close
Connect with us

Hi, what are you looking for?

သတင်း

ကယန်းအမျိုးသားနေ့ကျင်းပရာ သိကျိတ်ရွာကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှု ရှုတ်ချကြောင်း ကယန်းပြည်သစ်ပါတီ ထုတ်ပြန်

(၂၅)ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားကျင်းပရာ သိကျိတ်ကျေးရွာကို စစ်ကောင်စီက ပေါင် (၂၀၀)ဗုံးကြဲတိုက်ခိုက်မှုအပေါ် ရှုတ်ချကြောင်း ကယန်းပြည်သစ်ပါတီဗဟိုကော်မတီက ယနေ့(ဧပြီ ၁၁ရက်)တွင် ထုတ်ပြန်သည်။

သိကျိတ်ကျေးရွာကို စစ်ကောင်စီက ပေါင် (၂၀၀)ဗုံးကြဲတိုက်ခိုက်မှုအပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - Kayan New Generation Youth – KNGY

ဧပြီ ၁၁၊၂၀၁၅။ရဲခေါင်/People’s Spring

(၂၅)ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားကျင်းပရာ သိကျိတ်ကျေးရွာကို စစ်ကောင်စီက ပေါင် (၂၀၀)ဗုံးကြဲတိုက်ခိုက်မှုအပေါ် ရှုတ်ချကြောင်း ကယန်းပြည်သစ်ပါတီဗဟိုကော်မတီက ယနေ့(ဧပြီ ၁၁ရက်)တွင် ထုတ်ပြန်သည်။

သိကျိတ်ကျေးရွာသည် ကယန်းပြည်သစ်ပါတီ၏ဗဟိုစည်းဧရိယာအတွင်း ဖြစ်သည့်အားလျော်စွာ ၁၉၉၄က အပစ်ခတ်ရပ်စဲစဥ်က သဘောတူညီချက်ကို စစ်ကောင်စီက ချိုးဖောက်ခဲ့ခြင်းဟု ဆိုသည်။

ထို့အပြင် စစ်ကောင်စီက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲထားမည်ဆိုသော ကြေညာချက်ကို ၎င်းတို့ကိုယ်တိုင်ပင် ချိုးဖောက်ခဲ့ခြင်းဖြစ်၍ ပြင်းထန်စွာရှုတ်ချကြောင်းလည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ရေးဆောင်ရွက်မှုမရှိသော၊ စစ်မဲ့ဇုန်ဖြစ်သည့် ကယန်းပြည်သူလူထုနေထိုင်ရာ ကျေးရွာများကို ဗုံးကြဲခြင်း၊ကယန်းအမျိုးသားဝိသေ သလက္ခဏာအမျိုးသားရေးဖော်ထုတ်လှုပ်ရှားမှုများကို တိုက်ခိုက်မှုမျိုးထပ်မံ ကျူးလွန်ပါက ဖြစ်ပေါ်လာမည့် ကိစ္စရပ်အလုံးစုံကို တာဝန်ခံမည်မဟုတ်ကြောင်းလည်း ကယန်းပြည်သစ်ပါတီက သတိပေးသည်။

“ဒီမှာက KNLPထိန်းချုပ်ဒေသဆိုပေမယ့် အခုလုပ်ရပ်က ကျနော်တို့ ဒီမှာရှိတဲ့ဒေသခံတွေက လုံခြုံရေးကို စိုးရိမ်နေကြတယ်။ နေပြည်တော်နဲ့ အနီးကပ်ဖြစ်တာဆိုတော့ သူတို့(စစ်ကောင်စီ)က ဘေးနားက လူထုကို ကြောက်တာမျိုး လုပ်ချင်တာမြင်တယ်”ဟု ကယန်းအမျိုးသားတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

