close
Connect with us

Hi, what are you looking for?

သတင်း

ဖာပွန် မထောစခန်းမှ ထွက်ပြေးစစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရ၍၁၀ဦး ခန့်ထပ်မံ သေဆုံး

မထောစခန်းမှ ဆုတ်ခွာ စစ်ကြောင်းအားကြားဖြတ်တိုက်ခိုက်ချေမှုန်းမှုကိုလည်း တပ်မဟာ(၅)က နိုဝင်ဘာ ၂၅ ရက်ညတွင် သတင်းထုတ်ပြန်ထားသည်။

(မ​ထောစစ်တပ်စခန်းမှ ထွက်​ပြေးစစ်သားများထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများနှင့် KNLA တပ်ဖွဲ့ဝင်များ။ ။ဓါတ်ပုံ-KNU Mutra News)
(မ​ထောစစ်တပ်စခန်းမှ ထွက်​ပြေးစစ်သားများထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများနှင့် KNLA တပ်ဖွဲ့ဝင်များ။ ။ဓါတ်ပုံ-KNU Mutra News)

▪︎လက်နက်ကြီး လက်နက်ငယ် ၂၆ လက်နှင့် ကျည်ခဲယမ်းများရဟု KNLA အသိပေး

ဟန်နွေ/People’s Spring

ကရင်ပြည်နယ် ဖာပွန်မြို့နယ် မထော စစ်ကောင်စီတပ်စခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့များကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅)နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့မှ ၁၀ ဦးခန့်ထပ်မံ သေဆုံးပြီးလက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောကြားသည်။

မထော စစ်ကောင်စီတပ်စခန်းကို KNLA တပ်မဟာ(၅)အပါအဝင် တော်လှန်ရေး ပူးပေါင်းတပ်များက နိုဝင်ဘာ ၁၉ရက်က စတင်တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာ ၂၂ရက်တွင် သိမ်းပိုက်ရရှိခဲ့သည်။

(မ​ထောစစ်တပ်စခန်းမှ ထွက်​ပြေးစစ်သားများထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများနှင့် KNLA တပ်ဖွဲ့ဝင်များ။ ။ဓါတ်ပုံ-KNU Mutra News)
(မ​ထောစစ်တပ်စခန်းမှ ထွက်​ပြေးစစ်သားများထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများနှင့် KNLA တပ်ဖွဲ့ဝင်များ။ ။ဓါတ်ပုံ-KNU Mutra News)

“စစ်ကောင်စီတပ်ဖွဲ့တွေက စခန်းစွန့်ပြီး ထွက်ပြေးသွားတာ။ အဲဒီ စခန်းစွန့်ပြီး ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ၂၃ရက်နေ့မှာကျတော့ ဖြန့်ကျက်ထားတဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုးပြီး အဲဒီမှာ တခါထပ်တိုက်ပွဲဖြစ်တာပေါ့။တိုက်ပွဲဖြစ်တော့ မြေပြင်သတင်းအရ စစ်ကောင်စီတပ်ဖွဲ့ဘက်က ၁၀ယောက်လောက်ကျသွားတယ်။ ထိခိုက်ဒဏ်ရာရရှိမှုလည်း တော်တော်လေးရှိတယ်။” ဟု ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောသည်။

Public Service Announcement

Public Service Announcement

ထိခိုက်ဒဏ်ရာရသူများ အပါအဝင်လွတ်မြောက်သွားသူများ ထပ်မံ ထွက်ပြေးသွားသည်ဟုသိရသည်။

မထောစခန်းမှ ဆုတ်ခွာ စစ်ကြောင်းအားကြားဖြတ်တိုက်ခိုက်ချေမှုန်းမှုကိုလည်း တပ်မဟာ(၅)က နိုဝင်ဘာ ၂၅ ရက်ညတွင် သတင်းထုတ်ပြန်ထားသည်။

