close
Connect with us

Hi, what are you looking for?

သတင်း

ဆီးရီးယားကဲ့သို့ အာဏာရှင်များ လက်မြှောက်အရှုံးပေးလာစေရေး NUG အစိုးရ တစ်ဖွဲ့လုံး အလုပ်နှင့် သက်သေပြရန်လိုဟု ယာယီသမ္မတပြော

“လူထုအသက်နဲ့ ရင်းထားတဲ့ တော်လှန်ရေးခရီးမှာ ရေသာခိုလို့ မရဘူးဆိုတာ ကျွန်တော်တို့ သတိချပ်မိဖို့ အထူးလိုအပ်ပါတယ်”

(အာဏာရှင် အာဆတ်အစိုးရပြုတ်ကျသွားပြီးနောက် အောင်ပွဲခံနေသော ဆီးရီးယားပြည်သူများနှင့် တော်လှန်ရေးသမားများအား တွေ့ရစဥ်။ ဓာတ်ပုံ - NBC၊ Reuters၊ AP)
(အာဏာရှင် အာဆတ်အစိုးရပြုတ်ကျသွားပြီးနောက် အောင်ပွဲခံနေသော ဆီးရီးယားပြည်သူများနှင့် တော်လှန်ရေးသမားများအား တွေ့ရစဥ်။ ဓာတ်ပုံ - NBC၊ Reuters၊ AP)

ဟန်နွေ/People’s Spring

ဆီးရီးယားနိုင်ငံတွင် အာဏာရှင် သမ္မတ ဘာရှားအာဆတ် ပြုတ်ကျသွားပြီး တော်လှန်ရေးအင်အားစုများ အောင်ပွဲခံသည့် သတင်းသည် မြန်မာနိုင်ငံအတွက် အားတက်စရာဖြစ်ပြီး မြန်မာနိုင်ငံရှိ အာဏာရှင်ခေါင်းဆောင်များ လက်မြှောက်အရှုံးပေးလာစေရေး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တစ်ဖွဲ့လုံး အလုပ်ဖြင့် သက်သေပြရန် လိုအပ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

ယနေ့(ဒီဇင်ဘာ ၁၀ရက်)ကျင်းပသည့် အစိုးရ အဖွဲ့အစည်းအဝေးတွင် ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

“စစ်မှန်ပြီး လက်တွေ့ကျတဲ့ တော်လှန်ရေးတွေတိုင်းဟာ အာဏာရှင်တွေကို အောင်ပွဲခံနိုင်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ အာရပ်နွေဦး တော်လှန်ရေးမှာ အာဏာရှင်ခေါင်းဆောင်တွေ ဘယ်လို လက်မြှောက်အရှုံးပေးသွားခဲ့ကြရတယ်ဆိုတာ ကျွန်တော်တို့အားလုံး သိထားပြီးဖြစ်မယ်လို့ ယူဆပါတယ်။ အခု ကျွန်တော်တို့ရဲ့ နွေဦးတော်လှန်ရေးမှာလည်း အာဏာရှင်‌ စစ်ကောင်စီခေါင်းဆောင်တွေကို ပြည်သူလူထုဟာ အဆုံးသတ်နိဂုံးချုပ်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဆီးရီးယားနိုင်ငံမှာ အာဏာရှင်ခေါင်းဆောင်တစ်ယောက် အရှုံးပေး ထွက်ပြေးရသလိုမျိုး၊ ကျွန်တော်တို့ နိုင်ငံမှာလည်း အာဏာရှင်ခေါင်းဆောင်တွေ လက်မြှောက်အရှုံးပေးသွားအောင် ကျွန်တော်တို့ အစိုးရတစ်ဖွဲ့လုံးက အလုပ်နဲ့ သက်သေပြဖို့ လိုတယ်လို့ ယုံကြည်ပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။

Public Service Announcement

Public Service Announcement

(အာဏာရှင် အာဆတ်အစိုးရပြုတ်ကျသွားပြီးနောက် အောင်ပွဲခံနေသော ဆီးရီးယားပြည်သူများနှင့် တော်လှန်ရေးသမားများအား တွေ့ရစဥ်။ ဓာတ်ပုံ - NBC၊ Reuters၊ AP)
Syrians living in Greece gather in Syntagma square after Syrian rebels announced that they have ousted President Bashar al-Assad in Syria, in Athens, Greece, December 8, 2024. REUTERS/Louiza Vradi

