close
Connect with us

Hi, what are you looking for?

သတင်း

တာမွေမြို့နယ်စည်ပင်ရုံးကို လက်ပစ်ဗုံးဖြင့်တိုက်ခိုက်၊ ဝန်ထမ်းနှစ်ဦးဒဏ်ရာရဟုဆို

တိုက်ခိုက်မှုဖြစ်ပြီးချိန်၌ စစ်ကားနှင့် ရဲကားများအပြင် လူနာတင်ယာဉ် သုံးစီးရောက်ရှိလာသည်ဟု ဒေသခံ သတင်းဖော်ပြပေးနေသည့် ချန်နယ်များ၌ ရေးသားထားသည်။

တာမွေမြို့နယ်စည်ပင်ရုံးကို လက်ပစ်ဗုံးဖြင့်တိုက်ခိုက်၊ ဝန်ထမ်းနှစ်ဦးဒဏ်ရာရဟုဆို
တာမွေမြို့နယ်စည်ပင်ရုံးကို လက်ပစ်ဗုံးဖြင့်တိုက်ခိုက်၊ ဝန်ထမ်းနှစ်ဦးဒဏ်ရာရဟုဆို

သတိုး ၊သုည/People’s Spring

ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ ဈေးသည်များအား ခြိမ်းခြောက် ဖိနှိပ်မှုများပြုလုပ်နေသည့် မြို့နယ်စည်ပင်သာယာရေးကော်မတီရုံးအား လက်ပစ်ဗုံးဖြင့်တိုက်ခိုက်ခဲ့ရာ Non CDM ဝန်ထမ်းနှစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း Freeland Attack Force-FLA အဖွဲ့မှတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

“အာဏာသုံးပြီးအမျိုးမျိုးခြိမ်းခြောက် ငွေညှစ်တယ်ပြီးရင် စစ်တပ်နဲ့ခြိမ်းခြောက်တယ်။ ဧည့်စစ်တွေမှာလဲထွေအုပ်တွေနဲ့ပေါင်းပြီး လိုက်ပေးနေတာ။ကျွန်တော်တို့အမျိုးမျိုးသတိပေးပါတယ်။ သတိပေးလို့မရတဲ့အဆုံး အရေးယူရတာဖြစ်ပါတယ်” ဟု ယင်းတိုက်ခိုက်မှူနှင့်ပတ်သက်၍ ၎င်းက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို ဒီဇင်ဘာ ၁၀ရက် ညနေ ၆ နာရီ ၅၀မိနစ်ခန့်တွင် FLA အဖွဲ့နှင့်အတူ Anonymous Fighters Force-AFF အဖွဲ့တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရုံးအတွင်း၌ Non CDM ဝန်ထမ်းသုံးဦးအနက် နှစ်ဦးဒဏ်ရာရရှိသည်ဟု အတည်ပြုနိုင်ကြောင်း၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုဖြစ်ပြီးချိန်၌ စစ်ကားနှင့် ရဲကားများအပြင် လူနာတင်ယာဉ် သုံးစီးရောက်ရှိလာသည်ဟု ဒေသခံ သတင်းဖော်ပြပေးနေသည့် ချန်နယ်များ၌ ရေးသားထားသည်။

“၇ နာရီလောက်က တာမွေမှာ ဗုံးပေါက်သံ အကျယ်ကြီး ကြားလိုက်ရတယ်။ မီးပွိုင့်နားက စည်ပင်ရုံးမှာ ပေါက်တာလို့တော့ သိရတယ်။ ရုံးထဲက သူတို့ ဝန်ထမ်း နှစ်ယောက်ထိတယ်လို့ ကြားတယ်။ လူနာတင်ကားတွေ ဝင်သွားတာ တွေ့လိုက်တယ်”ဟု တာမွေမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

“မလွှကုန်းလမ်းထိပ်စည်ပင်ရုံးဘေးက အမှိုက်ပုံးနားမှာ အသံအကျယ်ကြီး ။ကိုယ်တွေ YBS က ပွိုင့်မိနေတုန်းမှာ အငွေ့တွေတော့ ထွက်နေတယ် အနားမှာ စျေးသည်နဲ့ စည်ပင်အမှိုက် သမားနှစ်ယောက်လောက်တော့ရှိတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် တာမွေလမ်းဆုံနှင့် ကျောက်မြောင်းရပ်ကွက်တို့တွင် စစ်ကောင်စီဝင်များက လမ်းပိတ်၍ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့များ၏ နေအိမ်များကို မတရားသဖြင့် ဖျက်စီးရာတွင် ပါဝင်ခဲ့သောကြောင့် ပစ်မှတ်အနေဖြင့် သတ်မှတ်ပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Dark Shadow အဖွဲ့က ထုတ်ပြန်ခဲ့သည်။

သတင်း

လက်ရှိ လူထုကြား ​သောကများ​နေကြသည့် စစ်မှုထမ်းကိစ္စကို အထူးအ​လေး​ပေးပြုလုပ်​နေကြသည့် စစ်ကောင်စီအလိုတော်ရိ ဝန်ထမ်းများ၊ ​ထွေအုပ်၊ ရပ်ကွက်အုပ်ကြီးများနှင့် လက်​​ဝေခံ ထောက်တိုင်များလည်း သတိထား​နေကြရန် ရန်ကုန်ပကဖက ပြင်းထန်စွာ သတိ​ပေးသည်။

မေးမြန်းခန်း

အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးမှု ကြောင့် ဆန္ဒပြ လူငယ် ၂ ဦးသေဆုံးပြီး လူငယ်အချို့ ဖမ်းဆီးခံခဲ့ရကြောင်း မီဒီယာများကဖော်ပြသည်။စစ်ကောင်စီကမူ ၂ ဦးဒဏ်ရာရရှိပြီး စုစုပေါင်း ၄ ဦးကိုဖမ်းဆီးခဲ့ကြောင်းဝါဒဖြန့်ခဲ့သည်။

သတင်း

အဆိုပါ တိုက်ခိုက်မှုကို Freeland Attack Force (FLA) နှင့် Anonymous Fighters Force (AFF) တို့မှ ဦးဆောင်ပြီး ပူးပေါင်း မဟာမိတ်အဖွဲ့ဖြစ်သည့် Emerald Girls Army (EGA) တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ည ၁၂နာရီ ၁၂မိနစ်တွင်...

Facebook