(မ​ထောစစ်တပ်စခန်းမှ ထွက်​ပြေးစစ်သားများထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများနှင့် KNLA တပ်ဖွဲ့ဝင်များ။ ။ဓါတ်ပုံ-KNU Mutra News)
(မ​ထောစစ်တပ်စခန်းမှ ထွက်​ပြေးစစ်သားများထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများနှင့် KNLA တပ်ဖွဲ့ဝင်များ။ ။ဓါတ်ပုံ-KNU Mutra News)

အဆိုပါစခန်းအားတိုက်ခိုက်သိမ်းပိုက်စဉ်အတွင်း တောင်ဖက်ရှိ ၎င်းတို့တပ်စခန်းများရှိရာ ကစယ်သဲဖလယ်(တောင်းသုံးလုံး)နှင့်ထွီသီးအူ(ခွေးသေ)သို့တပ်ဆုတ်ထွက်ပြေးရာလမ်းခုလတ်တွင် အဆင့်ဆင့် ဖြတ်တောက်တိုက်ခိုက်ခဲံရာ စစ်ကောင်စီတပ်က ၁၀ဦးသေဆုံးခဲ့သည်ဟုဆိုသည်။

မထောက်စခန်းသိမ်းတိုက်ပွဲနှင့် ထွက်ပြေး စစ်ကောင်စီတပ်သားများအား အကြိမ်ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီထံမှလက်နက် ၂၆ လက် သိမ်းရခဲ့ကြောင်း အသိပေးသည်။

သိမ်းရခဲ့သည့်လက်နက်များမှာ RPG-7 ၁လက်၊ ၈၁မမ ၁လက်၊ MA-1(၉)လက်၊ MA-2(၄)လက်၊ MA-3(၄)လက်၊ MA-4(၂)လက်၊ ငါးမြီးစက်လတ်(၁)လက်၊ ၆၀မမပြောင်းရှည်(၂)လက်၊ ၆၀မမပြောင်းတို(၂)လက်နှင့် ဆက်စပ်ကျည်များ၊မိုင်း များနှင့် စစ်အသုံးအဆောင်ပစ္စည်းများ ဖြစ်သည်ဟု တပ်မဟာ(၅)က ထုတ်ပြန်သည်။

မထောတပ်စခန်းသည် ဖာပွန်-ကမမောင်း လမ်းပေါ်၌ တည်ရှိပြီး ယင်းစခန်းကို KNLA၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ FFD ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း PDF တောင်ပိုင်းစစ်ဒေသ အမှတ်(၂) စစ်ဒေသခွဲက သတင်းထုတ်ပြန်ထားသည်။ နိုဝင်ဘာလအတွင်း စစ်ကောင်စီ၏ ခေါပုတ်စခန်း၊ ကူးဆိပ်စခန်းများကိုလည်း ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့ပြီး လက်ရှိတွင်လည်း လက်ကျန် စစ်ကောင်စီ၏ ဖာပွန်ဗျူဟာစခန်းကို ဆက်လက် ပိတ်ဆို့ ထိုးစစ်ဆင်လျက်ရှိသည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်း၌ မည်သည့်တိုက်ခိုက်မှုမျှ ဆက်ရှိမနေဘဲ ပုံမှန်အနေအထားဖြင့် ခရီး သွားအချို့ဖြတ်သန်းသွားလာလျှက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

သတင်း

ဖာပွန်မှာစစ်ကောင်စီတပ်စခန်းတွေကို KNU နဲ့ ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းယူတာ ၊ ဝန်းရံပိတ်ဆို့တာတွေ ပြုလုပ်ထားတာပါ ။

သတင်း

စစ်ကောင်စီတပ်သားအများစု ပြန်လည်ဆုတ်ခွာသွားပြီဖြစ်သော်လည်း နောက်ချန်အင်အားအချို့မှာ ဇရပ်ဆိပ်ရွာဘုန်းကြီးကျောင်း၌ ဆက်လက်တပ်စွဲထားသည်။

သတင်း

ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များပူးပေါင်း၍ ထားဝယ်ခရိုင်တပ်ပေါင်းစုကို ဖွဲ့စည်းလိုက်ကြောင်း နိုဝင်ဘာ ၂၄ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။