close
Connect with us

Hi, what are you looking for?

သတင်း

NUG ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ ​မြေပြင်တွင် ​တော်လှန်​ရေးရဲ​ဘော်များ​အားတွေ့ဆုံ

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အလုပ်သမားရေးရာ ဝန်ကြီး ၊ ဒုဝန်ကြီးတို့ပါဝင်သည့်အစိုးရအဖွဲ့က မြေပြင်၌ ရောက်ရှိနေကြောင်း ထပ်မံဖော်ပြလာခြင်းဖြစ်သည်။

(NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ၊ အလုပ်သမားရေးရာဝန်ကြီး နိုင်သုဝဏ္ဏ ၊ ဒုဝန်ကြီးဦးကျော်နီ နှင့် အတွင်းဝန် နိုင်ထောရွတ်တို့ကို​​တော်လှန်​ရေးတပ်ဖွဲ့ဝင်များနှင့် အတူတွေ့ရစဥ်။ ဓါတ်ပုံ- PVTV)
(NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ၊ အလုပ်သမားရေးရာဝန်ကြီး နိုင်သုဝဏ္ဏ ၊ ဒုဝန်ကြီးဦးကျော်နီ နှင့် အတွင်းဝန် နိုင်ထောရွတ်တို့ကို​​တော်လှန်​ရေးတပ်ဖွဲ့ဝင်များနှင့် အတူတွေ့ရစဥ်။ ဓါတ်ပုံ- PVTV)

အိမ်သွင်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း နှင့် အလုပ်သမားရေးရာ ဝန်ကြီး ၊ ဒုဝန်ကြီးတို့ပါဝင်သည့်အစိုးရအဖွဲ့က မြေပြင်တိုက်ခိုက်ရေး ရဲဘော်များထံသွားရောက်ပြီး အားပေး စကားပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ၊ အလုပ်သမားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ ၊ ဒုဝန်ကြီးဦးကျော်နီ နှင့် အတွင်းဝန် နိုင်ထောရွတ်တို့က မြေပြင်တိုက်ခိုက်ရေး ရဲဘော်များထံ သွားရောက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများကို NUG အစိုးရ၏ သတင်းပြန်ကြား​ရေးဌာန PVTVက ယ‌နေ့(ဒီဇင်ဘာ ၁၀ ရက်)တွင်ဖော်ပြသည်။

(NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ၊ အလုပ်သမားရေးရာဝန်ကြီး နိုင်သုဝဏ္ဏ ၊ ဒုဝန်ကြီးဦးကျော်နီ နှင့် အတွင်းဝန် နိုင်ထောရွတ်တို့ကို​​တော်လှန်​ရေးတပ်ဖွဲ့ဝင်များနှင့် အတူတွေ့ရစဥ်။ ဓါတ်ပုံ- PVTV)
(NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ၊ အလုပ်သမားရေးရာဝန်ကြီး နိုင်သုဝဏ္ဏ ၊ ဒုဝန်ကြီးဦးကျော်နီ နှင့် အတွင်းဝန် နိုင်ထောရွတ်တို့ကို​​တော်လှန်​ရေးတပ်ဖွဲ့ဝင်များနှင့် အတူတွေ့ရစဥ်။ ဓါတ်ပုံ- PVTV)

တော်လှန်ရေးအောင်မှသာလျှင် ပြည်သူ့ဘဝငြိမ်းချမ်းမည် ဖြစ်​သော​ကြောင့် ဆက်လက်အားစိုက်ကြစေလိုကြောင်း၊ PDF များ၏ အားထုတ်မှုတိုင်းကို ကျေးဇူးတင်ကြောင်း၊ CDM နှင့်PDF က တော်လှန်ရေး၏ ဘယ်လက်သီးနှင့် ညာလက်သီး ဖြစ်ကြောင်းဒုဝန်ကြီးဦးကျော်နီက ပြောခဲ့သည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

နိုင်ငံပြင်ပသို့ရောက်နေသည့် အစိုးရအဖွဲ့ဝင်များ ပြည်တွင်းသို့ပြန်လာရန်အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတဒူဝါလရှီးလက တိုက်တွန်းပြီးနောက် NUG အစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့က ၎င်းတို့သည်တော်လှန်ရေးနယ်မြေများ၌ ရှိနေကြောင်းမှတ်တမ်းဓါတ်ပုံများဆက်တိုက်ထုတ်ဖော်ပြသလာကြသည်။

