close
Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေ၍ လူစုလူဝေးနှင့် ရိုးရာပွဲလမ်းသဘင်များ မပြုလုပ်ကြရန် ပကဖ သတိပေးထုတ်ပြန်

လက်ရှိတွင် ချင်းတော်လှန်ရေးတပ်ဖွဲ့များက မင်းတပ်မြို့သိမ်းတိုက်ပွဲဆင်နွှဲနေပြီး စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်နေသည်။

(မင်းတပ်မြို့ပေါ်၌ နေအိမ်များ စစ်ကောင်စီ မီးရှို့ဖျက်ဆီးနေသည်ကို ပြီးခဲ့သည့် အောက်တိုဘာက တွေ့ရစဉ်။ ဓာတ်ပုံ − HKL – Mindat)
(မင်းတပ်မြို့ပေါ်၌ နေအိမ်များ စစ်ကောင်စီ မီးရှို့ဖျက်ဆီးနေသည်ကို ပြီးခဲ့သည့် အောက်တိုဘာက တွေ့ရစဉ်။ ဓာတ်ပုံ − HKL – Mindat)

အိမ်သွင်/People’s Spring

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ အပြင်းအထန်ပြုလုပ်နေ၍ ပြည်သူများအနေဖြင့် လူစုလူဝေးပြုလုပ်ခြင်း၊ ရိုးရာပွဲလမ်းသဘင်များကျင်းပခြင်း လုံးဝ မပြုလုပ်ရန် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထပ်မံ သတိပေးထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇွန်လ ၄ရက်က သတိပေးပြီးနောက် ယ‌နေ့(ဒီဇင်ဘာ ၁၇ရက်)တွင် ထပ်မံ အသိပေးခြင်း ဖြစ်သည်။

ယခုအချိန်သည် မင်းတပ်မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေသည့်ကာလဖြစ်၍ လေကြောင်းတိုက်ခိုက်မှု ပိုမိုများပြားလာသဖြင့် မင်းတပ်မြို့နယ်အတွင်း ပြည်သူများအနေဖြင့် ဘာသာရေးနှင့်သက်ဆိုင်သည့် အခမ်းအနားနှင့်ပွဲများ၊ ရိုးရာပွဲလမ်းသဘင်များ ကျင်းပပြုလုပ်ခြင်း လုံးဝ(လုံးဝ)မပြုလုပ်ရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း ကြေညာထားသည်။

Public Service Announcement

Public Service Announcement

” ခရစ်စမတ်ကာလဆိုတော့ ဒေသခံတွေအတွက် စိုးရိမ်လို့ သတိပေးချက်ထပ်ထုတ်တဲ့သဘောဖြစ်ပါလိမ့်မယ်”ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူက ပြောသည်။

လက်ရှိတွင် ချင်းတော်လှန်ရေးတပ်ဖွဲ့များက မင်းတပ်မြို့သိမ်းတိုက်ပွဲဆင်နွှဲနေပြီး စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်နေသည်။

စစ်ကောင်စီသည် မင်းတပ်မြို့ကို ပြီးခဲ့သည့် အောက်တိုဘာအတွင်း လေကြောင်းမှ ၇၇ကြိမ်တိုက်ခိုက်ခဲ့သည်ဟု CDF မင်းတပ်က နိုဝင်ဘာ ၁ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းနောက်ပိုင်းအခြေအနေကိုမထုတ်ပြန်သေးပေ။ ယနေ့ (ဒီဇင်ဘာ ၁၇ရက်)တွင်လည်း မင်းတပ်မြို့ကို စစ်ကောင်စီကလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခြင်းဟု ကနီမြို့မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

သတင်း

လေကြောင်းတိုက်ခိုက်မှုကြောင့် (၅၀)ကျော် အရွယ် အမျိုးသမီးတစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

သတင်း

ဟားခါး − ဖလမ်းမြို့နယ်ကြားရှိ ချွန်ကျုံးကျေးရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားမှုမရှိဘဲလေကြောင်း တိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

KIA ဦး​ဆောင်​သော မဟာမိတ်တပ်များက စစ်တပ်အာဏာသိမ်းပြီး​နောက်ကချင်ပြည်နယ်တွင် အနည်းဆုံးမြို့​ပေါင်း ၁၄ မြို့ကို သိမ်းပိုက်ထားသည်။

Trending

Facebook