မေ – ၁၅ ၊ ၂၀၂၅ ၊ဆိုင်းမင်း/People’s Spring
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ထဲမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ် တွေကြားတိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်မှုရှိတယ်လို့ သိရပါတယ်။
နွားထိုးကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်စွဲရာစခန်းတွေကို တော်လှန် ရေးတပ်တွေက ဒီနေ့ (မေလ ၁၅ ရက်) မနက်ပိုင်းက စတင် တိုက်ခိုက်တာပါ။
” ဒီနေ့က နေရာအစုံမှာဖြစ်နေတာ၊ အခုထိပဲ ” လို့ မြင်းခြံခရိုင် အခြေစိုက် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဒီနေ့ နေ့လယ်က ပြောပါတယ်။

Public Service Announcement
မြေပြင်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ရေးအရ အသာစီးရလာချိန်မှာစစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူ သုံးလာတယ်လို့လည်း အဲဒီတပ်ဖွဲ့ဝင်က ဆိုပါတယ်။
စစ်ကောင်စီလေတပ်က ဂျက်တိုက်လေယာဉ် ၊ တိုက်ခိုက်ရေးရဟတ်ယာဉ် အပြင် အပေါ့စားထောက်ပို့လေယာဉ် Y -12 တို့ကိုပါ သုံးပြီး တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။
တိုက်ပွဲတွေမှာ နွားထိုးကြီးမြို့ပေါ်တဝိုက်အပြင် ဝက်လူးကျေးရွာရဲစခန်း ၊ ဆီမီးခုံ ၊ နဘူးအိုင် ၊ ကန်ပေါက် ၊ ထိန်ပင် ၊ကျောက်ပြုတ်စတဲ့ ကျေးရွာတွေမှာ ပြင်းထန်နေတာလို့ မြင်းခြံခရိုင် အခြေစိုက် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်က အသိပေးပါတယ်။
မနေ့ညပိုင်းက မြင်းခြံမြို့နယ်၊ ကန်ပေါက်ကျေးရွာ ဘုန်းကြီး ကျောင်းကို လေကြောင်းတိုက််ခိုက်ခံရပြီး ကိုရင် ၂ ပါးထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။
ဒါအပြင် ဒီနေ့ မနက်အစောပိုင်း ၁ နာရီ ၁၀မိနစ် ကလည်း မြင်းခြံမြို့နယ် ၊ ထိန်ရွာ အနောက်ခြမ်းကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာရှိပါတယ်။