NUGယာယီသမ္မတဒူဝါလရှီးလက နိုဝင်ဘာ ၂၆ ရက်နေ့က ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေးတွင်တိုက်တွန်းပြီးနောက် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ပညာရေးဒုဝန်ကြီး ဂျာထွယ်ပန်၊ သဘာဝ သယံဇာတကာကွယ်​ရေးဝန်ကြီး ဒေါက်တာ တူးခေါင်တို့က တော်လှန်ရေးနယ်မြေများ၌ရှိနေကြောင်း လူမှုကွန်ရက်မှတစ်ဆင့်အသိပေးခဲ့ကြသည်။

(NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ၊ အလုပ်သမားရေးရာဝန်ကြီး နိုင်သုဝဏ္ဏ ၊ ဒုဝန်ကြီးဦးကျော်နီ နှင့် အတွင်းဝန် နိုင်ထောရွတ်တို့ကို​​တော်လှန်​ရေးတပ်ဖွဲ့ဝင်များနှင့် အတူတွေ့ရစဥ်။ ဓါတ်ပုံ- PVTV)
(NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ၊ အလုပ်သမားရေးရာဝန်ကြီး နိုင်သုဝဏ္ဏ ၊ ဒုဝန်ကြီးဦးကျော်နီ နှင့် အတွင်းဝန် နိုင်ထောရွတ်တို့ကို​​တော်လှန်​ရေးတပ်ဖွဲ့ဝင်များနှင့် အတူတွေ့ရစဥ်။ ဓါတ်ပုံ- PVTV)

ကာကွယ်ရေးဝန်ကြီးဦးရည်မွန်သည် မန္တလေးတိုင်းအတွင်း စစ်ဆင်ရေးနယ်မြေများတွင် PDF ရဲဘော်များနှင့်တွေ့ဆုံနေသည့် ဓာတ်ပုံမှတ်တမ်းများအား လူထုသပိတ်ခေါင်းဆောင်ဒေါက်တာတေဇာစန်းက နိုဝင်ဘာ ၃၀ ရက်၌ လူမှုကွန်ရက်မှတဆင့် ဖော်ပြခဲ့သည်။ ဦးရည်မွန်သည် ယခင်ကလည် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်မှ စစ်ဆင်ရေးနယ်မြေများသို့ သွားရောက်ခဲ့ဖူးသည်။

ပညာရေးဒုဝန်ကြီး ဂျာထွယ်ပန်ကလည်း တော်လှန်ရေးအင်အားစုများထိန်းချုပ်ဒေသမှ တော်လှန်ပညာရေး မိသားစုများနှင့် တွေ့ဆုံဆွေးနွေးပွဲကို နိုဝင်ဘာ ၉ ရက်က ပြုလုပ်ခဲ့သည်။ အဆိုပါတွေ့ဆုံပွဲမှတ်တမ်းကို NUG ပညာရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

သဘာဝ ၊သယံဇာတကာကွယ်​ရေးဝန်ကြီး ဒေါက်တာတူးခေါင်က ၎င်းသည် တော်လှန်ရေးနယ်မြေ၌ရှိနေကြောင်း အညာ​ဒေသတွင်ကွင်းဆင်း​နေ​သော မှတ်တမ်းဓာတ်ပုံများကို ဒီဇင်ဘာလ ၃ရက်ညက ထုတ်ဖော်ပြသလာသည်။

ယခုအခါပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အလုပ်သမားရေးရာ ဝန်ကြီး ၊ ဒုဝန်ကြီးတို့ပါဝင်သည့်အစိုးရအဖွဲ့က မြေပြင်၌ ရောက်ရှိနေကြောင်း ထပ်မံဖော်ပြလာခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူရင်ခွင်ခိုလှုံလာသူများထဲတွင် စစ်ကောင်စီတပ်၏ အဓမ္မစစ်သားစုဆောင်းမှုခံရသူ ၃၃ဦးလည်း ပါဝင်ခဲ့သည်ဟု ဆိုသည်။

သတင်း

▪︎စစ်ကြောင်းရှိ ရဲဘော်အင်အား ထက်ဝက်ကို လက်နက်တပ်ဆင်ပေးမည်ဟု PDF တောင်ပိုင်းစစ်ဒေသ ဒုစစ်ဒေသမှူးပြော

သတင်း

ကျင့်ဝတ်မဲ့စွာ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေသည့် တရုတ်နိုင်ငံ၏ လုပ်ရပ်အပေါ် NUG အပါအဝင် တော်လှန်ရေးအင်အားစုများက လက်မခံကြောင်း ထုတ်ဖော် အသိပေးထားသည်။

သတင်း

သယံဇာတဝန်ကြီး ဒေါက်တာတူးခေါင်က ၎င်းသည် တော်လှန်ရေးနယ်မြေ၌ရှိနေကြောင်း မှတ်တမ်းဓာတ်ပုံများကို ဒီဇင်ဘာလ ၃ရက်ညက ထုတ်ဖော်ပြသလာသည်။

Facebook