close
Connect with us

Hi, what are you looking for?

သတင်း

စစ်​တပ်ကြည်း​၊ရေ​၊လေညှိကွပ်ဗိုလ်ချုပ်ကြီးမောင်​မောင်​​အေးသားမင်္ဂလာဆောင်လုပ်​နေ​သောနေပြည်​တော်MICC 2 ကိုဒရုန်းဖြင့်တိုက်ခိုက်ဟုရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ထုတ်ပြန်

စစ်​ကောင်စီ ဝန်ထမ်းတစ်ဦးက MICC2 တိုက်ခိုက်ခံရမှုကို ၎င်းမသိဘဲ ဇမ္ဗူသီရိမြို့နယ်ရှိ အရာရှိအိမ်ရာထဲ ဒရုန်းဖြင့်တိုက်ခိုက်ခံရ​​ကြောင်း​ပြောသည်။

(ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့မှ Fixed wing drone နှင့် တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ- Shar Htoo Waw)
(ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့မှ Fixed wing drone နှင့် တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ- Shar Htoo Waw)

-မိထက် ၊သတိုး/People’s Spring

စစ်​ကောင်စီ ကြည်းရေလေညှိနှိုင်းကွပ်ကဲရေးမှူးဗိုလ်ချုပ်ကြီးမောင်မောင်အေး၏ သား မင်္ဂလာဆောင် အခမ်းအနားပြုခဲ့​သောနေပြည်တော် MICC2 ခန်းမကို ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ကFixed wing drone ဖြင့်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

နိုဝင်ဘာ ၂၅ ရက်က စစ်​ကောင်စီ ကြည်း၊ရေ၊လေ ညှိုနှိုင်းကွပ်ကဲရေးမှုး ‌၏ သား မင်္ဂလာဆောင်ကို MICC2 ၌ပြုလုပ်ရာ စစ်ကောင်စီခေါင်းဆောင်များတတ်ရောက်မည်ဖြစ်ကြောင်းသတင်းရသဖြင့် စနစ်တကျပြင်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ရှာထူးဝေါ် နည်းပညာအဖွဲ့က နိုဝင်ဘာ ၂၆ ရက်ညတွင် အသိ​ပေးသည်။

အဆိုပါစစ်ဆင်ရေးကို ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့၏ Kloud drone အဖွဲ့နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်စစ်တိုင်းဌာနတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Public Service Announcement

Public Service Announcement

“ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့၏ ဒရုန်းတိုက်ခိုက်မှုကြောင့် လုံခြုံရေးဆောင်ရွက်နေသော ရဲနှင့်စစ်သားတစ်ချို့ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်းလည်းသိရသည်။ ထို့ပြင် အခမ်းအနားတက်ရောက်လာကြသော စစ်အုပ်စု ဗိုလ်ချုပ်အချို့မှာလည်း ကြောက်လန့်ထွက်ပြေးကာ ဝရုန်းသုန်းကားဖြစ်ခဲ့ကြောင်း နေပြည်တော်အတွင်းသတင်းရင်းမြစ်များထံမှ ပြန်လည်ကြားသိရသည်။ ” ဟု ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့က ​ထုတ်ပြန်သည်။

​နေပြည်​တော်မှ စစ်​ကောင်စီ ဝန်ထမ်းအချို့က လည်း နိုဝင်ဘာ ၂၅ ရက် နံနက် ၁၀ နာရီခန့်တွင်နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ရှိ အရာရှိအိမ်ရာထဲသို့ ဒရုန်းအချို့ ဖြင့်တိုက်ခိုက်ခံရ​ကြောင်း ​ပြောသည်။

စစ်​ကောင်စီ ဝန်ထမ်းတစ်ဦးက MICC2 တိုက်ခိုက်ခံရမှုကို ၎င်းမသိဘဲ ဇမ္ဗူသီရိမြို့နယ်ရှိ အရာရှိအိမ်ရာထဲ ဒရုန်းဖြင့်တိုက်ခိုက်ခံရ​​ကြောင်း​ပြောသည်။

