close
Connect with us

Hi, what are you looking for?

သတင်း

ပေါက်မြို့နယ်ရှိ ပျူစောထီးအင်အားကောင်းရာ ဇီးပြားရွာမှ သံဃာလေးပါးအပါအဝင် ၁၇ဦးထက်မနည်းထွက်ပြေးလာပြီး တော်လှန်ရေးတပ်ဖွဲ့များထံ ခိုလှုံ

ကျေးရွာတွင်လည်း ထွက်ပြေးလိုသူများ ရှိနေပြီး စစ်သားများတပ်စွဲထား၍ ခဏတိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ပြောဆိုနေကြောင်း ကိုလက်ယျာက ပြောသည်။

(ထွက်ပြေးလာသော သံဃာတော်များနှင့်ရွာသူရွာသားများအား တွေ့ရစဥ်။ဓာတ်ပုံ − မြိုင် ပကဖ)
(ထွက်ပြေးလာသော သံဃာတော်များနှင့်ရွာသူရွာသားများအား တွေ့ရစဥ်။ဓာတ်ပုံ − မြိုင် ပကဖ)

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်ရှိ ပျူစောထီးအင်အားကောင်းရာ ဇီးပြားကျေးရွာတွင် စားနပ်ရိက္ခာရှားပါးလာ၍ သံဃာ လေးပါးအပါအဝင် ၁၇ ဦးထက်မနည်း ထွက်ပြေးပြီး တော်လှန်ရေးအဖွဲ့များထံ ခိုလှုံလာကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ်အခြေစိုက်ပြီး ပျူစောထီးအားကောင်းရာ ဇီးပြားကျေးရွာမှ သံဃာ လေးပါး၊အမျိုးသား ၇ ဦး၊ အမျိုးသမီး ၆ ဦးနှင့် ကလေးအချို့သည် ၎င်းတို့ရွာ၌ စားနပ်ရိက္ခာခက်ခဲလာ၍ ဒီဇင်ဘာ ၃ ရက်က ထွက်ပြေးလာပြီး ခိုလှုံလာကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

(ထွက်ပြေးလာသော သံဃာတော်များနှင့်ရွာသူရွာသားများအား တွေ့ရစဥ်။ဓာတ်ပုံ − မြိုင် ပကဖ)
(ထွက်ပြေးလာသော သံဃာတော်များနှင့်ရွာသူရွာသားများအား တွေ့ရစဥ်။ဓာတ်ပုံ − မြိုင် ပကဖ)

“သံဃာတော်တွေမှာ သူတို့စီးလာတဲ့ဖိနပ်တောင်ကောင်းကောင်းမပါတော့ဘူး။ သဲကြိုးအပြတ်နဲ့။ တစ်ရွာလုံးမှာလူဦးရေ ရှစ်ရာကိုးရာတစ်ထောင်ရှိတာတောင် ဖိနပ်အကောင်းမရှိတော့ဘူး။ သဲကြိုးပြတ်တဲ့သူနဲ့။ ဖိနပ်မပါတဲ့သူနဲ့။ ဆွမ်းဆိုရင်လည်းတစ်နေ့မှ တစ်နပ်စားရတယ်။ ပြီးခဲ့တဲ့နှစ်လသုံးလတုန်းက စစ်ကြောင်းလာတုန်းကဘေးရွာကနေ လှူမယ့်ပစ္စည်းတွေယူပြီးကာမှသူတို့ပျူရွာကိုပေးတယ်။ သံဃာတော်တွေက ပျူရွာကိုပေးလို့ရှိရင် လှူမယ့်ပစ္စည်းတွေကိုမှယူလို့ရှိရင် သူတို့ရွာပဲအမုန်းပွားမယ်။ဒီလိုကြီးတော့မနေချင်တော့ဘူးဆိုပြီးကျွန်တော်တို့နဲ့ချိတ်ဆက်ပြီးထွက်လာတာ။”ဟု မြိုင်ပကဖ ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ကျေးရွာတွင်လည်း ထွက်ပြေးလိုသူများ ရှိနေပြီး စစ်သားများတပ်စွဲထား၍ ခဏတိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ပြောဆိုနေကြောင်း ကိုလက်ယျာက ပြောသည်။

(ထွက်ပြေးလာသော သံဃာတော်များနှင့်ရွာသူရွာသားများအား တွေ့ရစဥ်။ဓာတ်ပုံ − မြိုင် ပကဖ)
(ထွက်ပြေးလာသော သံဃာတော်များနှင့်ရွာသူရွာသားများအား တွေ့ရစဥ်။ဓာတ်ပုံ − မြိုင် ပကဖ)

ဇီးပြားကျေးရွာတွင် နယ်မြေရဲစခန်းတစ်ခုလည်း အခြေစိုက်ထားပြီး စစ်ကောင်စီတပ်နှင့်ပျူစောထီးများ အထိုင်ချထားသည်။ တော်လှန်ရေးအဖွဲ့များကလည်း ဒရုန်းများ၊ လက်နက်ကြီးများဖြင့် မကြာခဏ လာရောက်တိုက်ခိုက်နေသည်။

ပေါက်မြို့နယ်အပြင် မြိုင်မြို့နယ်တွင်လည်း စစ်ကောင်စီတပ်လက်အောက်ခံ ပျူရွာများအား ကာကွယ်ရေးအဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့ထား၍ ပျူရွာများ ရိက္ခာမကြာခဏပြတ်တောက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ဒီဇင်ဘာလ ၁၁ ရက် နံနက် ၁၀ နာရီခန့်က မီးကောက်ပင်အုပ်စု၊ ဒိုးနွယ်ကျေးရွာသို့ ပေါ်တာဆွဲရန်လာသည်ဆိုသော စစ်ကောင်စီတပ်သားများနှင့် ပျူစေားထီးများအား ရှေ့ထွက်မိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

သတင်း

ရန်ကုန်မြို့တွင် စစ်ကောင်စီလက်ပါးစေ ပျူစောထီးများနှင့် ရဲများပေါင်း၍ လူငယ်များ ပစ်မှတ်ထား ဖမ်းဆီးငွေညှစ်မှုများပိုမိုပြုလုပ်လာကြောင်း အဆိုပါဖြစ်စဉ်သိရှိသူများက ပြောသည်။

သတင်း

မင်းမင်းသည် NLD ပါတီဝင်များ၊PDF ရဲဘော်များနှင့် ၎င်းတို့နှင့်ဆက်နွယ်သူများကို သတ်ဖြတ်ရန် သွေးသောက်အဖွဲ့ ဖွဲ့စည်းမှုတွင် ဦးဆောင်ပါဝင်သူဖြစ်ပြီး အာဏာသိမ်းစစ်တပ် ဆန့်ကျင်သူများအား အရေးယူအပြစ်ပေးရန် လည်း လူမှုကွန်ရက်တွင် အမြဲလှုံ့ဆော်နေသူလည်း ဖြစ်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် မြင်းချင်းကျေးရွာရှိ ပျူစောထီးကင်းစခန်းကို တော်လှန်ရေးအဖွဲဲ့များ တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။