close
Connect with us

Hi, what are you looking for?

သတင်း

ကျွန်းလှမြို့နယ်တွင် နှစ်ရက်ဆက်လေကြောင်းတိုက်ခိုက်ရာ ပြည်သူတစ်ဦးသေဆုံး၊ နေအိမ်များ ပျက်စီး

နိုဝင်ဘာ ၈ ရက်ကလည်း ကျွန်းလှမြို့နယ်၊ ဘအင်းသရက်တောကျေးရွာအား မီးရှို့ဖျက်ဆီးပြီး အမျိုးသား၂ဦးအား သတ်ဖြတ်ကာ သုံးဦးအား ဖမ်းဆီးသွားသည်။

(လေကြောင်းတိုက်ခိုက်ခံရ၍ ပျက်စီးခဲ့သော နေအိမ်များအား တွေ့ရစဥ်။ဓာတ်ပုံ-ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်)
(လေကြောင်းတိုက်ခိုက်ခံရ၍ ပျက်စီးခဲ့သော နေအိမ်များအား တွေ့ရစဥ်။ဓာတ်ပုံ-ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်တွင် စစ်ကောင်စီတပ်က နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်ရာ ပြည်သူတစ်ဦးသေဆုံးပြီး နေအိမ်များပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့(နိုဝင်ဘာ ၁၇ရက်) ညနေ ၄ နာရီ မိနစ် ၂၀ခန့်က ကျွန်းလှမြို့နယ်၊လိပ်ဆင်းတောင်ကျေးရွာအား စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်ရာ အမျိုးသားတစ်ဦးသေဆုံးပြီး ကားဝပ်ရှော့တစ်ခုရှိ ကားများနှင့် နေအိမ် သုံးလုံးပျက်စီးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

(လေကြောင်းတိုက်ခိုက်ခံရ၍ ပျက်စီးခဲ့သော နေအိမ်များအား တွေ့ရစဥ်။ဓာတ်ပုံ-ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်)
(လေကြောင်းတိုက်ခိုက်ခံရ၍ ပျက်စီးခဲ့သော နေအိမ်များအား တွေ့ရစဥ်။ဓာတ်ပုံ-ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်)

” ဘာတိုက်ပွဲမှမရှိဘူး။ နှစ်ရက်ဆက်တိုက် လေယာဥ်ပစ်နေတာ။ ကျွန်းလှမီးအိမ်ရှင်ဆိုတဲ့ Page စကစ Pageပေါ့။ သူတို့ Pageက ပြောသမျှဟာတွေကို အကုန်လုံးကိုလိုက်ပြီး ပစ်နေတာ။ ဟိုနားPDF ရှိတယ်ပြော ဒီနား PDFရှိတယ်ပြော။ တကယ်တမ်း ရွာထဲတွေ။ ဒီတိုင်းနေနေတဲ့ စျေးဆိုင်တွေကော ဝပ်ရှော့တွေကော အကုန်ပစ်တာ။”ဟု အထက်ပါအဖွဲ့တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

(လေကြောင်းတိုက်ခိုက်ခံရ၍ ပျက်စီးခဲ့သော နေအိမ်များအား တွေ့ရစဥ်။ဓာတ်ပုံ-ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်)
(လေကြောင်းတိုက်ခိုက်ခံရ၍ ပျက်စီးခဲ့သော နေအိမ်များအား တွေ့ရစဥ်။ဓာတ်ပုံ-ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်)

အလားတူ ယမန်နေ့(နိုဝင်ဘာ ၁၆ ရက်) ညနေ ၅ နာရီခွဲခန့်နှင့် ၇ နာရီခွဲခန့်ကလည်း ကျွန်းလှမြို့နယ် အနောက်ခြမ်းရှိ ရွာကုန်းကြီးကျေးရွာအား ဂျက်ဖိုက်တာ၂စီးဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦး ဒဏ်ရာရပြီး နေအိမ်အချို့မီးလောင်ပျက်စီးကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

နိုဝင်ဘာ ၈ ရက်ကလည်း ကျွန်းလှမြို့နယ်၊ ဘအင်းသရက်တောကျေးရွာအား မီးရှို့ဖျက်ဆီးပြီး အမျိုးသား၂ဦးအား သတ်ဖြတ်ကာ သုံးဦးအား ဖမ်းဆီးသွားသည်။

ဆက်စပ်သတင်းများ

သတင်း

လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးများဖြင့် ပစ်ခတ်၍လည်း နောင်ချိုမြို့နယ်တွင် အရပ်သား ထိခိုက်မှုရှိခဲ့သည်ဟု TNLAက အသိပေးသည်။

သတင်း

ကုန်းလောကျေးရွာအပါအဝင် မိုးမောက်မြို့နယ်တစ်နယ်လုံးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က တိုက်ခိုက်သိမ်းပိုက်ထားခြင်းဖြစ်ပြီး စစ်ကောင်စီက ဘုရားကျောင်းကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်သည် ကရင်၊ ကရင်နီ၊ ရှမ်းမြောက်၊ ရက္ခိုင်၊ စစ်ကိုင်း၊ မကွေး၊ ချင်း စသည့် နေရာဒေသ အသီးသီးတွင်လည်း စစ်ရှောင်များနေထိုင်ရာ ပြည်သူများ နေထိုင်ရာနေရာများကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်းပြုလုပ်ခဲ့သည်။

သတင်း

သေဆုံးသူများတွင် ကလေးငယ်များပါဝင် ကြောင်း သတင်းရင်းမြစ်က ပြောပြီး အရေအတွက် အသေးစိတ် အခြေအနေစုံစမ်းနေဆဲဖြစ်သည်။