close
Connect with us

Hi, what are you looking for?

သတင်း

UWSAနဲ့ စစ်ရေးတင်းမာမှု သတင်းတွေအပေါ် လူထုကို သေချာ ရှင်းပြဖို့ ထိုင်းစစ်တပ် အကြီးအကဲ ညွှန်ကြားထား

ပြဿနာရဲ့ အဓိက အကျဆုံး အကြောင်းတရားကတော့ အဲဒီဒေသမှာ နယ်ခြားသတ်မှတ်ချက်က တိတိကျကျ ရေးဆွဲထားခြင်းမရှိတာလို့လည်း ဒုတိယ ဝန်ကြီးချုပ်က ဆိုပါတယ်။

UWSAနဲ့ စစ်ရေးတင်းမာမှု သတင်းတွေအပေါ် လူထုကို သေချာ ရှင်းပြဖို့ ထိုင်းစစ်တပ် အကြီးအကဲ ညွှန်ကြားထား
UWSAနဲ့ စစ်ရေးတင်းမာမှု သတင်းတွေအပေါ် လူထုကို သေချာ ရှင်းပြဖို့ ထိုင်းစစ်တပ် အကြီးအကဲ ညွှန်ကြားထား

-People’s Spring

မြန်မာ နဲ့ နယ်စပ်မှာ ဝပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA)နဲ့ စစ်ရေး တင်းမာမှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေအပေါ် ပြည်သူလူထုကို တိတိကျကျ ရှင်းလင်း အသိပေးဖို့ ထိုင်းကြည်းတပ် အကြီးအကဲက သက်ဆိုင်ရာ စစ်ဒေသ ဌာနချုပ်ကို ညွှန်ကြားထားကြောင်း သိရပါတယ်။

နိုဝင်ဘာ ၂၅ ရက်နေ့တုန်းက ထိုင်းရဲ့ မယ်ဟောင်ဆောင် ပြည်နယ်နဲ့ မြန်မာရဲ့ ရှမ်းပြည်နယ် တောင်ပိုင်း ထိစပ်ရာ နယ်စပ်မှာ တည်ရှိနေတဲ့ UWSA စခန်းတွေကို ဆုတ်ခွာပေးဖို့ ထိုင်းရဲ့အမှတ်(၃) စစ်ဒေသ ဌာနချုပ်က ညွှန်ကြားခဲ့ပြီး နောက်ဆက်တွဲ တင်းမာမှုတွေ ဖြစ်ပေါ်နေတယ်လို့ ရှမ်းပြည် တိုးတက်ရေး ပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA)ရဲ့ ထိပ်ပိုင်း သတင်းရင်းမြစ်က ထိုင်းသတင်းဌာန Khaosodဆီကို ​ပြောခဲ့ပါတယ်။

UWSAနဲ့ စစ်ရေးတင်းမာမှု သတင်းတွေအပေါ် လူထုကို သေချာ ရှင်းပြဖို့ ထိုင်းစစ်တပ် အကြီးအကဲ ညွှန်ကြားထား
UWSAနဲ့ စစ်ရေးတင်းမာမှု သတင်းတွေအပေါ် လူထုကို သေချာ ရှင်းပြဖို့ ထိုင်းစစ်တပ် အကြီးအကဲ ညွှန်ကြားထား

အဲဒီနောက် နယ်စပ်မှာ ထိုင်းစစ်တပ်နဲ့ UWSAကြား စစ်ရေး ပဋိပက္ခတွေ စတင်လာမလားဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာပြီး ထိုင်းပြည်သူတွေကြားမှာ သို့လောသို့လော အတွေးပွားစရာတွေ ဖြစ်လာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ တော်ဝင်ထိုင်းကြည်းတပ်ရဲ့ အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီး ပါနာကလော်ပလော့ဒက်ကတော့ UWSAနဲ့ အပြင်းအထန် စစ်မက်ဖြစ်ပွားမယ့် အလားအလာ မရှိဘူး ဆိုတာကို လူထုဆီ တိတိကျကျ အသိပေးဖို့ အမှတ် ၃ စစ်ဒေသ ဌာနချုပ်ကို ညွှန်ကြားခဲ့ကြောင်း ထိုင်းကြည်းတပ် ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်မှူးကြီး သီရတ် ဆွမ်ဘတ်ဆီရိက ဆိုပါတ်ယ။

