close
Connect with us

Hi, what are you looking for?

သတင်း

ပဒူရွာရဲကင်းစခန်း ရှော့တိုက်ဒုန်းဖြင့်ပစ်ခတ်ခံရပြီး ရဲတစ်ဦးသေဆုံး

စစ်ကိုင်းမြို့နယ်၊ ပဒူရွာရဲကင်းစခန်း ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီး ရဲတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

(၂၀၂၃ မေလ ၁၉ ရက်က အိမ်ခြေထောင်ချီရှိသည့် ပဒူကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့၍ ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေစဉ်။ ဓာတ်ပုံ − CJ)
(၂၀၂၃ မေလ ၁၉ ရက်က အိမ်ခြေထောင်ချီရှိသည့် ပဒူကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့၍ ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေစဉ်။ ဓာတ်ပုံ − CJ)

ဇေအောင်/People’s Spring

စစ်ကိုင်းမြို့နယ်၊ ပဒူရွာရဲကင်းစခန်း ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီး ရဲတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဒီဇင်ဘာ ၁၆ ရက် ည ၁၂နာရီဝန်းကျင်က စစ်ကိုင်းမြို့နယ်မြောက်ခြမ်းရှိ ပဒူကျေးရွာရဲကင်းစခန်းအား ရှော့တိုက်ဒုန်း ၄လုံး ပစ်ခတ်တိုက်ခိုက်ခံရပြီး ဘန်ကာအတွင်းရှိ ရဲတပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“တစ်လုံးက မြေကွက်လပ်ကျတယ်။ နောက်၃လုံးက ဘန်ကာနားကျတယ်ပြောတယ်။ ဘန်ကာထဲက ရဲ​တစ်ဦးသေတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ပဒူရဲစခန်းအား မည်သည့်အဖွဲ့က ပစ်ခတ်ခဲ့သည်ကိုမူ မသိရသေးပေ။ ထိုပစ်ခတ်မှုအား အနီးတဝိုက်ရွာများမှ ကြားလိုက်ရကြောင်း ဒေသခံများက ပြောသည်။

“ည ၁၂လောက်ကြီး ကြားလိုက်ရတယ်။ ၂ ချက်ကတော့တော်တော်ကျယ်တယ်။”ဟု ကံကြီးကုန်းရွာနေဒေသခံတစ်ဦးက ပြောသည်။

ပဒူရွာရဲကင်းစခန်းမှစစ်အုပ်စုသည် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကလည်း အနီးတဝိုက်ကျေးရွာများအား စစ်ကြောင်းထိုး မီးရှိုခဲ့သေးသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် ပဒူရွာရဲကင်းစခန်း၏ အရှေ့ဘက်ရှိ မိုးကုတ်၊ သပိတ်ကျင်း၊ စဥ့်ကူး၊ မတ္တရာမြို့များမှ စစ်ရှောင်များအသုံးပြုနေသော စစ်ကိုင်းမြို့၊ ခရိုင်ချင်းဆက်လမ်းရှိ လမ်းခွဲ၂ခုကိုလည်း ဘက်ဟိုးဖြင့် ဖျက်ဆီးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခြင်းဟု ကနီမြို့မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

သတင်း

ဟားခါး − ဖလမ်းမြို့နယ်ကြားရှိ ချွန်ကျုံးကျေးရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားမှုမရှိဘဲလေကြောင်း တိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

မအူစစ်ရေး​ဂိတ်နှင့် စွမ်းရည်ထက်ဆီဆိုင်စစ်ဆေးရေးဂိတ်များကလည်း မကြာခဏ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေ၍ ပြည်သူများထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။

သတင်း

သတိုး/People’s Spring ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၌ မွေ့ယာပေါ်တွင် ပါဝါဘန့်အားသွင်းရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်စဉ်အတွင်း အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ဒီဇင်ဘာ ၇ ရက် နံနက် ၃ နာရီအချိန်ခန့်တွင် စမ်းချောင်းမြို့နယ် အောင်ချမ်းသာရပ်ကွက်၊ သီရိမင်္ဂလာလမ်းရှိ တိုက်ခန်းတစ်ခုတွင် မီးလောင်မှုဖြစ်ခဲ့ခြင်းဖြစ်ပြီး လူတစ်ဦးသေဆုံးသွားကြောင်း ယင်းနေရာသို့...