close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆီးရီးယား ရေတပ် သင်္ဘောတွေကို အစ္စရေး တိုက်ခိုက်ဖျက်ဆီး

ဆီးရီးယား ရေတပ် သင်္ဘောတွေကို တိုက်ခိုက် ဖျက်ဆီးပစ်ခဲ့ကြောင်း အစ္စရေးစစ်တပ် (IDF)က အတည်ပြု ပြောကြားခဲ့ပါတယ်။

ဆီးရီးယား ရေတပ် သင်္ဘောတွေကို အစ္စရေး တိုက်ခိုက်ဖျက်ဆီး

-People’s Spring

ဒီဇင်ဘာ ၉ ရက် ညပိုင်းတုန်းက အယ်လ်ဘေဒါနဲ့ လာတက်ကီရာ ဆိပ်ကမ်းတွေမှာ စုစုပေါင်း ရေယာဉ် ၁၅ စီးလောက် ရပ်နားထားတဲ့အချိန် လေကြောင်းကနေ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း IDFက ဆိုပါတယ်။

ဒါဟာ ဆီးရီးယားမှာ သမ္မတ ဘာရှာအယ်လ်အာဆတ်ရဲ့ အစိုးရ ပြုတ်ကျသွားပြီးတဲ့နောက် ကွဲပြားစုံလင်တဲ့ တော်လှန်ရေး အင်အားစုတွေ လက်ထဲကို ကူးပြောင်း ရောက်ရှိသွားမယ့် စစ်လက်နက်တွေကို ကြိုတင် ဖျက်ဆီးနေတဲ့ အစ္စရေးရဲ့ အားထုတ်မှုတစ်ခုလည်း ဖြစ်ပါတယ်။ အဲဒီ တော်လှန်ရေး အင်အားစုတွေထဲမှာ အစ္စရေးအပေါ် ခါးသီးတဲ့ သဘောထားမျိုးနဲ့ အစုအဖွဲ့တွေလည်း ပါဝင်နေပါတယ်။

ဆီးရီးယား ရေတပ် သင်္ဘောတွေကို အစ္စရေး တိုက်ခိုက်ဖျက်ဆီး
ဆီးရီးယား ရေတပ် သင်္ဘောတွေကို အစ္စရေး တိုက်ခိုက်ဖျက်ဆီး

အွန်လိုင်းပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေထဲမှာတော့ လာတက်ကီရာ ဆိပ်ကမ်းမှာ ရေယာဉ်တွေ အများအပြား ပျက်စီးပြီး ဖရိုဖရဲ ပြန့်ကြဲနေတာကို တွေ့ရပါတယ်။ IDFဟာ ဒီဇင်ဘာ ၈ ရက်နေ့မှာ အာဆတ် အစိုးရ ပြိုလဲသွားပြီးချိန် ကတည်းက ဆီးရီးယား ပိုင်နက်ထဲက လက်နက်တိုက်တွေ၊ စစ်ရေးပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၃၅၀ လောက် လုပ်ဆောင်ပြီး ဖြစ်သလို ဆီးရီးယားနဲ့ အစ္စရေး နိုင်ငံကြားမှာ မူလက စစ်မဲ့ဇုန်အဖြစ် ပိုင်းခြား သတ်မှတ်ထားတဲ့ ကြားခံနယ်မြေနဲ့ ဂိုလန်ကုန်းပြင်မြင့်ကိုလည်း မြေပြင်တပ်တွေက ဝင်ရောက် ထိန်းချုပ်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဆီးရီးယား ရေတပ် သင်္ဘောတွေကို အစ္စရေး တိုက်ခိုက်ဖျက်ဆီး
ဆီးရီးယား ရေတပ် သင်္ဘောတွေကို အစ္စရေး တိုက်ခိုက်ဖျက်ဆီး

ဆီးရီးယားရေတပ် သင်္ဘောတွေကို တိုက်ခိုက် ဖျက်ဆီးခဲ့တာနဲ့ ပတ်သက်ပြီး အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က အစ္စရေး နိုင်ငံကို ခြိမ်းခြောက်လာနိုင်တဲ့ မဟာဗျူဟာ တိုက်ခိုက်ရေး စွမ်းရည်တွေကို လက်ဦးမှုယူပြီး ထိထိရောက်ရောက် ဖြိုခွင်းထားခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုတွေဟာ ဆီးရီးယားမြို့တော် ဒမတ်စကက်အပြင် ဟွမ်းစ်၊ တာတူစ်၊ ပယ်လ်မိုင်ယာတို့မှာရှိတဲ့ လက်နက်တိုက်တွေ၊ လက်နက်စက်ရုံတွေနဲ့ ဒုံးကျည် သိုလှောင်ရုံတွေကိုပါ ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုတွေ အားလုံးရဲ့ ရည်ရွယ်ချက်ကတော့ ဖျက်အားပြင်း စစ်လက်နက်တွေကို အစွန်းရောက်ဝါဒီ အင်အားစုတွေ လက်ထဲ ရောက်မသွားအောင် တားဆီးဖို့ ဖြစ်တယ်လို့ IDFက ကြေညာထားပါတယ်။

