close
Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးမြို့နယ်တွင် စစ်တပ်ကပစ်ခတ်၍ ပြည်သူ နှစ်ဦးကျည်ထိမှန်

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း မုံရွာမြို့နယ်တောင်ပိုင်းရှိကျေးရွာများအား ဝင်ရောက်စီးနင်းပြီး ပြည်သူများအားဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။

(မုံရွာမြို့နယ်တနေရာ၌ စစ်ကောင်စီတ​ပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ဓာတ်ပုံ - CJ)
(မုံရွာမြို့နယ်တနေရာ၌ စစ်ကောင်စီတ​ပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ဓာတ်ပုံ - CJ)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာကို စစ်ကောင်စီတပ်စစ်ကြောင်းက ဝင်ရောက် ပစ်ခတ်၍ ပြည်သူနှစ်ဦး ကျည်ထိမှန်ထားကြောင်း ဒေသခံများက ပြောသည်။

ယနေ့(နိုဝင်ဘာ ၂၇ ရက်) နံနက်ပိုင်းက မုံရွာ – မန္တလေးလမ်းပိုင်းရှိ ခင်မွန်ကျေးရွာအား စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် ဝင်ရောက်စီးနင်းခဲ့သည်။

ထို့နောက် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာရပ်သာရပ်ကွက်နေ ပြည်သူ တစ်ဦးနှင့် ဆူးလေကုန်းရပ်ကွက်မှ ပြည်သူ တစ်ဦးတို့ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း မုံရွာကင်းထောက်များအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

“အဖွဲ့ လေးဖွဲ့ခွဲပြီး ဝင်လာကြတာ။ ရမ်းပစ်နေတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတ​ပ်၏ ပစ်ခတ်နေမှုကြောင့် မုံရွာ – မန္တလေးလမ်းပိုင်း၊ ခင်မွန်ကျောင်းကွေ့အနီး ယာဥ်တန်းများ ရပ်တန့်စောင့်ဆိုင်းရာမှ လမ်းကြောပိတ်ဆို့သွားကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် မုံရွာ – မန္တလေးလမ်းပိုင်းရှိ စွမ်းရည်ထက်ဆီဆိုင်စခန်းမှ စစ်သားများသည် မအူနှင့် မြေနဲကျေးရွာကြားရောက်ရှိကာ ပြည်သူများကို မိုင်းရှာခိုင်းပြီး သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း ခရီးသွားများက ပြောသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း မုံရွာမြို့နယ်တောင်ပိုင်းရှိကျေးရွာများအား ဝင်ရောက်စီးနင်းပြီး ပြည်သူများအားဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်း၌ မည်သည့်တိုက်ခိုက်မှုမျှ ဆက်ရှိမနေဘဲ ပုံမှန်အနေအထားဖြင့် ခရီး သွားအချို့ဖြတ်သန်းသွားလာလျှက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

သတင်း

တောင်ရင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၂နိုဝင်ဘာအတွင်းကလည်း စစ်ကောင်စီတပ်က ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့၍ နေအိမ်ပေါင်း ၁၄၀ကျော် မီးလောင်ပြာကျခဲ့ဖူးသည်။

သတင်း

ယနေ့ (နိုဝင်ဘာ ၂၄ ရက်)တွင်လည်း ဆီမီးခုံဆိပ်ကမ်း-မြို့သာစက်မှု့ဇုံလမ်းမပေါ်တွင် သေနက်ပစ်ခတ်သံများကြားခဲ့ရကြောင်း ဒေသခံများက ပြောသည်။

သတင်း

ကမ္ဘာကြီး၏အာရုံစိုက်မှုသည် အခြားနေရာများတွင်သာရှိသဖြင့် မြန်မာ့အရေးကို ‘မျက်ကွယ်ပြုခံထားရသော အကျပ်အတည်း’ဟု မစ္စတာအန်ဒရူးက ခေါ်ဝေါခဲ့သည်။

Facebook