close
Connect with us

Hi, what are you looking for?

သတင်း

နမခကို စစ်ကောင်စီအင်အားဖြည့်နေ၊ ကနီကို ဗုံးကြဲ

မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ယနေ့ နေ့လယ်ပိုင်း၌ စစ်ကောင်စီက ရဟတ်ယာဉ်များဖြင့် အင်အားဖြည့်နေပြီး ကနီမြို့ကိုလည်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်သွားသည်။

ဓာတ်ပုံ - Zayar Times

မေ ၉၊ ၂၀၂၅။ ကဖေး/People’s Spring

မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ယနေ့ နေ့လယ်ပိုင်း၌ စစ်ကောင်စီက ရဟတ်ယာဉ်များဖြင့် အင်အားဖြည့်နေပြီး ကနီမြို့ကိုလည်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်သွားသည်။

“ရဟတ်ယာဉ်တွေ ခဏခဏဆင်းတယ်။ လူအင်အားဖြည့်နေတယ်။ ရှေ့လျှောက်ပြီး အခြေအနေတွေက တော်တော်ကို သတိထားနေကြရမယ့်အဖြစ်ပဲ။ အထူးသဖြင့် အရပ်သားတွေ စိုးရိမ်နေကြတယ်”ဟု မုံရွာမြို့ခံတစ်ဦးကပြောသည်။

စစ်ကောင်စီသည် နမခကို အင်အားဖြည့်တင်းနေသလို ယနေ့ညနေလေးနာရီခန့်တွင် ကနီမြို့နယ် ဆူးလေကုန်းကျေးရွာကို ဂျက်ဖိုက်တာ နှစ်စီးဖြင့် ပစ်သွားကြောင်း ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

“နေကပူရတဲ့အထဲ ဗုံးခိုကျင်းမှာပဲနေရတယ်။ ဒီနေ့ညနေပစ်တာဆိုရင် ဂျက်ဖိုက်တာနှစ်စီးနဲ့ပစ်တာ။ တိုက်ပွဲမဖြစ်ဘဲနဲ့ အယုတ်တမာစစ်တပ်က ပစ်တာ”ဟု ကနီမြို့ခံအမျိုးသမီးတစ်ဦးကပြောသည်။

လေကြောင်းဗုံးကြဲမှုကြောင့် ထိခိုက်မှုကို မသိရှိရသေးပေ။ စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင်း မြို့နယ်အချို့ကို လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေပြီး မေလဆန်းမှစ၍ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်တို့ကို လေကြောင်းမှ ဗုံးကြဲ၍ အရပ်သားထိခိုက်သေဆုံးမှုများရှိခဲ့သည်။

စစ်ကောင်စီသည် မတ်လ ၂၈ရက်က ငလျင်ကို အကြောင်းပြ၍ မေလ ၆ရက်မှ မေလ ၃၁အထိအပစ်အခတ်ရပ်စဲကြောင်း ထပ်မံထုတ်ပြန်ခဲ့သည်။ အဆိုပါအပစ်ရပ်ကာလမတိုင်ခင် ဧပြီ ၂ရက်မှ ဧပြီကုန် အထိလည်း စစ်ကောင်စီက အပစ်ရပ်ကြေညာခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ခဲ့သည်။ ထို့အပြင် လက်ရှိတွင် စစ်ကောင်စီခေါင်းဆောင်သည် ရုရှနိုင်ငံသို့ခရီးထွက်နေပြီး ၎င်း၏ လက်ထောက် ဒုတိယစစ်ခေါင်းဆောင်ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အထက်ပါလေကြောင်းတိုက်ခိုက်မှုများ ဆက်လက် ကျူးလွန်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း၊ ကသဲရပ်ကွက်ရှိ အနောက်ကျောင်းကို စစ်ကောင်စီကလေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ရာ ဒေသခံတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က ယနေ့ (မေလ ၃ရက်)တွင် ထုတ်ပြန်သည်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ကို စစ်ကောင်စီက ယနေ့(ဧပြီ ၂၁ ရက်) နံနက်စော ၂နာရီခန့်တွင် စက်တပ်လေထီးများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူသုံးဦး သေဆုံးခဲ့ရသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ကို စစ်ကောင်စီက ယနေ့ (ဧပြီလ ၁၄ရက်) သင်္ကြန်အကျနေ့ နံနက် ၇နာရီခန့်မှစ၍ ဂျက်ဖိုက်တာ၊ Y12အပြင် စက်တပ်လေထီးများဖြင့် ဗုံးကြဲတိုက်ခိုက်နေပြီး အရပ်သားထိခိုက် သေဆုံးမှုရှိနေကြောင်း သတင်းရရှိသည်။

သတင်း

(၂၅)ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားကျင်းပရာ သိကျိတ်ကျေးရွာကို စစ်ကောင်စီက ပေါင် (၂၀၀)ဗုံးကြဲတိုက်ခိုက်မှုအပေါ် ရှုတ်ချကြောင်း ကယန်းပြည်သစ်ပါတီဗဟိုကော်မတီက ယနေ့(ဧပြီ ၁၁ရက်)တွင် ထုတ်ပြန်သည်။