ဆီးရီးယား ရေတပ် သင်္ဘောတွေကို အစ္စရေး တိုက်ခိုက်ဖျက်ဆီး
ဆီးရီးယား ရေတပ် သင်္ဘောတွေကို အစ္စရေး တိုက်ခိုက်ဖျက်ဆီး

ဒါ့အပြင် အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ဆီးရီးယားမှာ သမ္မတ အာဆတ်ရဲ့ အစိုးရကို ဦးဆောင် ဖြိုချခဲ့တဲ့ တော်လှန်ရေး အင်အားစု ဟာယတ် တာဟ်ရီ အယ်လ်ရှမ် (HTS)ကသာ ပြည်တွင်းမှာ အီရန်ကို ပြန်လည် အခြေစိုက်ခွင့် ပြုမယ်ဆိုရင် အစ္စရေးဆီက ပြင်းထန်တဲ့ အရေးယူ တုံ့ပြန်မှုတွေကို ရင်ဆိုင်ရလိမ့်မယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။ အီရန်ဟာ ဆီးရီးယား ပြည်တွင်းစစ်မှာ အာဆတ်ရဲ့ အဓိက မဟာမိတ်အဖြစ် အကူအညီ ပေးခဲ့ပါတယ်။

အစောပိုင်းမှာ နေတန်ညာဟုက သူ့ရဲ့ သဘောထားအရ အစ္စရေးဟာ အသစ်ပေါ်ထွန်းလာမယ့် ဆီးရီးယား အစိုးရနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးကိုသာ ပိုမိုလိုလားကြောင်း ပြောကြားထားပြီး ဆီးရီးယား ပိုင်နက်ထဲမှာ လက်ရှိ လုပ်ဆောင်နေတဲ့ စစ်ဆင်ရေးတွေကိုတော့ ကာကွယ်ရေး အစီအမံမျိုးသာ ဖြစ်တယ်လို့ ကာကွယ် မှတ်ချက်ပေးထားပါတယ်။

ကိုးကား -BBC

ဆက်စပ်သတင်းများ

သတင်း

“လူထုအသက်နဲ့ ရင်းထားတဲ့ တော်လှန်ရေးခရီးမှာ ရေသာခိုလို့ မရဘူးဆိုတာ ကျွန်တော်တို့ သတိချပ်မိဖို့ အထူးလိုအပ်ပါတယ်”

နိုင်ငံတကာ

တော်လှန်ရေးတပ်တွေ စုပေါင်းပြီး ဖွဲ့စည်းမယ့် ကယ်မခြင်း အစိုးရအဖွဲ့ဆီ အာဏာလွှဲပြောင်းပေးရေး ညှိနှိုင်းသဘောတူခဲ့ကြောင်း ဆီးရီးယား ဝန်ကြီးချုပ်က ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေး စစ်တပ်ကလည်း ဆီးရီးယား အစိုးရ ပြိုလဲသွားတဲ့ အချိန်မှာ နှစ်ဖက် သဘောတူညီမှု ပျက်ပြယ်ပြီး လက်နက်ကိုင် အင်အားစုတွေ အစ္စရေးပိုင်နက်ထဲ ထိုးဖောက် ဝင်ရောက်လာနိုင်ခြေကို နိုးနိုးကြားကြား စောင့်ကြည့်နေကြောင်း အတည်ပြုထားပါတယ်။

နိုင်ငံတကာ

ဓာတုလက်နက်တွေနဲ့ ဒုံးကျည်တွေ သိုမှီးထားတယ်လို့ ယုံကြည်ရတဲ့ ဆီးရီးယား စစ်ရေးပစ်မှတ် နေရာတွေကို လေကြောင်းကနေ တိုက်ခိုက် ဖျက်ဆီးခဲ့တယ်လို့ အစ္စရေးစစ်တပ် (IDF)က အတည်ပြုခဲ့ပါတယ်။

Facebook