အစောပိုင်း ထွက်ပေါ်နေတဲ့ သတင်းတွေမှာတော့ UWSAနဲ့ ထိုင်းစစ်တပ်ကြားက အခြေအနေတွေ အရမ်းတင်းမာနေပြီး ဒီဇင်ဘာ ၁၈ ရက်နေ့ထိ UWSA စခန်းတွေဟာ ထိုင်းနယ်စပ်ကနေ မဆုတ်ခွာဘူးဆိုရင် စတင်တိုက်ခိုက်ဖို့ ထိုင်းကြည်းတပ်က လက်နက်ကြီးတွေပါ ရွှေ့ပြောင်း နေရာချနေပြီလို့ ဖော်ပြထားခဲ့ပါတယ်။

UWSAရဲ့ စခန်း ၇ ခုလောက်ဟာ ထိုင်းပိုင်နက်ထဲ နယ်ကျော် ရောက်ရှိနေလို့ ရုပ်သိမ်းပေးဖို့ ထိုင်းစစ်တပ်ရဲ့ တောင်းဆိုမှုကို UWSAဖက်က တင်းတင်းမာမာ ငြင်းဆိုထားပြီး စခန်းတွေရဲ့ တည်နေရာဟာ ထိုင်းကို ကျူးကျော်ခြင်း လုံးဝမရှိဘူးလို့ တုံ့ပြန်ထားလို့ ထိုင်းသတင်းဌာန​တွေက​ဖော်ပြခဲ့ကြပါတယ်။

နိုဝင်ဘာ ၂၆ ရက်နေ့မှာ ထိုင်းအစိုးရရဲ့ ဒုတိယ ဝန်ကြီးချုပ် ဖုမ်သမ် ဝီချာယာချိုင်ကတော့ UWSAနဲ့ နယ်မြေပိုင်နက် အငြင်းပွားမှုတွေ ဖြစ်ပေါ်နေတာ နှစ်ရှည်လများ ရှိခဲ့ပြီး လောလောလတ်လတ် ပေါ်ပေါက်လာတဲ့ ပဋိပက္ခ မဟုတ်သလို ရုတ်တရက်ကြီး စစ်ရေး တင်းမာမှုတွေဖြစ်ပေါ်လာမှာ မဟုတ်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

လက်ရှိ ပြဿနာရဲ့ အဓိက အကျဆုံး အကြောင်းတရားကတော့ အဲဒီဒေသမှာ နယ်ခြားသတ်မှတ်ချက်က တိတိကျကျ ရေးဆွဲထားခြင်းမရှိတာလို့လည်း ဒုတိယ ဝန်ကြီးချုပ်က ဆိုပါတယ်။

နယ်မြေ အငြင်းပွားမှုတွေမှာ စစ်ရေးကသာ တစ်ခုတည်းသော ဖြေရှင်းမှု နည်းလမ်း မဟုတ်ဘဲ သံတမန်ရေးရာ ဆွေးနွေးမှုတွေကနေလည်း ချဉ်းကပ် အဖြေရှာနိုင်ကြောင်း၊ အခုလည်း ထိုင်းစစ်တပ်ဟာ လိုအပ်တဲ့ ဆွေးနွေးမှုတွေ စတင်နေပြီလို့ ဖုမ်သမ်က ပြောကြားခဲ့ပါတယ်။

ယခုအခါအဆိုပါ နယ်နိမိတ်အခြေအနေမှာ တည်ငြိမ်လျက်ရှိပြီး ဒေသခံ​တွေရဲ့နေ့စဉ် လုပ်ငန်းဆောင်တာများကို ဘေးကင်းစွာ ဆောင်ရွက်နိုင်သလို နယ်စပ် ဆက်ဆံရေးကတော့ ပုံမှန်အတိုင်းပါပဲဟုအမှတ် ၃ စစ်ဒေသ ဌာနချုပ်က နိုဝင်ဘာ ၂၆ ရက်မှာအသိပေးပြောကြားခဲ့ပါတယ်။

ကိုးကား- Khaosod

ဆက်စပ်သတင်းများ

သတင်း

ပြဿနာရဲ့ အဓိက အကျဆုံး အကြောင်းတရားကတော့ အဲဒီဒေသမှာ နယ်ခြားသတ်မှတ်ချက်က တိတိကျကျ ရေးဆွဲထားခြင်း မရှိတာလို့လည်း သူက ဆိုတယ်။

သတင်း

အဆိုပါ ၁၇၁ စစ်ဒေသနယ်မြေ နယ်စပ်ဒေသ၌ နယ်မြေအငြင်းပွားမှုနှင့်ပတ်သက်ပြီး ၀တပ်ဖွဲ့ UWSAနှင့် ထိုင်းအကြား ယခင်ကတည်းက ပြဿနာအချို့ရှိခဲ့သည်။

သတင်း

နောင်ချိုမြို့နယ် တောင်းခမ်းဒေသတွင်လည်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီက နောင်ချိုမြို့ကို လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေသည်။

Facebook