အခြားသတင်းရင်းမြစ်တစ်ဦးကလည်း စစ်ကောင်စီညွှန်မှူး၏အိမ်အနီး ဒရုန်းဗုံး ၂ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှုအချို့ရှိသည်ဟု​ပြောသည်။ လူထိခိုက်မှုရှိမရှိကို မပြောပေ။

“သူတို့လိုက်ပိတ်နေတယ်။ သတင်းထွက်သွားရင် ရမ်းနိုင်တယ်”ဟု ၎င်းက ပြောသည်။

ထိုအပြင်အထက်ပါပူးပေါင်းတပ်ဖွဲ့သည် နိုဝင်ဘာ ၅ ရက်ကလည်း အာဏာသိမ်းခေါင်းဆောင် ‌မင်းအောင်လှိုင် တရုတ်ပြည်ခရီးစဉ်ထွက်ခွာချိန်၌ နေပြည်တော်လေဆိပ်သို့ Fixed Wing အသေခံဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ ဗိုလ်မှုးတစ်ဦး ၊ဗိုလ်ကြီး တစ်ဦး ၊ တပ်ကြပ်ကြီးတစ်ဦး ၊ တပ်သားနှစ်ဦး ၊လေဆိပ်လုံခြုံရေးနှစ်ဦး စုစုပေါင်း ခုနစ်ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိခဲ့သည်ဟု သတင်းထုတ်ပြန်သည်။ သို့​သော် လူထု​နွေဦးက အဆိုပါတိုက်ခိုက်မှုတွင် စစ်​ကောင်စီမှ ​သေဆုံးထိခိုက်မှုအ​ခြေအ​နေကို သီးခြားအတည်မပြုနိုင်ပါ။

သို့​သော်နိုဝင်ဘာလ၅ရက်နေ့ နံနက်ပိုင်းတွင်စစ်ကောင်စီခေါင်းဆောင်၏ တရုတ်ခရီးစဥ် လေယာဉ်ပျံတက်ပြီး နာရီအနည်းငယ်ကြာတွင် အေလာလေယာဉ်ကွင်းပြေးလမ်း နှင့် ကားလမ်းကြား၌ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု People’s Spring ၏သတင်းရင်းမြစ်အချို့က​ပြောသည်။ စစ်​ကောင်စီ ဝါဒဖြန့် တယ်လီဂရန် ချန်နယ်များတွင် ​လေဆိပ်ကိုတိုက်ခိုက်လာ​သောအ​သေခံဒရုန်းများကို ပစ်ချနိုင်ခဲ့သည်ဟု ဝါဒဖြန့်ချီ​​ဖော်ပြခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့ရှိ စစ်ကောင်စီ၏ဌာနဆိုင်ရာရုံးများကို တော်လှန်ရေးတပ်ဖွဲ့များက စီးနင်းတိုက်ခိုက်ခဲ့ပြီး ရုံးအဆောက်အအုံများနှင့် ဝန်ထမ်းအိမ်ယာများကို မီးရှို့ဖျက်ဆီးခဲ့သည်။

သတင်း

မထောစခန်းမှ ဆုတ်ခွာ စစ်ကြောင်းအားကြားဖြတ်တိုက်ခိုက်ချေမှုန်းမှုကိုလည်း တပ်မဟာ(၅)က နိုဝင်ဘာ ၂၅ ရက်ညတွင် သတင်းထုတ်ပြန်ထားသည်။

သတင်း

ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်း၌ မည်သည့်တိုက်ခိုက်မှုမျှ ဆက်ရှိမနေဘဲ ပုံမှန်အနေအထားဖြင့် ခရီး သွားအချို့ဖြတ်သန်းသွားလာလျှက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

သတင်း

တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီက မှော်ဘီတပ်မှ ဖောကား ၃စီး ၊ (၃၅)တပ်ရင်းမှ ခြေလျင် စစ်ကူစစ်ကြောင်းများဖြင့် အင်အားဖြည့်ရာ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး နံနက် ၈နာရီခန့်တွင် လုံခြုံဘေး ကင်းရာသို့ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

Facebook