close
Connect with us

Hi, what are you looking for?

သတင်း

မကွေးတိုင်းအတွင်း အင်အားလိုအပ်ချက်အရဆိုကာ စစ်ကောင်စီက ပခုက္ကူမြို့တွင် အဖမ်းအဆီးကြမ်း‌နေဟု သပိတ်ကော်မတီ သတိပေး

ပခုက္ကူမြို့နယ်အတွင်း လတ်တလောအခြေအနေကို ပခုက္ကူလူထုတိုက်ပွဲကော်မတီက ယနေ့ (နိုဝင်ဘာ ၂၀ရက်)တွင် သတိပေးထားခြင်းဖြစ်သည်။

(ပခုက္ကူမြို့တစ်နေရာတွင် ယခင်က ဆိုင်ကယ်စီးနင်းနေသူများအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(ပခုက္ကူမြို့တစ်နေရာတွင် ယခင်က ဆိုင်ကယ်စီးနင်းနေသူများအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

အိမ်သွင်/People’s Spring

မကွေးတိုင်းအတွင်း စစ်သားအင်အားလိုအပ်ချက်အရဆိုကာ စစ်ကောင်စီက ပခုက္ကူမြို့တွင် လူငယ်များအား စစ်ဆေးဖမ်းဆီးနေ၍ အသွားအလာဂရုစိုက်ကြရန် ပခုက္ကူလူထုတိုက်ပွဲကော်မတီက သတိပေးထုတ်ပြန်သည်။

ပခုက္ကူမြို့နယ်အတွင်း လတ်တလောအခြေအနေကို ပခုက္ကူလူထုတိုက်ပွဲကော်မတီက ယနေ့ (နိုဝင်ဘာ ၂၀ရက်)တွင် သတိပေးထားခြင်းဖြစ်သည်။

စစ်ကောင်စီသည် ပုခုက္ကူမြို့အဝင်တွင် ပြည်သူ့စစ်အဖွဲ့ဝင်များ၊ ရဲများ၊ ဌာနဆိုင်ရာအဖွဲ့များနှင့်အတူ စစ်ဆေးပြီး လူငယ်အချို့ကို ဖမ်းဆီးခေါ်ဆောင်မှုများရှိနေသည်ဟု မြို့ခံအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

” အခြေအနေက အရင်ကထက်ဆိုးပါတယ်။ အဖမ်းခံရသူတွေ ရှိတယ်။ အများစုက မြို့ခံလူငယ်တွေမဟုတ်ဘူး။ အလုပ်လာလုပ်တဲ့ကလေးတွေကိုဖြစ်ပါတယ်”ဟု မြို့ခံတစ်ဦးက ပြောသည်။

မကွေးတိုင်းအတွင်း လက်တလောတွင် ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းတို့နှင့်ထိဆက်နေသည့် မင်းဘူး၊ ပွင့်ဖြူမြို့နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်တို့နှင့် ထိဆက်နေသည့် ယောဒသတို့၌ စစ်ရေးတင်းမာနေသည်။

အသက် (၁၈)နှစ်ပြည့်ပြီးသူတိုင်း စစ်မှုထမ်းရမည့် စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ၂၀၂၄ ဖေဖော်ဝါရီ ၁၀ရက်တွင် ထုတ်ပြန်ခဲ့ပြီး လူငယ်များအား အတင်းအဓမ္မဖမ်းဆီးမှုများ၊ စစ်သားစုဆောင်းမှုများပြုလုပ်နေသည်။

စစ်ကောင်စီသည် မကွေးတိုင်းအပြင် အခြားတိုင်းနှင့်ပြည်နယ်များတွင်လည်း အတင်းအဓမ္မဖမ်းဆီးစစ်သားစုဆောင်းမှုများရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်က ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းအပြင် စစ်ကြောင်းထိုးဝင်ရောက် စစ်ရေးလှုပ်ရှား၍ ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီနှင့်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က အင်အားဖြည့်တင်းကာ PNLO နယ်မြေထဲသို့ ဝင်ရောက်ကျူးကျော်တိုက်ခိုက်ရန် လုပ်ဆောင်လျက်ရှိသည်ဟုလည်း PNLAက ထုတ်ပြန်သည်။

သတင်း

အဆိုပါတိုက်ခိုက်မှုကို မင်းဘူးခရိုင်၊ အမှတ်(၆)တပ်ရင်းနှင့်အတူ မင်းဘူးမြို့နယ်-ပကဖ၊ ငဖဲမြို့နယ်-ပကဖတို့က ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါတပ်ရင်းကအသိ​ပေးထားသည်။

သတင်း

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး ဆိုင်ကယ်ဖြင့်လာစဥ် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံပြည်သူများက လူထုနွေဦးသို့ ပြောသည်။