အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် ပြည်ပရောက်မြန်မာများစုပေါင်း၍ မြန်မာစစ်တပ်ကို ကူညီနေသည့် တရုတ်အစိုးရအား ဆန့်ကျင်သည့်ဆန္ဒပြပွဲကို ယနေ့ (မေလ ၁၈)ပြုလုပ်ခဲ့သည်။
အဆိုပါဆန္ဒထုတ်ဖော်ပွဲကို Free Burma Action Committee-Northern Californiaက ဦးဆောင်၍ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ဆန္ဒပြသူများက “Chinas Policy Burmas Mystery!”၊ “မြန်မာ့အချုပ်အခြာကို ထိပါးလာသော တရုတ်ကွန်မြူနစ်အစိုးရအား နည်းမျိုးစုံနဲ့ မောင်းထုတ်ကြ” ၊ “မြန်မာပြည်သူများဆန္ဒကို အလေးထားပါ” ၊ “ဖက်ဆစ်ရာဇဝတ်ကောင်များအား ထောက်ခံပံ့ပိုးနေခြင်းကို ရပ်တန်းကရပ်ပါ” စသည့်စာသားများ ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့သည်။

Public Service Announcement
ထို့အပြင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာရှိ စာသင်ကျောင်းကို စစ် ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကြွေလွင့်သွားသော ကျောင်သားကလေးငယ်များနှင့် ဆရာမများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်ခဲ့ပြီး စစ်ကောင်စီ၏ ပြည်သူများ၊ စာသင်ကျောင်းများအား အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခြင်းအပေါ် နိုင်ငံတကာမှ အရေးယူပေးရန်လည်း တောင်းဆိုခဲ့ကြသည်။
ဓာတ်ပုံ – Free Burma Action Committee