အချိန်နှင့် ဒီရေသည် လူကို မစောင့်၍ တော်လှန်ရေးဒီရေကလည်း စောင့်နေမည်မဟုတ်ကြောင်း၊ လက်ရှိ နွေဦးတော်လှန်ရေးလှိုင်းသည် နိုင်ငံ၏ တော်လှန်ရေးသမိုင်းများထဲ၌ အကြီးများဆုံး၊ အကျယ်ပြန့်ဆုံး တော်လှန်ရေးလှိုင်းဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။

“အဲဒါကို ကျွန်တော်တို့အနေနဲ့ တင်းပြည့်ကျပ်ပြည့် ရှေ့ဆောင်ရှေ့ရွက် မပြုနိုင်ဘူးဆိုရင် ကျွန်တော်တို့ဟာ လှိုင်းထဲမှာ မြှုပ်သွားတဲ့သူတွေ ဖြစ်သွားနိုင်ပါတယ်။ နွေဦးတော်လှန်ရေးလှိုင်းကြီးက အင်မတန် ကြီးမားပြင်းထန်တာကြောင့် ကျွန်တော်တို့ဟာ လှိုင်းရဲ့ သဘောသဘာဝကို မျက်ခြေပြတ်သွားတာနဲ့ ကျွန်တော်တို့ အားလုံး စုပေါင်းလှော်ခတ်နေတဲ့ လှေကြီးက မြှုပ်သွားနိုင်တယ်ဆိုတာကို သတိရှိကြဖို့ အထူးလိုအပ်ပါတယ်” ဟု ယာယီသမ္မတက သတိပေးသည်။

တော်လှန်ရေးအလုပ်ကို ခြေတစ်ဖက်လှမ်းထားရုံနှင့် မလုံလောက်ဟုလည်း ယာယီသမ္မတက ပြောကြားသည်။

“တော်လှန်ရေးအလုပ်မှာ ခြေစုံရပ် မြှုပ်နှံမှ လူထုက အားကိုးထိုက်တဲ့ ခေါင်းဆောင်၊ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းက အားကိုးထိုက်တဲ့ ခေါင်းဆောင်တွေ ဖြစ်နိုင်တယ်ဆိုတာ လုံးဝ မေ့လို့ မရပါဘူး။ ကျွန်တော်တို့ဟာ တချိန်ကျရင် နွေဦးတော်လှန်ရေးသမိုင်းအကြောင်း ကျွန်တော်တို့ မြေးမြစ်တွေကို ပြန်ပြောပြတဲ့အခါမှာ ‘ငါတို့တတွေဟာ ဘယ်လောက် ယုံကြည်ချက် ပြင်းထန်ခဲ့ကြောင်း၊ ငါတို့ဟာ ဘယ်လောက်အထိ ခြေစုံရပ် မြှုပ်နှံခဲ့သူတွေ ဖြစ်ကြောင်း’ ပြန်ပြောပြပြီး ဂုဏ်ယူနိုင်ဖို့ လိုပါတယ်။ တော်လှန်ရေးအလုပ်ဆိုတာဟာ ‘တို့ကနန်း-ဆိတ်ကနန်း’လုပ်လို့ မရဘူးလို့ ပြောချင်ပါတယ်။ ပြတ်သားသင့်တဲ့အချိန်မှာ ပြတ်ပြတ်သားသားလုပ်ရမှာ ဖြစ်သလို လုပ်သင့်လုပ်ထိုက်တာတွေကို ဆုံးဖြတ်ပြီးရင်လည်း လက်တွေ့ကျကျ ဖြစ်အောင် လုပ်ရမှာ ဖြစ်ပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။

(အာဏာရှင် အာဆတ်အစိုးရပြုတ်ကျသွားပြီးနောက် အောင်ပွဲခံနေသော ဆီးရီးယားပြည်သူများနှင့် တော်လှန်ရေးသမားများအား တွေ့ရစဥ်။ ဓာတ်ပုံ - NBC၊ Reuters၊ AP)
(အာဏာရှင် အာဆတ်အစိုးရပြုတ်ကျသွားပြီးနောက် အောင်ပွဲခံနေသော ဆီးရီးယားပြည်သူများနှင့် တော်လှန်ရေးသမားများအား တွေ့ရစဥ်။ ဓာတ်ပုံ – NBC၊ Reuters၊ AP)

လက်ရှိ လျှောက်လှမ်းနေသည်မှာ လူထု၏ အသက်သွေးချွေးများနှင့် ရင်းနှီးထားရသည့် တော်လှန်ရေး ခရီးဖြစ်ကြောင်း၊ ထို့ကြောင့် တော်လှန်ရေးလုံ့လကို အပြည့်၀ဆုံးစိုက်ထုတ်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။

