close
Connect with us

Hi, what are you looking for?

သတင်း

မြန်မာပြည်သူကိုမျက်နှာမူကြောင်း တရုတ်အစိုးရပြောသော်လည်း စစ်ကောင်စီကို ထောက်ပံ့ကူညီပြီး တော်လှန်ရေးတပ်များဖိအားပေးနေဟု CNFဒုဥက္ကဋ္ဌ ပြော

တရုတ်နိုင်ငံမှအပ အခြားနိုင်ငံများအထူးသဖြင့် အနောက်နိုင်ငံများနှင့် ဆက်ဆံရေးမပြုလုပ်ရန်လည်း တရုတ်ဘက်က တားမြစ်မှုများ ရှိနေသည်ဟု ဆိုသည်။

(ချင်းအမျိုးသားတပ်ဦး(CNF)ဒုဥက္ကဋ္ဌ(၃) ပူးထန်ယန်းအား တွေ့ရစဉ်။ ဓာတ်ပုံ - File)
(ချင်းအမျိုးသားတပ်ဦး(CNF)ဒုဥက္ကဋ္ဌ(၃) ပူးထန်ယန်းအား တွေ့ရစဉ်။ ဓာတ်ပုံ - File)

▪️တရုတ်ချယ်လှယ်နိုင်မည့်အစိုးရ ပေါ်ပေါက်လာစေရန် မြန်မာ့အရေး စွက်ဖက်နေမှုသုံးသပ်ပြင်ဆင်ရန် သတိပေး

သက်ဝေ/People’s Spring

မြန်မာနိုင်ငံအပေါ် တရုတ်အစိုးရ၏ရပ်တည် ချက်သည် ပြည်သူ့ကိုမျက်နှာမူသော မူဝါဒဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက ပြောကြားခဲ့သော်လည်း လက်တွေ့တွင် စစ်ကောင်စီဘက်ကို တရုတ်အစိုးရက ထောက်ပံကူညီနေကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)ဒုဥက္ကဋ္ဌ(၃) ပူးထန်ယန်း(Pu Thang Yen)က ပြောကြားသည်။

ဒီဇင်ဘာ ၁၀ရက်က CNFဒုဥက္ကဋ္ဌက ချင်းပြည်သူများအတွက် အမှာစကား ပြောကြားမှု အစီအစဉ်တွင် မြန်မာပြည်၏ နိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်လာသည့် တရုတ်နိုင်ငံ၏ လုပ်ဆောင်မှုအပေါ် ဝေဖန်သုံးသပ်ထားခြင်းဖြစ်သည်။

“တရုတ်အစိုးရဟာ မိမိအကျိုးစီးပွားကို ရှေ့တန်းတင်ပြီး စစ်ကောင်စီကိုတဖက်သတ် ထောက်ပံ့ကူညီနေတာကို တွေ့ရ့ပါတယ်။ ထို့အပြင် တော်လှန်ရေးအင်အားစုများကို ဖိအား အမျိုးမျိုးပေးပြီး စစ်ဆင်ရေးမလုပ်နိုင်အောင် ဟန့်တားခြင်း၊ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ရန် တိုက်တွန်းခြင်းများ လုပ်ဆောင်နေတာကိုလည်း တွေ့ရှိရပါတယ်”ဟု CNF ဒုဥက္ကဋ္ဌ(၃)က ပြောကြားသည်။

Public Service Announcement

Public Service Announcement

တရုတ်နိုင်ငံမှအပ အခြားနိုင်ငံများအထူးသဖြင့် အနောက်နိုင်ငံများနှင့် ဆက်ဆံရေးမပြုလုပ်ရန်လည်း တရုတ်ဘက်က တားမြစ်မှုများ ရှိနေသည်ဟု ဆိုသည်။

ထို့ပြင် အာဆီယံ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး၌ စစ်ခေါင်းဆောင်များပါဝင်တက်ရောက်ခြင်း ပိတ်ပင်မှုကို ဖြေလျော့နိုင်ရန်အတွက်လည်း တရုတ်အနေဖြင့် ကြိုးပမ်းခဲ့သည်ကိုတွေ့ရကြောင်း ၎င်းက ပြောသည်။

