close
Connect with us

Hi, what are you looking for?

သတင်း

ဟားခါးမြို့နယ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ရာ မိသားစုဝင်လေးဦး သေဆုံး၊ ၁၁ဦး ဒဏ်ရာရ

ဟားခါး − ဖလမ်းမြို့နယ်ကြားရှိ ချွန်ကျုံးကျေးရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားမှုမရှိဘဲလေကြောင်း တိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

ဟားခါးမြို့နယ် ချွန်ကျုံးကျေးရွာကို စစ်ကောင်စီက ယနေ့ (ဒီဇင်ဘာ ၁၀ရက်)နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေစဉ်။ ဓာတ်ပုံ − Chinland News
ဟားခါးမြို့နယ် ချွန်ကျုံးကျေးရွာကို စစ်ကောင်စီက ယနေ့ (ဒီဇင်ဘာ ၁၀ရက်)နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေစဉ်။ ဓာတ်ပုံ − Chinland News

ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ချွန်ကျုံးကျေးရွာကို စစ်ကောင်စီက ယနေ့ (ဒီဇင်ဘာ ၁၀ရက်)နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မိသားစုဝင်လေးဦး သေဆုံးပြီး ၁၁ဦးဒဏ်ရာရရှိခဲ့သည်ဟု ချင်းသတင်းရင်းမြစ်က ပြောပြသည်။

ဟားခါး − ဖလမ်းမြို့နယ်ကြားရှိ ချွန်ကျုံးကျေးရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားမှုမရှိဘဲလေကြောင်း တိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

“ချွန်ကျုံးရွာကတော့ ဖလမ်းမြို့နဲ့ ဟားခါးမြို့နယ်ကြားမှာရှိတဲ့ ကားလမ်းမကြီး ပေါ်မှာရှိတဲ့ကျေးရွာ။ အိမ်ခြေ ၄၀၀ကျော်လောက်ရှိတဲ့ရွာကြီးဖြစ်ပါတယ်။ အဲဒီဘက်မှာ ဘာမှ တိုက်ပွဲ လည်းမရှိဘူး။ ပြောမယ်ဆိုရင် ဟားခါးမြို့နယ်ထဲဖြစ်တယ်။ ဟားခါးမြို့နဲ့ (၁၄)မိုင်လောက်ဝေးတဲ့ရွာ ဖြစ်ပါတယ်။ အခု ဟားခါး ထန်တလန်ကြား တိုက်ပွဲနဲ့ ဘာမှလည်း မပတ်သက်ဘူး။ စကစ ဗုံးကြဲခဲ့တယ်။ ပြည်သူ မိသားစုလိုက် ၄ယောက်သေဆုံးတယ်။ အဲဒီ ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်မှာ ၁၁ဦး ဒဏ်ရာရတယ်လို့ သတင်းကြားရတယ်”ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံးသူများတွင် ကလေးငယ် တစ်ဦး ပါဝင်ကြောင်း Chinland Newsက ဖော်ပြထားသည်။ စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ယနေ့ နံနက်အစောတွင် ၂ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

စစ်ကောင်စီသည် နိုဝင်ဘာ ၂၆ရက်ကလည်း ဖလမ်းမြို့နယ် လုမ်သဲပြည်သူ့ဆေးရုံကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျန်းမာရေးဝန်ထမ်း ၂ဦး အပါအဝင် ၇ဦး သေဆုံးကာ ၄ဦးဒဏ်ရာရရှိခဲ့ကြောင်း ချင်းပြည်ကောင်စီက အသိပေးထားသည်။

ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်အဖွဲ့က ဖော်ဆောင်နေသကဲ့သို့ ဟားခါးနှင့် ထန်တလန်ကြားရှိ စစ်ကောင်စီတပ်စခန်းများကို ချင်းပြည်ကောင်စီ ပူးပေါင်းတပ်များက တိုက်ခိုက်နေသည်။

ထိုအခြေအနေတွင် စစ်ကောင်စီက တိုက်ပွဲမဖြစ်သည့် ကျေးရွာများကို လေကြောင်းမှ တိုက်ခိုက်နေခြင်းလည်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဝါဒဖြန့် ကြေးမုံနှင့် မြန်မာ့အလင်းတို့ကို ရည်ညွှန်းကာ ၎င်းတို့က သတင်းစာမဟုတ်ကြောင်း ဝါရင့်သတင်းစာဆရာက ရှင်းပြသည်။

သတင်း

စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀ဦး အရှင်ဖမ်းမိခဲ့ပြီး လက်နက်မျိုးစုံ အလက် ၆၀ကျော်သိမ်းရခဲ့သည်ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြီးခဲ့သည့် ရက်ပိုင်းက အသိပေး ပြောသည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ် အထိနာနေသည်။

သတင်း

ပြည်သူရင်ခွင်ခိုလှုံလာသူများထဲတွင် စစ်ကောင်စီတပ်၏ အဓမ္မစစ်သားစုဆောင်းမှုခံရသူ ၃၃ဦးလည်း ပါဝင်ခဲ့သည်ဟု ဆိုသည်။

Facebook