“လူထုအသက်နဲ့ ရင်းထားတဲ့ တော်လှန်ရေးခရီးမှာ ရေသာခိုလို့ မရဘူးဆိုတာ ကျွန်တော်တို့ သတိချပ်မိဖို့ အထူးလိုအပ်ပါတယ်” ဟု ယာယီသမ္မတက ပြောသည်။

သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က မြေပြင်သို့ ကွင်းဆင်းခဲ့မှု အခြေအနေနှင့်ပတ်သက်ပြီး ယာယီသမ္မတက မိန့်ခွန်း၌ ထည့်သွင်း ပြောကြားခဲ့သည်။ ဝန်ကြီး ဒေါက်တာတူးခေါင်က မြေပြင်ရှိ တော်လှန်ရေးအင်အားစုများ အပါအဝင် ပြည်သူများနှင့်အတူ ထိတွေ့ ဆောင်ရွက်မှု များကို မြင်တွေ့ရ၍ အထူးဝမ်းသာသည်ဟု ယာယီသမ္မတက ပြောသည်။

ဝန်ကြီးဒေါက်တာတူးခေါင်နည်းတူ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်သည် မန္တလေး PDF ထိန်းချုပ်နယ်မြေများသို့ သွားရောက်ခဲ့သည်။ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ အလုပ်သမားရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နိုင်သု၀ဏ္ဏ၊ ဒုဝန်ကြီး ဦးကျော်နီ နှင့် အတွင်းဝန် နိုင်ထောရွက် တို့လည်း မြေပြင်ရှိ ရဲဘော်များထံ သွားရောက်ခဲ့သည့် မှတ်တမ်း ဓာတ်ပုံများ NUG သတင်းပြန်ကြားရေးဌာန PVTVက ယနေ့ ဖော်ပြသည်။ အလားတူ ပညာရေး ဒုဝန်ကြီး ဂျာထွယ်ပန်သည်လည်း မြေပြင်သို့ ကွင်းဆင်းမှုပြုလုပ်ခဲ့သည်။

“မြေပြင်မှာ တော်လှန်ရေးအင်အားစုတွေနဲ့ လူကိုယ်တိုင် ထိတွေ့ခြင်း၊ အတူတူ ရှိနေခြင်းဟာ လူထုအတွက် ခွန်အားလည်းဖြစ်သလို၊ တော်လှန်ရေးရှေ့ဆောင်မှုအတွက် အခြေခံကျင့်စဉ် မူတရပ်လည်း ဖြစ်ပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။

ယာယီသမ္မတသည် NUG အစိုးရ အဖွဲ့ဝင် ဝန်ကြီး၊ ဒုဝန်ကြီးများ ပြည်ပသို့ ရောက်ရှိနေပါက မြန်မာနိုင်ငံသို့ ပြန်လာကြရန်လည်း နိုဝင်ဘာလကုန်ပိုင်းက အစိုးရ အဖွဲ့အစည်းအဝေးတွင် တိုက်တွန်းထားသည်။ ၂၀၂၅ သည် တော်လှန်ရေးအတွက် အလှည့်အပြောင်း ဖြစ်လာမည့်နှစ်ဖြစ်၍ ဝန်ကြီးများအားလုံး တော်လှန်ရေး အရွေ့အတွက် ထိရောက်မှုရှိသည့် လုပ်ငန်းများကို ဦးစားပေးလုပ်ဆောင်ရန် ယာယီသမ္မတက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့်လည်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)တို့နှင့် သက်ဆိုင်သည့် တိုင်ကြားမှုများအနက် အမှု ၂၁မှုကို စစ်ဆေးအရေးယူခဲ့သည်ဟု အသိပေးသည်။

နိုင်ငံတကာ

ဆီးရီးယား ရေတပ် သင်္ဘောတွေကို တိုက်ခိုက် ဖျက်ဆီးပစ်ခဲ့ကြောင်း အစ္စရေးစစ်တပ် (IDF)က အတည်ပြု ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တော်လှန်ရေးတပ်တွေ စုပေါင်းပြီး ဖွဲ့စည်းမယ့် ကယ်မခြင်း အစိုးရအဖွဲ့ဆီ အာဏာလွှဲပြောင်းပေးရေး ညှိနှိုင်းသဘောတူခဲ့ကြောင်း ဆီးရီးယား ဝန်ကြီးချုပ်က ပြောပါတယ်။

သတင်း

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အလုပ်သမားရေးရာ ဝန်ကြီး ၊ ဒုဝန်ကြီးတို့ပါဝင်သည့်အစိုးရအဖွဲ့က မြေပြင်၌ ရောက်ရှိနေကြောင်း ထပ်မံဖော်ပြလာခြင်းဖြစ်သည်။

Facebook