close
Connect with us

Hi, what are you looking for?

သတင်း

မုန်းမြို့နယ်တွင် စစ်ကောင်စီ လက်နက်ကြီးထိမှန်၍ အရပ်သား ၂ဦးသေဆုံး

စစ်ကောင်စီတပ်က ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းအပြင် စစ်ကြောင်းထိုးဝင်ရောက် စစ်ရေးလှုပ်ရှား၍ ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်ဟု ဆိုသည်။

(မုန်း(မူး)မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်၍ နေအိမ်များ ပျက်စီးနေစဉ်။ ဓာတ်ပုံ - KNU)
(မုန်း(မူး)မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်၍ နေအိမ်များ ပျက်စီးနေစဉ်။ ဓာတ်ပုံ - KNU)

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မုန်း(မူး)မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ (၇၅)နှစ်အရွယ် အဘိုးအိုအပါအဝင် အရပ်သား ၂ဦး သေဆုံးခဲ့ရကြောင်း KNUဗဟိုက ယနေ့ (နိုဝင်ဘာ ၂၀ရက်) ထုတ်ပြန်သည်။

နိုဝင်ဘာ ၁၇ရက်က အာဏာသိမ်းစစ်ကောင်စီတပ်၏ ခမရ(၃၀၇)ရွှေဝါတပ်ရင်းက မုန်းမြို့နယ် ရွာကြီးအင်ကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ရွာကြီးအင်းကျေးရွာမှ ဦးပြူးကျော် အသက်(၅၅)နှစ်နှင့် ဦးဝဲကြည် အသက်(၇၅)နှစ်တို့ သေဆုံးခဲ့ရပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

(မုန်း(မူး)မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်၍ နေအိမ်များ ပျက်စီးနေစဉ်။ ဓာတ်ပုံ - KNU)
(မုန်း(မူး)မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်၍ နေအိမ်များ ပျက်စီးနေစဉ်။ ဓာတ်ပုံ – KNU)

ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီက ဒရုန်း၊ လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာ နိုဝင်ဘာ ၁၅ရက်မှ ၁၉ရက် ၅ရက်တာအတွင်း ကျေးရွာများကို ပစ်မှတ်ထားပြီး လက်နက်ကြီး အလုံး ၈၀ကျော်ပစ်ခတ်ခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့ပြင် စာသင်ကျောင်းကို ပစ်မှတ်ထားပြီးလည်း လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ကျောက်ကြီးမြို့နယ် တောကြောင်ပေါက်ရွာကို စစ်ကောင်စီက နိုဝင်ဘာ ၁၉ရက်တွင် လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ နေအိမ်နှင့် ကျေးရွာဆေးပေးခန်း ပျက်စီးမှုရှိခဲ့ကြောင်း၊ ထို့ပြင် တောကြောင်ပေါက်ကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီက ဒရုန်းဖြင့် ပစ်ခတ်ခဲ့၍ (၁၀)နှစ်အရွယ် ကျောင်းသူ ၂ဦး ဒဏ်ရာရခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

(မုန်း(မူး)မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်၍ နေအိမ်များ ပျက်စီးနေစဉ်။ ဓာတ်ပုံ - KNU)
(မုန်း(မူး)မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်၍ နေအိမ်များ ပျက်စီးနေစဉ်။ ဓာတ်ပုံ – KNU)

စစ်ကောင်စီတပ်က ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းအပြင် စစ်ကြောင်းထိုးဝင်ရောက် စစ်ရေးလှုပ်ရှား၍ ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်များသည် ကျောက်ကြီးမြို့နယ် နောင်ကုန်းကျေးရွာနှင့် ရွာကြီးအင်းကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သောကြောင့် ကျေးရွာတွင်းရှိ ဒေသခံပြည်သူလူထုများ ထိတ်လန့်ကြောက်ရွံ့ပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရာ လူဦးရေ ၆ထောင်ကျော်ရှိသည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်မှတိုက်ပွဲများတွင်လည်းစစ်ကောင်စီက ၎င်းနှင့်ဆုတ်ခွာသည့်လမ်းကြောင်းတလျှောက် မိုင်းများထောင်ထားပြီး ဆုတ်ခွာသွားသည့်လမ်းများ၊ ၎င်းတို့စခန်းချရာ အနီးပတ်ဝန်းကျင်များ၌ စွန့်လွှတ်မိုင်းများစွာ ထောင်ထားသည်များကို တွေ့ရှိရသည်ဟုအာရက္ခတပ်တော် AAက ထုတ်ပြန်ခဲ့သည်။

သတင်း

ပခုက္ကူမြို့နယ်အတွင်း လတ်တလောအခြေအနေကို ပခုက္ကူလူထုတိုက်ပွဲကော်မတီက ယနေ့ (နိုဝင်ဘာ ၂၀ရက်)တွင် သတိပေးထားခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီနှင့်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က အင်အားဖြည့်တင်းကာ PNLO နယ်မြေထဲသို့ ဝင်ရောက်ကျူးကျော်တိုက်ခိုက်ရန် လုပ်ဆောင်လျက်ရှိသည်ဟုလည်း PNLAက ထုတ်ပြန်သည်။

သတင်း

အဆိုပါတိုက်ခိုက်မှုကို မင်းဘူးခရိုင်၊ အမှတ်(၆)တပ်ရင်းနှင့်အတူ မင်းဘူးမြို့နယ်-ပကဖ၊ ငဖဲမြို့နယ်-ပကဖတို့က ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါတပ်ရင်းကအသိ​ပေးထားသည်။