မေ ၉၊ ၂၀၂၅။မေ/People’s Spring
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က ဆူးလေကုန်းကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ နေအိမ်၂၀ခန့် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေလ၉ရက် ဒီနေ့ ညနေ ၄နာရီကျော်မှာ ဂျက်ဖိုက်တာ၂စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

” ပေါင်၂၀၀ဗုံး သုံးလုံးကြဲသွားတယ်။နေအိမ်ပျက်စီးမှုက တော့အလုံး၂၀ လောက်ရှိမယ်။လူထိခိုက်မှုတော့ မရှိဘူး”လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement
တိုက်ပွဲနဲ့ စစ်ရေးလှုပ်ရှားမှုမရှိဘဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ၂၅ရက်ကလည်း ဆူးလေကုန်းကျေးရွာကို စစ်ကောင်စီတပ်က ပါရာမော်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသား၂ဦး သေဆုံးပြီး အမျိုးသမီး၁ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါသေးတယ်။
ဧပြီလပထမအပတ်ထဲကစတင်ကာ ကနီမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာတွေပြုလုပ်နေပြီး သံဃာတော်ါတွေအပါအဝင် ပြည်သူ ၅ဦးထပ်မနည်း သေဆုံးခဲ့ပါသေးတယ်။
