close
Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန် – မန္တလေးလမ်းဟောင်းတွင် စစ်မှုထမ်းရန် စစ်တ​ပ်က အိမ်စီးကားများဖြင့် လူငယ်များလိုက်လံဖမ်းဆီးနေ

ရန်ကုန်မြို့တွင်လည်း စစ်မှုထမ်းရန် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများ ရပ်ကွက်ရုံးများနှင့်ဆက်သွယ်ကြရန် စစ်ကောင်စီက ဖိအားပေးနေသည်။

(စစ်မှုထမ်းရန် စုဆောင်းခံရသူများအား မေလအတွင်းက တွေ့ရစဥ်။ဓာတ်ပုံ - စကစ)
(စစ်မှုထမ်းရန် စုဆောင်းခံရသူများအား မေလအတွင်းက တွေ့ရစဥ်။ဓာတ်ပုံ - စကစ)

​အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်ရှိ ရန်ကုန် – မန္တလေးလမ်းဟောင်းတွင် စစ်မှုထမ်းခေါ်ဆောင်ရန် စစ်ကောင်စီတပ်က အိမ်စီးကားများဖြင့် လူငယ်များအား လိုက်လံဖမ်းဆီးနေကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (ဒီဇင်ဘာ ၁၁ရက်)နံနက်ပိုင်းက ကျောက်ဆည်မြို့နှင့် ဟန်မြင့်မိုရ်ကျေးရွာကြား ရန်ကုန် – မန္တလေးလမ်းပိုင်းတလျှောက်တွင် စစ်ကောင်စီတပ်က စစ်မှုထမ်းရန် လူငယ်များအား လိုက်လံဖမ်း​ဆီးခဲ့ရာ လူငယ် ၃၀ခန့် ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံများက ပြောသည်။

“ကျောက်ဆည်အနီးတဝိုက်ပေါ်တာ အဆွဲကြမ်းနေတာ။ ရန်ကုန်-မန္တလေးလမ်းဟောင်းလမ်းမကြီးတလျှောက် တွေ့သမျှအကုန်ဆွဲနေတယ်။ အိမ်စီးကားနဲ့။”ဟု ကျောက်ဆည်ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အလားတူ ကျောက်ဆည်မြို့နှင့်ကပ်လျက် စဉ့်ကိုင်မြို့နယ်တွင်လည်း စစ်ကောင်စီတပ်က ကျေးရွာများအတွင်းထိ လိုက်လံဖမ်းဆီးနေကြောင်း ဒေသခံများက ပြောသည်။

တပ်သားသစ်လိုအပ်ချက် ကြီးမားနေသော စစ်ကောင်စီသည် ယခင်လို ငွေညှစ်ပြီး ပြန်လွှတ်ပေးခြင်း၊ ငွေဖြင့် လူစားထိုးခြင်း၊ ရပ်ကျေးများမှ မဲနှိုက်ရွေးချယ်ခြင်းများ မရှိတော့ဘဲ ၎င်းတို့၏ တပ်ရင်းစခန်းများအတွင်းသို့ တိုက်ရိုက်ပို့ဆောင်ပြီး တပ်သားသစ်အဖြစ် စုဆောင်းနေကြောင်း MDY REVOLUTION က အသိပေးသည်။

ထို့အပြင် မန္တလေးမြို့ပေါ်ရပ်ကွက်များတွင် လည်း စစ်ကောင်စီက ဖမ်းဆီးမှုများပြုလုပ်နေပြီး ဒီဇင်ဘာလဆန်းပိုင်းအတွင်း လူငယ် ၃၀ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရသည်ကို Voice Of Mandalay၏ စာရင်းများအရ သိရသည်။

စစ်ကောင်စီသည် နိုဝင်ဘာပထမလဝက်အတွင်းကလည်း မန္တလေး၊တံတားဦး၊ ကျောက်ဆည်၊ မြစ်သား၊ ဝမ်းတွင်း၊ မလှိုင်၊ မိတ္ထီလာနယ်များမှ လူငယ်ရာချီ စစ်မှုထမ်းရန် အဓမ္မဖမ်းဆီးခေါ်ဆောင်သွားသည်။

အလားတူ ရန်ကုန်မြို့တွင်လည်း စစ်မှုထမ်းရန် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများ ရပ်ကွက်ရုံးများနှင့်ဆက်သွယ်ကြရန် စစ်ကောင်စီက ဖိအားပေးနေသည်။

အသက် (၁၈)နှစ်ပြည့်ပြီးသူတိုင်း စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထို့နောက် စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စစ်သားစုဆောင်းပေးနေသည်။ လက်ရှိတွင် စစ်မှုထမ်းသင်တန်း အပတ်စဉ်(၈)ဖွင့်လှစ်ရန် ပြင်ဆင်နေပြီး လူသစ်စုဆောင်း၍မရသောကြောင့် စစ်ကောင်စီက လိုက်လံဖမ်းဆီးနေခြင်းဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် မန္တလေးတိုင်းအပြင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ပဲခူးတိုင်းတို့မှ ၎င်းတို့ထိန်းချုပ်ဒေသများတွင် စစ်မှုထမ်းဥပဒေအကြောင်းပြ၍ ဖမ်းဆီးမှုများရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ ပလိပ်မြို့တွင်လည်း စစ်ကောင်စီက စစ်မှုထမ်းရန် လူငယ်များအား ဖမ်းဆီးနေကြောင်း ဒေသခံများက ပြောသည်။

သတင်း

၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ မန္တလေးတိုင်းက တစ်နိုင်ငံလုံးရဲ့ လူဦးရေ ၁၂ ရာခိုင်နှုန်းကျော်ရှိနေပြီး ဒုတိယ လူဦးရေ အများဆုံး ဒေသကြီး ဖြစ်ပါတယ်။

သတင်း

ပြီးခဲ့တဲ့စက်တင်ဘာကလည်း တံတားဦးမြို့နယ်၌ တစ်လအတွင်း လူငယ်အမျိုးသားများ ရာနှင့်ချီပေါ်တာဆွဲဖမ်းဆီးခံခဲ့ရသည်ဟု သတင်းရရှိသည်။

သတင်း

စစ်ကောင်စီက လူငယ်များအား ထပ်မံဖမ်းဆီးမည်ဟု သတင်းများထွက်ပေါ်နေ၍ ပြည်သူအချင်းချင်းသတိပေးနေရကြောင်း မြို့ခံအချို့က ပြောသည်။

Facebook