) ရွာ အနောက်ဘက်မှာ တည်ရှိတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစခန်းကို မနေ့ (မေလ ၁၅ ရက် ) မနက်ပိုင်း ၄ နာရီခွဲအချိန်မှာ KNU တပ်မဟာ (၇) က ဒရုန်းတွေ သုံးပြီး စတင်တိုက်ခိုက်တာပါ။

စတင်တိုက်ခိုက်တဲ့နေ့ ညပိုင်းမှာ ပဲ မယ်လစခန်းမှာရှိတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ တိုက်ခိုက်မှု ဒဏ်ကိုမခံနိုင်တော့ဘဲ စခန်းရဲ့တောင်ဘက်ကို ဆုတ်ခွာ ထွက်ပြေးသွားရတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စခန်းကိုအပြီးသတ်ရလိုက်တဲ့ ဒီနေ့ မနက်ပိုင်းမှာတော့ စစ်ကောင်စီလေတပ်က ဗုံးကြဲ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း ထိုင်းနယ်စပ်အနီး က တာလယ်ဗျုဟာကိုသိမ်းပြီးနောက်မှာ မယ်လစခန်းကိုဆက်လက်သိမ်းယူဖို့ KNU က တိုက်ခိုက်ခဲ့တာပါ။

ဝေလယ်မူး(မယ်လ)အနီး ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် မယ်လအပါအဝင် အနီးအနားကျေးရွာက ဒေသခံပြည်သူ ၄၀၀ ကျော် ထိုင်းဘက်ခြမ်းဆီ ထွက်ပြေးလာကြတယ်လို့ ထိုင်းသတင်းရင်းမြစ်ကလည်းအသိပေးပါတယ်။

လှိုင်းဘွဲ့မြို့နယ် ၊ ပိုင်ကျုံမြို့ ၊ ဒေါနတောင်တန်းအရှေ့ခြမ်း ထိုင်းနယ်စပ်တလျောက်က စစ်ကောင်စီတပ်စခန်းတွေထဲ ပူးလူတူ၊ ခလယ်ဒေး၊ တခေါဘီခီး၊ မော်ဖားသူးစခန်း ၊ တာလယ်ဗျူဟာ နဲ့ မယ်လစခန်းကိုပါ အခုနှစ်အတွင်း KNU တပ်မဟာ (၇) ကသိမ်းယူပြီးဖြစ်ပါတယ်။

လက်ရှိမှာတော့ မော်ဖိုးခီ့(မော်ဖိုးကေ)စခန်း နဲ့ နော်တရာစခန်းတို့ ကျန်ရှိနေပါတယ်။ လက်ကျန်စခန်းတွေကိုလည်း KNU က ဆက်လက်တိုက်ခိုက်ဖို့ ရှိနေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က အသိပေးပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ ကျန်ရှိတဲ့ တပ်စခန်းတွေ မကျဖို့ မြေပြင်ကနေ စစ်ကူစေလွှတ်နိုင်စွမ်းမရှိတော့ဘဲ လေကြောင်း ပစ်ကူကိုသာအားပြုနေရတယ်လို့လည်းသတင်းရင်းမြစ်က ပြောပါတယ်။

ထိုင်း – မြန်မာနယ်စပ်မှာ နေရာယူ တပ်စွဲထားတဲ့ မဆုတ်တမ်း ခံစစ်စခန်းတွေ ၊ ခြေကုပ်စခန်းတွေ ဆက်တိုက် ဆုံးရှုံးနေတာနဲ့ပတ်သက်ပြီး စစ်ကောင်စီကတော့ သတင်းအမှောင်ချထားပါတယ်။

နယ်စပ်အနီးဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် ထိုင်းစစ်တပ်ကလည်း နယ်စပ်မျဉ်းတလျောက် တပ်ဖြန့်ပြီး မြန်မာဘက်ခြမ်းက အခြေအနေတွေကိုအနီးကပ်စောင့်ကြည့်နေတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်အးရုံး(KNU) ဖားအံ(ဘားအံ)ခရိုင် လှိုင်းဘွဲ့မြို့နယ် တပ်မဟာ(၇) နယ်မြေအတွင်းနှစ်ပေါင်း ၄၀နီးပါးတပ်စွဲထားသည့် စစ်ကောင်စီ၏ တာလယ်ဗျူဟာစခန်းကို သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း KNU ဗဟိုက ယနေ့ (မေလ ၁၅ရက်) ထုတ်ပြန်သည်။

သတင်း

ထိုင်းနယ်စပ်အနီးမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ မယ်လစခန်းကို ဒီနေ့ (မေလ ၁၅ ရက် ) မနက်အစောပိုင်းမှာ KNU က စတင်တိုက်ခိုက်နေပြီလို့ ကရင် စစ်ရေးသတင်းရင်းမြစ်ထံကသိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ရွှေကျင်မြို့နယ်ကို စစ်ကောင်စီက ဂျက်ဖိုက်တာ၊ Y12 လေယာဉ်တို့ဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့၍ ဒေသခံပြည်သူ ၁,၇၀၀ကျော်မှာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

သတင်း

ကရင်ပြည်နယ် ၊ လှိုင်းဘွဲ့မြို့နယ် ၊ ဒေါနတောင်တန်း အရှေ့ခြမ်း ၊ နော်တရာတောင်ခြေမှာရှိတဲ့ တာလယ်ဗျုဟာစခန်းကို KNU က စတင်တိုက်ခိုက်ပြီး ၄ ရက်မြောက် ဒီနေ့ (မေလ ၁၃ ရက် )မှာ သိမ်းယူလိုက်ပြီလို့ ကရင်စစ်ရေးသတင်း ရင်း မြစ်ထံကသိရပါတယ်။