close
Connect with us

Hi, what are you looking for?

သတင်း

တရုတ်ဝမ်ပေါင်ကုမ္ပဏီ လုံခြုံရေးစစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်

စစ်ကောင်စီတပ်၊ တရုတ်ဝမ်ပေါင်နှင့် ယန်စီကုမ္ပဏီတို့ ပူးပေါင်း၍ ကြေးနီစီမံကိန်းကို ၂၀၂၂ နှစ်လယ်ပိုင်း မှစတင်ကာ ပြန်လည်လည်ပတ်ရန် ကြိုးစားခဲ့သည်။

(ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ဓာတ်ပုံ-ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီ၊ Chaw Suu Hann)
(ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ဓာတ်ပုံ-ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီ၊ Chaw Suu Hann)

▪︎​စစ်ကောင်စီတပ် အထိနာ၍ ဝမ်ပေါင်အနီးကျေးရွာများအား စစ်ကြောင်းထိုးမီးရှို့နေဟုဆို

ဇေအောင်/People’s Spring

တရုတ်ဝမ်ပေါင်ကုမ္ပဏီ လုံခြုံရေးယူပေးထားသော စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်အထိနာ၍ ဝမ်ပေါင်အနီးကျေးရွာများ စစ်ကြောင်းထိုးမီးရှို့နေကြောင်း ဒေသခံများက ပြောသည်။

ယနေ့(ဒီဇင်ဘာ၁၃ရက်) နံနက်အစောပိုင်းက စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ တရုတ် ဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်းမှ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် ထိခိုက်မှုများခဲ့ကြောင်း ဒေသခံများက ပြောသည်။

“တိုက်ပွဲမှာ စစ်ကောင်စီဘက်ကတော့ အထိနာတယ်။အရေအတွက်ကတော့ အတိကျမသိရသေးဘူး။”ဟု ကာကွယ်ရေးအဖွဲ့များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

(ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ဓာတ်ပုံ-ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီ၊ Chaw Suu Hann)
(ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ဓာတ်ပုံ-ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီ၊ Chaw Suu Hann)

တိုက်ပွဲကြောင့် ဝမ်ပေါင်ကုမ္ပဏီအနီး ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းရှိ ကျေးရွာ ၆ ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ မုံရွာဘက်ခြမ်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ကူပေးနေကြောင်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီမှ ကိုအောင်ခန့်ဇော်က ပြောသည်။

“လက်နက်ကြီးထုတာ ပြည်သူတွေတော့မထိဘူးလို့ သိရတယ်။ စစ်ကြောင်းက အခုအဲပတ်ဝန်းကျင်မှာပဲ။ ဝမ်ပေါင်နဲ့နီးတယ် အဲရွာတွေက။”ဟု ကိုအောင်ခန့်ဇော်က ပြောသည်။

စစ်ကောင်ီတပ်သည် ညနေပိုင်းတွင် အိုမကျေးရွာ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကြောင်းရှိနေဆဲဖြစ်၍ မီးလောင်ပျက်စီးမှုအခြေအနေ မသိရသေးကြောင်း ဒေသခံများက ပြောသည်။

တိုက်ပွဲဖြစ်စဥ်ကို ဒေသတွင်းတော်လှန်ရေးအဖွဲ့များထံ ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း လက်တလောဆက်သွယ်၍ မရသေးပေ။

(ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ဓာတ်ပုံ-ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီ၊ Chaw Suu Hann)
(ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ဓာတ်ပုံ-ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီ၊ Chaw Suu Hann)

စစ်ကောင်စီတပ်၊ တရုတ်ဝမ်ပေါင်နှင့် ယန်စီကုမ္ပဏီတို့ ပူးပေါင်း၍ ကြေးနီစီမံကိန်းကို ၂၀၂၂ နှစ်လယ်ပိုင်း မှစတင်ကာ ပြန်လည်လည်ပတ်ရန် ကြိုးစားခဲ့သည်။

ဝမ်ပေါင်ကုမ္ပဏီမှ စစ်ကောင်စီတပ်သည် စီမံကိန်းအနီးကျေးရွာများအား စစ်ကြောင်းထိုး၊သတ်ဖြတ်မီးရှို့မှုများကို ၂၀၂၁ ဒီဇင်ဘာကတည်းကပင် ကျူးလွန်ခဲ့သည်။ ပြည်သူများအား လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်း၊ အကြမ်းဖက်သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်။ ထို့အပြင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ ပြည်သူထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

မြန်မာနိုင်ငံတွင် သတ္တုတူးဖော်ရေးလုပ်ကိုင်နေသည့် တရုတ်နိုင်ငံမှ ဝမ်ပေါင်ကုမ္ပဏီကို အမေရိကန်နှင့်ဗြိတိန်တို့က ၂၀၂၁တွင် ဒဏ်ခတ်အရေးယူထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ညိုထွန်း/People’s Spring ​အာရက္ခတပ်​တော်က ​မောင်​တောမြို့နယ်မှာ​နောက်ဆုံးကျန်တဲ့ နယ်ခြား​စောင့်တပ်​​တွေရဲ့ ဌာနချုပ်ဖြစ်တဲ့ အမှတ် (၅) နယ်ခြား​စောင့်ရဲတပ်ဖွဲ့ခွဲ ( နခခ-၅) ကို ဥမင်လှိုဏ်ခေါင်းတူးပြီး တိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ထုတ်ပြလိုက်တဲ့ အခါ ပြည်သူ​တွေ အံအားသင့်ခဲ့ရပါတယ် ။ သာမာန်ပြည်သူ​တွေအတွက်ရုပ်သံဇာတ်လမ်း​တွေ ၊စာအုပ်​တွေထဲမှာပဲ​တွေဖူးတဲ့ ဥမင်လှိုင်​ခေါင်တူးပြီးတိုက်ခဲ့တဲ့ အာရက္ခတပ်ဖွဲ့ဝင်​တွေရဲ့တိုက်ပွဲဝင်စိတ်ဓါတ်...

သတင်း

ပစ်ခတ်မှုတွေဖြစ်ပွားနေချိန် အမြန်လမ်းမှာသွားလာနေတဲ့ ခရီးသွားကားတွေ ရပ်တန့်ခဲ့ရပြီး ခရီးသည်တွေလည်း လမ်းဘေးက ဘေးလွတ်ရာဆီဆင်းပြေး ရတာရှိခဲ့ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ထိန်းချုပ်နယ်မြေအတွင်းရှိနယ်စပ်ဂိတ်များ ယနေ့ ဒီဇင်ဘာ ၁၃ရက်တွင် ပြန်လည်ဖွင့်လှစ်ပြီဖြစ်ကြောင်း ကချင်သတင်းရင်းမြစ်က ပြောကြားသည်။

နိုင်ငံတကာ

အမေရိကန်က မြှောက်ပေးလို့ တောင်တရုတ် ပင်လယ်ထဲမှာ ဖိလစ်ပိုင်ဟာ မကြာခဏ ပြဿနာ ရှာနေတယ်လို့ တရုတ်က စွပ်စွဲ ပြောကြားလိုက်ပါတယ်။

Trending

Facebook