close
Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီ ကနီမြို့နယ်ကို​ဗုံးကြဲ ကိုရင်တပါးနဲ့ အမျိုးသမီးတဦးသေဆုံး

ဧပြီ-၁၄၊၂၀၂၅။ရှိန်း/People’s Spring

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲ ကကျေးရွာတွေကို ဒီနေ့မနက်မှာ စစ်တပ်ကလေ ကြောင်းတိုက်ခိုက်ခဲ့တာမို့ ကိုရင်တပါးနဲ့ အမျိုးသမီးတဦးသေဆုံးခဲ့ပြီး သံဃာ​တော် တွေအပါအဝင်ထိခိုက်ဒဏ်ရာရသူတွေ များခဲ့တယ်လို့ တော်လှန်ရေးတပ် တွေဆီကသိရပါတယ်။

‌ဧပြီလ၁၄ရက်နေ့၊မနက် ၈နာရီ လောက်မှာ သမင်ခြံ ကျေးရွာဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ကိုရင်တပါးပျံလွန် တော်မူပြီး သံဃာ​တော်၃ ပါးအပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ တော်လှန်ရေးရဲဘော်တဦးက ပြောပါတယ်။

“ရွာထဲမှာကျတဲ့အလုံးတလုံးရှိသေးတယ်။အဲတာကတော့ မကွဲဘူး”လို့အဲဒီရဲဘော်ကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် မုဌော ကျေးရွာကိုလည်း စစ်​ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့ပြီးအမျိုးသမီးတဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။

“၁၀ကြိမ်လောက် ကြဲသွားတယ်။တကြိမ်ကို ၂လုံးတွဲပါ့နော်။အလုံး၂၀လောက်ကြဲသွားတယ်”လို့ အဲဒီရဲဘော်က ဆက် ပြောပါတယ်။

စစ်​ကောင်စီက ဧပြီ ၂၀ ရက်​နေ့အထိယာယီအပစ်ရပ်ထားတယ်​ကြေညာပြီး ​နေ့စဥ်ဗုံးကြဲ​နေပါတယ်။

စစ်တပ်က သင်္ကြန်ကာလအတွင်းမှာပဲသပိတ်ကျင်း၊ ကနီ ၊တန့်ဆည် ၊ ​ကောလင်း၊မင်းတပ်၊​ကျောက်​တော် ၊ဗန်း​မော် စတဲ့ နိုင်ငံတစ်ဝန်းကိုလေ ကြောင်းက​နေ ဆက်တိုက် ဗုံးကြဲ​ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​တော်လှန်​ရေးတပ်များတိုက်ခိုက်သိမ်းပိုက်ထားသည့် အင်းတော်မြို့နယ်၊ပိန္နဲကုန်းရွာရှိဘုန်းကြီး​ကျောင်းကို စစ်ကောင်စီက ယ​နေ့ (ဧပြီ ၁၄)လေကြောင်းမှ ဗုံးကြဲခဲ့သည်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်ရှိ ဂျိုးတောင်ရွာနှင့် မြောင်းတောင်ကျေးရွာကို စစ်ကောင်စီက ယနေ့ သင်္ကြန်အကြိုနေ့ ညပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သံဃာ တစ်ပါးနှင့် ပြည်သူတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

သတင်း

စစ်​ကောင်စီက သင်္ကြန်အကြို​နေ့ ည​နေပိုင်းတွင်ချင်းပြည်နယ် ၊မင်းတပ်မြို့ရှိ ၊မြို့မနှစ်ခြင်း ဘုရားကျောင်းကိုတိုက်​လေယာဥ်ဖြင့်ဗုံးကြဲခဲ့သည်။

သတင်း

မဟာသင်္ကြန်အကြိုနေ့ ယနေ့(ဧပြီ ၁၃ရက်)တွင် စစ်ကောင်စီက ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နှင့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အရှေ့ခြမ်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။