close
Connect with us

Hi, what are you looking for?

သတင်း

အခုသီတင်းပတ်ထဲမှာ မြန်မာ့အရေးနဲ့ ဆက်စပ်တဲ့ ဆွေးနွေးပွဲနှစ်ခု လက်ခံကျင်းပမယ်လို့ထိုင်းပြော

မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲ နှစ်ခုကို အခုသီတင်းပတ်ထဲမှာ အိမ်ရှင်အဖြစ် တာဝန်ယူ ကျင်းပသွားမယ်လို့ ထိုင်းအစိုးရက ပြောကြားခဲ့ပါတယ်။

(မြန်မာ-ဘဂ်လား​ဒေရှ် နယ်စပ်အနီးရှိ စစ်​ကောင်စီ ၏ နခခ (၅) ကို အာရက္ခတပ်​တော်က ဒီဇင်ဘာ၈ ရက်တွင် အပြီးသတ် သိမ်းပိုက်ပြီး​နောက်သိမ်းဆည်းရရှိ​​သောလက်နက်ခဲယမ်းများကို​တွေ့ရစဥ်။မောင်​တောမြို့ နယ်တစ်ခုလုံးကို AA က သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်)
(မြန်မာ-ဘဂ်လား​ဒေရှ် နယ်စပ်အနီးရှိ စစ်​ကောင်စီ ၏ နခခ (၅) ကို အာရက္ခတပ်​တော်က ဒီဇင်ဘာ၈ ရက်တွင် အပြီးသတ် သိမ်းပိုက်ပြီး​နောက်သိမ်းဆည်းရရှိ​​သောလက်နက်ခဲယမ်းများကို​တွေ့ရစဥ်။မောင်​တောမြို့ နယ်တစ်ခုလုံးကို AA က သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်)

-People’s Spring

ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက အဲဒီကိစ္စကို အတည်ပြုခဲ့တာဖြစ်ပြီး အစည်းအဝေး နှစ်ခုထဲက အနည်းဆုံး တစ်ခုမှာ အာဏာသိမ်း စစ်တပ်ရဲ့ ကိုယ်စားလှယ် တက်ရောက်ဖွယ် ရှိတယ်လို့လည်း ဆိုပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂီယမ်ပွန်ဆာဟာ ဒီဇင်ဘာ ၁၉ ရက်နေ့နဲ့ ၂၀ ရက်နေ့တွေမှာ သီးခြား အစည်းအဝေး နှစ်ခုကို လက်ခံ ကျင်းပပေးမှာ ဖြစ်ပါတယ်။ ဒါဟာ အောက်တိုဘာလတုန်းက ထိုင်းအစိုးရဟာ မြန်မာ့အရေးကို ကူညီ ဖြေရှင်းဖို့အတွက် အလွတ်သဘော ဆွေးနွေးမှုတွေကို အိမ်ရှင်အနေနဲ့ လက်ခံကျင်းပလိုကြောင်း ကမ်းလှမ်းထားမှုကို လက်တွေ့ အကောင်အထည် ဖော်လာခြင်းလည်း ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၉ ရက်နေ့ အစည်းအဝေးမှာ မြန်မာဖက်က ကိုယ်စားလှယ်တွေ တက်ရောက်မယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ နစ်ခွန်ဒက်ဂျ် ဘီလန်ကူရာက ပြောပါတယ်။ အဲဒီ အစည်းအဝေးဟာ နယ်စပ်လုံခြုံရေးနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ တိုက်ဖျက်ရေးကို အဓိကထားမှာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ ဒါကြောင့် မြန်မာနဲ့ နယ်စပ်ထိစပ်နေရာ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနဲ့ ထိုင်းဖက်က ကိုယ်စားလှယ်တွေ အားလုံးလည်း ဆွေးနွေးပွဲ တက်ကြမှာပါ။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၂၀ ရက်နေ့ အစည်းအဝေးကတော့ နိုင်ငံခြားရေး ဝန်ကြီးတွေအဆင့် တွေ့ဆုံမှုဖြစ်ပြီး အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ မြန်မာ့အရေး စိတ်ဝင်စားတဲ့ နိုင်ငံတွေ တက်ရောက်မယ်လို့ နစ်ခွန်ဒက်ဂျ်က ဆိုပါတယ်။ ပြီးတော့ မြန်မာ့အရေး ကူညီဖြေရှင်းရေးအတွက် အာဆီယံက ချမှတ်ပေးထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်ရေး ကိစ္စတွေကိုပါ ဆွေးနွေးသွားမယ်လို့လည်း သူက ပြောပါတယ်။

အဲဒီ ဒုတိယနေ့ အစည်းအဝေးမှာတော့ မြန်မာကိုယ်စားလှယ် တက်ရောက်နိုင်ခြေနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းခဲ့ချိန် ကတည်းက အာဆီယံရဲ့ ထိပ်တန်း အစည်းအဝေးတွေမှာ နိုင်ငံရေး မဟုတ်တဲ့ ကိုယ်စားလှယ်တွေကိုသာ ကန့်သတ် တက်ရောက်ခွင့် ပေးထားခဲ့ပါတယ်။

၂၀၂၅ ခုနှစ်အတွက် အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူမယ့် မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်ကတော့ သူဟာ မြန်မာ့ ငြိမ်းချမ်းရေးအတွက် အာဆီယံရဲ့ အစီအမံတွေ အကောင်အထည် ဖော်နိုင်ရေး ပိုမိုအားထည့် ကြိုးစားသွားမယ်လို့ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ အင်ဒိုနီးရှားကလည်း ဒီဇင်ဘာ ၂၀ အစည်းအဝေးကို နိုင်ငံခြားရေး ဝန်ကြီး တက်ရောက်မှာဖြစ်တယ်လို့ ကြေညာထားပါတယ်။

ကိုးကား: Retuers

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် မြန်မာ့အရေးဆွေးနွေးပွဲနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို မသိရသေးကြောင်း အင်ဒိုနိုင်ငံခြားရေး ပြောခွင့်ရက ပြောသည်။

သတင်း

မြန်မာ့အရေးနှင့်ပတ်သက်၍ နိုင်ငံတကာအသိုက်အဝန်း၏ တု့န်ပြန်ဆောင်ရွက်မှုတွင် ‘ချဥ်းကပ်ပုံပြောင်းလဲပြင်ဆင်မှု’ အရေးပေါ်လိုအပ်နေကြောင်းလည်း ကျွမ်းကျင်သူများက ထောက်ပြကြသည်။

ဘာသာပြန်

မြန်မာ့ နွေဦးတော်လှန်ရေးက အရှိန်ရလာပြီး စစ်မြေပြင် အနေအထားမှာ အရွေ့တချို့ ရှိလာတဲ့အခါ တရုတ်ရဲ့ ရပ်တည်မှုကလည်း ဆင့်ကဲ ပြောင်းလဲလာခဲ့ပါတယ်။

သတင်း

နိုဝင်ဘာ ၁ရက်တွင် ABSDF ဖွဲ့စည်းမှု (၃၆)နှစ် ပြည့်မြောက်ခဲ့ရာ အဆိုပါ တော်လှန်ရေးကာလအတွင်း ABSDFရဲဘော် ၈၂၆ဦး ကျဆုံးကာ ၄၃၅ ဦးဒဏ်ရာရခဲ့သည်ဟု ဆိုသည်။