ဆိုင်းမင်း/People’s Spring
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲမှာ ရက်ပိုင်းကြာ တိုက်ပွဲဖြစ်ပြီးနောက် ကျေးရွာ သုံးရွာ ကို စစ်ကောင်စီတပ်က စစ်ကြောင်း ထိုးပြီး မီးရှို့ ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ မြင်းခြံ ကျားနက် အဖွဲ့ Myingyan Black Tiger (MBT)ထံကသိရပါတယ်။
နိုဝင်ဘာလ ၁၁ရက်နေ ၂၀ရက်အထိ ၁၀ရက်ကြာတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ခတ်မှု အကြိမ်၅၀ထက်မနည်းပြုလုပ်ခဲ့တဲ့အတွက် စခန်းနှစ်ခုကို ဆုတ်ခွာပေးလိုက်ရတာလို့ ဆိုပါတယ်။
” အဓိကက လေကြောင်းရယ်၊ လက်နက်ကျည်မရှိတော့လို့ စခန်းဆုတ်ခွာပေးလိုက်ရတယ်” လို့ မြင်းခြံကျားနက်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Public Service Announcement
စစ်တပ်နဲ့ လက်ဝေခံ ပျုစောထီးတွေဟာ တိုက်ပွဲဖြစ်ပြီးနောက် မြင်းခြံမြို့နယ်ထဲက ချေဆေးရွာ ၊ ကွမ်းစိုက်ရွာ ၊ ကူရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။
ချေဆေးရွာက အိမ်ခြေ ၄၀၀ ၊ ကွမ်းစိုက်ရွာက အိမ်ခြေ ၁,၀၀၀ ခန့် နဲ့ ကူရွာက အိမ်ခြေ ၅၀၀ ခန့် တို့ မီးရှို့ခံရတယ်လို့သိရတယ်ပေမယ့် အရေအတွက် အတိအကျကို သီးခြားအတည်မပြုနိုင်သေးပါဘူး။
လေကြောင်းပစ်ခတ်မှုတွေနဲ့ စစ်ကြောင်းထိုးဝင်ရောက်ပစ်ခတ်မှုတွေကြောင့် ပြည်သူ ၄ဦးသေဆုံးရာမှာ ကွမ်းစိုက်ရွာက အမျိုးသား၁ဦး၊ ကူရွာက အမျိုးသမီး ၂ဦးနဲ့အမျိုးသား၁ဦးတို့ ဖြစ်တယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ကပြောပါတယ်။
မြင်းခြံက ကျေးရွာတွေကို ဝင်ရောက်စီးနင်းရာမှာ စစ်တပ်လက်ဝေခံ ဒေါ် သီတာယုမွန်ဦးဆောင်တဲ့ပျုစောထီး တပ်လည်းပါတယ်လို့ သိရပါတယ်။
စစ်တပ်ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေမှာလည်းဒေါ်သီတာယုမွန်ရဲ့ ပျုစောထီးတပ် မြင်းခြံက ရွာတွေကို စီးနင်းတဲ့ ဓာတ်ပုံတွေကို ဖော်ပြလာတာရှိပါတယ်။
