close
Connect with us

Hi, what are you looking for?

သတင်း

ဆီမီးခုံတွင် ရဲနှစ်ဦးပစ်သတ်ခံရပြီးနောက် စစ်တပ်က မြို့ပေါ်နေအိမ်များ ဝင်ရောက်ရှာဖွေပြီး အဖိုးတန်ပစ္စည်းများသိမ်းယူ

ယနေ့ (နိုဝင်ဘာ ၂၄ ရက်)တွင်လည်း ဆီမီးခုံဆိပ်ကမ်း-မြို့သာစက်မှု့ဇုံလမ်းမပေါ်တွင် သေနက်ပစ်ခတ်သံများကြားခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ဆီမီးခုံတွင် ရဲနှစ်ဦးပစ်သတ်ခံရပြီးနောက် စစ်တပ်က မြို့ပေါ်နေအိမ်များ ဝင်ရောက်ရှာဖွေပြီး အဖိုးတန်ပစ္စည်းများသိမ်းယူ
ဆီမီးခုံတွင် ရဲနှစ်ဦးပစ်သတ်ခံရပြီးနောက် စစ်တပ်က မြို့ပေါ်နေအိမ်များ ဝင်ရောက်ရှာဖွေပြီး အဖိုးတန်ပစ္စည်းများသိမ်းယူ

​အင်ကြင်း/People’s Spring

မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့တွင် ရဲနှစ်ဦး ပစ်သတ်ခံရပြီးနောက် စစ်တပ်က မြို့ပေါ်နေအိမ်များအား ဝင်ရောက်ရှာဖွေပြီး အဖိုးတန်ပစ္စည်းများ အဓမ္မသိမ်းဆည်းယူဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

နိုဝင်ဘာ ၂၁ ရက် နေ့လည်ပိုင်းက ဆီမီးခုံမြို့ပေါ်တွင် ရဲ သုံးဦးပစ်ခတ်ခံရပြီး နှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီးနောက် စစ်တပ်က အင်အားတိုးမြှင့်ခဲ့ကြောင်း၊ ထို့နောက် နောက်တနေ့ နိုဝင်ဘာ ၂၃ရက်တွင် စစ်တပ်က မြို့တောင်ပိုင်း ရွာသာအေးရက်ကွက်ရှိ နေအိမ်များအား ဝင်ရောက်ရှာပြီး အဖိုးတန်ပစ္စည်းများအား အဓမ္မသိမ်းဆည်းသွားကြောင်း ဒေသခံများက ပြောသည်။

“စခတွေရော ရဲတွေရော၊ ပျူတွေရော ပါတယ်။ ရွှေထည်တွေ၊ ပိုက်ဆံတွေ စားစရာတွေကအစ အကုန်သယ်သွားတယ်။”ဟု ဆီမီးခုံမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် နိုဝင်ဘာ ၂၂ ရက်ကလည်း ပျူစောထီးအားကောင်းရာ ဆုံရွာဘက်မှ ဆီမီးခုံမြို့သို့ အင်အားဖြည့်တင်းရန်လာသော စစ်သားနှင့်ပျုစောထီးများက ငါ့နန်းကျေးရွာအဝင်ရှိ လက်ဖက်ရည်ဆိုင်နှစ်ဆိုင်မှ ဆိုင်ကယ်များအား ဝင်ရောက်သိမ်းယူသွားကြောင်း ဒေသခံများက ပြောသည်။

သိမ်းဆည်းခံရသည့် ပစ္စည်းနှင့်ငွေ ပမာဏကိုမူ မသိရသေးပေ။

ယနေ့ (နိုဝင်ဘာ ၂၄ ရက်)တွင်လည်း ဆီမီးခုံဆိပ်ကမ်း-မြို့သာစက်မှု့ဇုံလမ်းမပေါ်တွင် သေနက်ပစ်ခတ်သံများကြားခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၈ရက်ကလည်း ဆီမီးခုံရဲစခန်းအနီး သေနတ်လွယ်ပြီး ကွမ်းဝယ်နေသည့် စစ်သားတစ်ဦးအား တော်လှန်ရေးရဲဘော်များက ဝင်ရောက်နပန်းလုံးပြီး သေနတ်လုခဲ့သေးသည်။

ယခုနှစ် ဇန်နဝါရီ ၂၂ ရက်ကလည်း မြင်းခြံ-ဆီမီးခုံကားလမ်းပေါ်တွင် မြင်းခြံမှ ဆီမီးခုံ ရဲစခန်းကို ပြန်လာသည့် ရဲငါးဦးအပါအဝင် ၆ ဦး ပစ်ခတ်ခံရပြီးသေဆုံးကာ လက်နက်ခဲယမ်းများပါ တော်လှန်ရေးအဖွဲ့များ ရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကမ္ဘာကြီး၏အာရုံစိုက်မှုသည် အခြားနေရာများတွင်သာရှိသဖြင့် မြန်မာ့အရေးကို ‘မျက်ကွယ်ပြုခံထားရသော အကျပ်အတည်း’ဟု မစ္စတာအန်ဒရူးက ခေါ်ဝေါခဲ့သည်။

သတင်း

ယခုအခါ စစ်ကောင်စီသည် စစ်မှုထမ်းအပတ်စဥ်(၇)အား စတင်ရန် ကြိုးပမ်းနေသော်လည်း လူမပြည့်သေး၍ နိုဝင်ဘာလဆန်းပိုင်းကပင် စစ်ကိုင်းနှင့်တံတားဦးမြို့နယ်တွင်လည်း လူငယ်အများအပြားအား စစ်မှုထမ်းရန် ဖမ်းဆီးခဲ့သေးသည်။

သတင်း

တိုက်ခိုက်မှုကြောင့် မြင်းဆည်ကျေးရွာရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းများပျက်စီးပြီး လူထိခိုက်မှုမရှိကြောင်း ဒေသတွင်းစစ်ရှောင်ကူညီနေသူတစ်ဦးက ပြောသည်။

သတင်း

စစ်ကောင်စီတပ်က အဆိုပါလမ်းပိုင်းအား နေ့လယ်ပိုင်းအထိ ပိတ်ထားဆဲဖြစ်ပြီး ပြည်သူများထိတ်လန့်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

Facebook