close
Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးမြို့နယ်တွင် ကင်းပုန်းဝပ်နေသောစစ်သားများ တိုက်ခိုက်ခံရပြီး နှစ်ဦးသေဟု PDFပြော

ယနေ့(နိုဝင်ဘာ ၂ဝ ရက်)ကလည်း စစ်ကောင်စီတပ်သားများက ချောင်းဦးနှင့် မုံရွာမြို့နယ်ကြား၌ ခရီးသည်တင်ကားများပေါ်မှ ပြည်သူများအား မိုင်းရှင်းခိုင်းနေကြောင်း သတင်းရရှိသည်။

(ချောင်းဦးမြို့၊ မုံရွာ-မန္တလေးလမ်းပေါ်တွင် ကင်းစောင့်နေသောစစ်ကောင်စီတပ်သားတစ်ဦးအား တွေ့ရစဥ်။ဓာတ်ပုံ-CJ)
(ချောင်းဦးမြို့၊ မုံရွာ-မန္တလေးလမ်းပေါ်တွင် ကင်းစောင့်နေသောစစ်ကောင်စီတပ်သားတစ်ဦးအား တွေ့ရစဥ်။ဓာတ်ပုံ-CJ)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ – မန္တလေးလမ်းပိုင်းတွင် ကင်းပုန်းလာဝပ်သော စစ်ကောင်စီတပ်သားများအား တစ်ရက်တည်း နှစ်ကြိမ်တိုက်ခိုက်ရာ နှစ်ဦးသေဆုံးကြောင်း မုံရွာခရိုင် အမှတ် (၁၅) တပ်ရင်း၏စစ်ကြောင်းမှူး ဗိုလ်နောင်က ပြောသည်။

နိုဝင်ဘာ ၁၇ ရက် နံနက် ၈နာရီခန့်က ချောင်းဦးမြို့ပေါ်မှ စစ်ကောင်စီတပ်သားများ မြို့အရှေ့ဘက်သို့ ကင်းပုန်းလာဝပ်စဥ် မိုင်း လေးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိကြောင်း မုံရွာခရိုင် အမှတ် (၁၅)တပ်ရင်း၏ စစ်ကြောင်းမှူး ဗိုလ်နောင်က ပြောသည်။

“ပုံမှန်က ကားတွေကို ဆက်ကြေးကောက်နေကျနေရာပေါ့။ အဲဒီအချိန်မှာ ကျွန်တော်တို့က ကင်းပုန်းဝပ်ပြီးစောင့်တယ်။ သူတို့အနေနဲ့ မသင်္ကာလို့ ပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်တာတွေရှိတော့ နောက်နည်းနည်းလေး မြင်သာတဲ့နေရာကနေ တိုးစောင့်တယ်။ ပြည်သူရှင်းတဲ့အချိန်လောက်မှာ ကျွန်တော်တို့ကခွဲလိုက်တာ။”ဟု ဗိုလ်နောင်က ပြောသည်။

Public Service Announcement

Public Service Announcement

နေ့လည်ပိုင်းတွင်လည်း ထပ်မံရောက်ရှိလာသော စစ်ကောင်စီတပ်သားများအား ထပ်မံပစ်ခတ်တိုက်ခိုက်ရာ ၁၅မိနစ်ခန့် အပြန်အလှန်ပစ်ခတ်ခဲ့ပြီး ထိခိုက်မှုမသိရသေးကြောင်း မုံရွာခရိုင် အမှတ် (၁၅)တပ်ရင်းက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုကိုမူ လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ တိုက်ခိုက်မှု နှစ်ကြိမ်တွင် ပထမအကြိမ်၌ မုံရွာခရိုင် အမှတ် (၁၅)တပ်ရင်းတပ်ခွဲ ၃ နှင့် မုံရွာခရိုင် အမှတ် (၁၂) တပ်ရင်းတပ်ခွဲ ၄ (SEVEN PDF)တို့ကလည်းကောင်း၊ ဒုတိယအကြိမ်တွင် မုံရွာခရိုင် အမှတ် ၁၅ တပ်ရင်း တပ်ခွဲ ၃ (ဦးစီး-စစ်ကြောင်းမှူး)နှင့် မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း (တပ်ခွဲ၃၊တပ်ခွဲ၄)၊ရေနဂါးLDF (ချောင်းဦးမြို့နယ်)တို့ကလည်းကောင်း ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ယနေ့(နိုဝင်ဘာ ၂ဝ ရက်)ကလည်း စစ်ကောင်စီတပ်သားများက ချောင်းဦးနှင့် မုံရွာမြို့နယ်ကြား၌ ခရီးသည်တင်ကားများပေါ်မှ ပြည်သူများအား မိုင်းရှင်းခိုင်းနေကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အဆိုပါတိုက်ခိုက်မှုကို မင်းဘူးခရိုင်၊ အမှတ်(၆)တပ်ရင်းနှင့်အတူ မင်းဘူးမြို့နယ်-ပကဖ၊ ငဖဲမြို့နယ်-ပကဖတို့က ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါတပ်ရင်းကအသိ​ပေးထားသည်။

သတင်း

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ် တစ်နေရာ၌ တိုက်ပွဲဖြစ်ပွားရာ ရဲဘော် ၃ဦး ကျဆုံးခဲ့ရကြောင်း ရေနံချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ယနေ့(နိုဝင်ဘာ ၂၀ရက်)အသိပေးသည်။

သတင်း

အမှတ် (၈၁၅)တပ်ဖွဲ့ PLA (အနောက်မြောက်စစ်ဒေသ)သည် နိုဝင်ဘာ ၁ ရက်ကလည်း တလိုင်းရပ် ပျူစောထီးအထိုင်စခန်းအား ဝင်​ရောက်တိုက်ခိုက်ပြီး လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းပိုက်ရရှိခဲ့သည်။

သတင်း

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆင်ရေးများအား အရှိန်အဟုန် တိုးမြင့်စွာဆောင်ရွက်နေသည့်အချိန်ဖြစ်သောကြောင့်စစ်ရေးအထူး သတိပြုသွားလာနေထိုင်ကြရန်လည်း YPPDFက ထုတ်ပြန်သည်။

Facebook