နိုဝင်ဘာဒုတိယအပတ်တွင်ပြုလုပ်သည့် ကူမင်းအစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်ခေါင်းဆောင်များနှင့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံနိုင်အောင် တရုတ်အစိုးရက စီစဉ်ပေးခဲ့ခြင်းဖြစ်သည်ဟု CNF ဒုဥက္ကဋ္ဌက ပြောသည်။

“တရုတ်အစိုးရဟာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို နိုင်ငံတကာရာဇဝတ်တရားရုံး (ICC)ကနေ ဖမ်း၀ရမ်းထုတ်ရန် ဆောင်ရွက်နေသည့်အပေါ် အကာအကွယ်ပေးသည့် သဘောဆောင်တဲ့လုပ်ရပ်တွေကို လုပ်ဆောင်နေတာလည်း တွေ့ရပါတယ်။တရုတ်နိုင်ငံရဲ့ ပြည်ထောင်စုမြန်မာနိုင်ငံအပေါ် အခုတလော လုပ်ဆောင်နေတာဟာ မိမိအကျိုးကို ရှေ့တန်းတင်ခြင်းနဲ့ မိမိကြိုက်သလို ချယ်လှယ်နိုင်မယ့် အစိုးရ ပေါ်ပေါက်လာရေးကို အခြေခံတဲ့ တဖတ်သက်ကြားဝင်စွက်ဖက်မှုဖြစ်တယ်လို့ သုံးသပ်ရမှာဖြစ်ပါတယ်”ဟု ဒုဥက္ကဋ္ဌ ပူးထန်ယန်းက ပြောသည်။

တရုတ်အစိုးရ၏ ယခုကဲ့သို့ စွက်ဖက်နေမှုဖြင့် မြန်မာနိုင်ငံ၏ ပြဿနာကို ဖြေရှင်းနိုင်မည်မဟုတ်ကြောင်းလည်း ၎င်းက ပြောသည်။

“တရုတ်အစိုးရရဲ့ အခုကျင့်သုံးနေတဲ့ မူဝါဒ ချဉ်းကပ်မှုကို ပြန်လည်သုံးသပ်ပြင်ဆင်ခြင်းမပြုလုပ်ဘူးဆိုရင် မြန်မာနိုင်ငံပြဿနာဟာ ပိုမိုဆိုးရွားလာနိုင်တဲ့အပြင် တရုတ်အစိုးရ အပေါ် မြန်မာနိုင်ငံပြည်သူများရဲ့ဆန့်ကျင်ရှုတ်ချမှုကိုခံရလိမ့်မယ်ဖြစ်တယ်လို့ သတိပေးလိုပါတယ်”ဟု CNFဒုဥက္ကဋ္ဌ (၃)ပူးထန်ယန်းက ပြောသည်။

CNFသည် မြန်မာ – အိန္ဒိယနယ်စပ် အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖြစ်ပြီး ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့်အတူ ပူးပေါင်းကာ စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိပြီး မြို့အချို့နှင့် တပ်စခန်းများစွာကို သိမ်းပိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ခိုက်မှုအတွင်း ဆိုင်ကယ်သုံးစီးမိုင်းထိမှန်ပျက်စီးသွားပြီး စစ်ကောင်စီတပ်သားနှစ်ဦး နေရာတွင် ပွဲချင်းပြီးသေဆုံးကာ အခြားထိခိုက် ဒဏ်ရာရသူများလည်းရှိကြောင်း နတ် စစ်သည် တပ်ခွဲမှူးက ပြောသည်။

သတင်း

PNOသည် စစ်ကောင်စီတပ်နှင့် ပူးပေါင်းပြီး ပအိုဝ်းဒေသ တွင်သာမက ပအိုဝ်းဒေသနှင့် ဆက်စပ်ဒေသများ၌လည်း စစ်ကောင်စီ အလိုကျ စစ်ဆင်ရေးများ၌ ပါဝင်ဆောင်ရွက်ခဲ့သည်။

သတင်း

ယနေ့ ညနေ ၃နာရီခန့်တွင် စစ်ကောင်စီက Mi35ဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေကိုမသိရှိရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

သတင်း

တရုတ်ဘက်က ဂိတ်ပြန်ဖွင့်သော်လည်း KIAဘက်က ဖွင့်ပေးခြင်းမရှိသေးဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ယနေ့(ဒီဇင်ဘာ ၁၂ရက်) ပြောသည်။