ဇေအောင်/People’s Spring
ယမန်နေ့(နိုဝင်ဘာ ၂၁ရက်)နံနက်က ရွှေဘိုမြို့နယ်ရှိ ပျူစောထီးအင်အားကောင်းရာ မြင်းချင်းကျေးရွာ၏ကင်းစခန်းအား ဝင်ရောက် ပစ်ခတ်ရာ ပျူစောထီးတစ်ဦး သေဆုံးကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ၏ တာဝန်ရှိသူက ပြောသည်။
“ပျူစောထီး ကျော်လွင်ဆိုတဲ့ကောင်သေတယ်။
ကျန် သုံးကောင်က ထွက်ပြေးသွားတယ်။”ဟု ရွှေဘိုပကဖ တာဝန်ရှိသူက ပြောသည်။

Public Service Announcement
သို့သော် လက်နက်ရရှိခြင်းရှိ၊မရှိကိုမူ တော်လှန်ရေးအဖွဲ့များက အသိပေးခြင်းမရှိသေးပေ။ သို့သော် စစ်ဆင်ရေးအား ရွှေဘိုမြို့နယ်ပကဖ နှင့် ရွာခံပကဖ အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်ကလည်း မြင်းချင်းကျေးရွာရှိ စစ်ကောင်စီအထိုင်စခန်းအား တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက် ရာ နှစ်ဘက်ထိခိုက်မှုရှိခဲ့သည်။
စစ်ကောင်စီတပ်နှင့် ပျူစောထီးများတပ်စွဲထားသည့် မြင်းချင်းရွာကို ၂၀၂၃ ဒီဇင်ဘာကလည်းတိုက်ခိုက်ခဲ့ရာ ပျူစောထီးမိသားစုဝင် ၆၀ ဝန်းကျင် ဖမ်းဆီးရမိခဲ့ဖူးသည်။
သို့သော် ယခုနှစ်ဆန်းပိုင်းတွင် စစ်ကောင်စီတပ်က မြင်းချင်းရွာ၌ ပြန်လည်တပ်စွဲခဲ့၍ တော်လှန်ရေးတပ်ဖွဲ့များက သုံးကြိမ်ထက်မနည်း ထပ်မံတိုက်ခိုက်ခဲ့သေးသည်။
