မေ ၁၄၊ ၂၀၂၅။ ကျော်ဇော/People’s Spring
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ နယ်ထိန်းရဲတစ်ဦး အရပ်ဝတ်ဖြင့် စခန်းအပြင်ထွက်လာစဥ် ပစ်ခတ်ခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၄) မြေအောက်ပြောက်ကျား တပ်ဖွဲ့အုတ်ဖိုမှ တပ်ခွဲမှူးရဲဘော်ဓေဝက လူထုနွေဦးသို့ ပြောသည်။
ယမန်နေ့(မေလ ၁၃ရက်)နံနက် ၁၀နာရီခန့်က ကြို့ပင်ကောက်မြို့နယ်၊ မြို့တွင်းကျေးရွာအုပ်စု၊ အလယ်ကုန်းရွာနယ်မြေရဲစခန်းမှ နယ်ထိန်းမာန်ဟိန်းဆိုသူသည် ဆိုင်ကယ်ဖြင့် မြို့ပေါ်သို့လာရောက်စဥ် လမ်းမှစောင့်ကြို ပစ်ခတ်ခဲ့ခြင်းဟု ၎င်းက ပြောသည်။
အဆိုပါ ရဲနယ်ထိန်းမာန်ဟိန်းအား အလယ်ကုန်းကျေးရွာ အနောက်ဘက်လမ်းမပေါ်၌ ပစ်ခတ်ခဲ့ရာ လမ်းအနီးနေအိမ်အတွင်းဝင်ပြေးသောကြောင့် ၎င်းနေအိမ်အတွင်းသို့ဝင်ရောက်ကာ မြေအောက်ပြောက်ကျားတပ်ဖွဲ့အုတ်ဖိုမှ ရဲဘော်များက အနီးကပ်သေနတ်ဖြင့် တစ်ချက်ပစ်ခတ်ခဲ့ပြီး ဦးခေါင်းကျည်ထိမှန်ကာ နေရာတွင်သေဆုံးသွားခြင်းဖြစ်ကြောင်း ရဲဘော်ဓေဝက ပြောသည်။

Public Service Announcement
“သတင်းရလို့ မြို့ဘက်က စောင့်နေခဲ့တာပါ။ မနေ့(မေလ ၁၃ရက်)က မနက် ၁၀နာရီ ၆မိနစ်မှာ ရှင်းလင်းခဲ့တာပါ။ ပစ်ခတ်ခဲ့တဲ့နေရာက မြို့နဲ့ တစ်မိုင်ခန့်ဝေးပါတယ်”ဟု ၎င်းက လူထုနွေဦးသို့ ပြောသည်။
ရဲနယ်ထိန်းမာန်ဟိန်းသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က စစ်ဆေးရေးဂိတ်တစ်ခု၌ တာဝန်ကျစဥ် ဆိုင်ကယ်ရပ်မပေး၍ဟူ သောအကြောင်းပြချက်ဖြင့် ဒေသခံပြည်သူနှစ်ဦးကို ပစ်သတ်ခဲ့သူများအနက် တစ်ဦးအပါအဝင်ဖြစ်ကြောင်း မြေ အောက်ပြောက်ကျားတပ်ဖွဲ့အုတ်ဖိုက အသိပေးသည်။
ထို့အပြင် ခရီးသွားပြည်သူများ၏ ဆိုင်ကယ်များကို တားဆီးစစ်ဆေးငွေညှစ်ခြင်း၊ ဖမ်းဆီးခြင်း၊ ပြည်သူများအား ပေါ်တာဆွဲဖမ်းဆီးခြင်းနှင့် အကြောင်းအမျိုးမျိုးပြကာ ပြည်သူများအား ခြိမ်းခြောက်ငေညှစ်ခြင်းများ လုပ်ဆောင်နေသူဖြစ်ပြီး တက်ကြွလှုပ်ရှားသူများနှင့် တော်လှန် ရေးရဲဘော်များ၏ အချက်အလက်များကို လိုက် လံသတင်းစုဆောင်းနေသူဖြစ်ကြောင်း မြေ အောက်ပြောက်ကျားတပ်ဖွဲ့အုတ်ဖိုက ထုတ် ပြန်သည်။
ရဲနယ်ထိန်းထံမှ G3အမျိုးအစားသေနတ်ကျည်အချို့ သိမ်းဆည်းရရှိခဲ့ကြောင်း အဆိုပါပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
မေလ ၆ရက်ကလည်း ကြို့ပင်ကောင်မြို့နယ်နှင့် နယ်မြေခြင်းထိစပ်နေသည့် အုတ်ဖိုမြို့နယ်၊ ထူးကုန်းကျေးရွာအုပ်စုမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး လှအောင်ဆိုသူကို လူငယ်များအား အတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးရာတွင် ပါဝင်နေသည်ဆိုကာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ(၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့အုတ်ဖိုမှ ပစ်ခတ်ရှင်းလင်းခဲ့သေးသည်။