သိကျိတ်ကျေးရွာသည် ကယန်းပြည်သစ်ပါတီ၊ကယန်းပြည်သစ်အမျိုးသားခေါင်းဆောင်ကြီး ဦးရွှေအေး (ခ)ငိန်းကယန်းထန် ကိုယ်တိုင်ပန္နက်ရိုက်အုတ်မြစ်ချခဲ့သည့် ကယန်းအမျိုးသားညီညွတ်ရေး ကျောက်တိုင်ရှိပြီး ပထမဆုံးအကြိမ် ကယန်းအမျိုးသား နေ့ကိုကျင်းပနိုင်ခဲ့သည့်နေရာ ဖြစ်သည်။

ထို့အပြင် ယမန်နေ့ နံနက်ပိုင်းက သိကျိတ်ရွာ၌ (၂၅)နှစ်မြောက်ငွေရတု ကယန်းအမျိုးသားနေ့ကို သိကျိတ်ကျေးရွာ၌ ထပ်မံကျင်းပနိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အဆိုပါ သိကျိတ်ရွာရှိ ပြည်သူလူထုနေအိမ်များကို ပစ်မှတ်ထား၍ စစ်ကောင်စီသည် ဧပြီ ၁၀ရက် ည ၁၁ နာရီ ၄၅ မိနစ်တွင် ပေါင် ၂၀၀ဗုံးကြဲခဲ့သည်။ တိုက်ခိုက်မှုကြောင့် လူနေအိမ် တစ်လုံးပျက်စီးကာ ပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

လက်ရှိ ကယန်းပြည်သစ်ပါတီ(KNLP)ဥက္ကဋ္ဌမှာ သန်းစိုးနိုင်ဖြစ်ပြီး ကယန်းပြည်သစ်တော်လှန်ရေးကောင်စီ(KNLRC)အား ဗိုလ်မှူးချုပ်အိုက်နော်ထားကတာဝန်ယူပြီး ကယန်းပြည်သစ်တပ်မတော် (KNLA)၏ စစ်ဦးစီးချုပ်မှာ ဗိုလ်မှူးချုပ်မြားနို ဖြစ်သည်။

ကယန်းပြည်သစ်ပါတီသည် ဆီဘူးဒေသတွင် အခြေစိုက်ပြီး အင်အား ၁,၀၀၀ခန့်ရှိနိုင်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ခန့်မှန်းထားသည်။လက်ရှိအချိန်ထိ တော်လှန်ရေးအင်အားစုများနှင့် အတိ အလင်း ပူးပေါင်းခြင်းမရှိသကဲ့သို့ အာဏာသိမ်း စစ်ကောင်စီနှင့်လည်း ပူးပေါင်းမှုမရှိပေ။

ဆက်စပ်သတင်းများ

သတင်း

ကယန်း​အမျိုးသား​နေ့​ပြုလုပ်​သည့် ရှမ်းပြည်တောင်ပိုင်း၊ဖယ်ခုံမြို့နယ် သိကျိတ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

သတင်း

မြန်မာ့သမိုင်းတ​လျှောက် လူ​သေဆုံးပျက်စီးမှုအများဆုံး​မြေငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး​နောက်ပိုင်းစစ်​ကောင်စီက မတ် ၂၈ ရက်မှ ပြီ ၃ ရက်​နေ့အထိ့ ​၇ ရက်အတွင်းနိုင်ငံတစ်ဝန်း ​နေရာ​ပေါင်း အနည်းဆုံး ၂၄ ​နေရာကိုဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့ကို စစ်ကောင်စီက ဒီနေ့(မတ်လ ၃၁ရက်) ည ၁၀နာရီလောက်မှာ လေကြောင်းကနေ ဗုံးလေးလုံးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ရခိုင်စစ်ရေးသတင်းအရင်းအမြစ်က အတည်ပြုပါတယ်။

သတင်း

မြန်မာနိုင်ငံတွင် ပြည်သူလူထုများ ကပ်ဘေးအန္တရာယ်ကြုံနေရချိန် စစ်ကောင်စီတပ်မှ နောင်ချိုကို ဒရုန်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက် ခဲ့ကြောင်း တအာင်းတပ်မတော် (TNLA)က ယနေ့(မတ်လ၃၁ရက်) ထုတ်ပြန်သည်။