တာရာ/People’s Spring
မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ ရွှေစက်တော်ဘုရားအနီးဘုရားရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များစခန်းကိုစွန့်ခွာထွက်ပြေးကြသည်။
ရွှေစင်တော် ဘရားအနီး ဘုရားရွာတွင်တပ်စွံထားသော စစ်ကောင်စီတပ်ဖွဲ့များကိုနိုဝင်ဘာ ၁၇ ရက် နံနက် ၃နာရီတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုမင်းဘူးခရိုင်၊ အမှတ်(၆) တပ်ရင်းက နိုဝင်ဘာ ၁၉ရက်က ထုတ်ပြန်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝငွများသည် ရွှေစက်တော်ဘေးမဲ့တောအတွင်း သစ်ခိုးထုတ်ခြင်း၊ မျိုးတုန်းပျောက်ကွယ်တော့မည့် တိရစ္ဆာန်များကို ဖမ်းဆီးရောင်းချခြင်းအပေါ် ငွေကြေးကောက်ခံ၍ စသည်တို့ကို ခွင့်ပြု ၍ ငွေရှာနေခြင်းဖြစ်ကြောင့် သိရသည်။

Public Service Announcement
“တိုက်ပွဲထဲမှာ လက်နက်ကြီးနဲ့ ပစ်ရုံပဲရှိသေးတယ် အကုန်ထွက်ပြေးသွားကြတာပါ။ ဒါကြောင့် တိုက်ပွဲတောင် ၁၅မိနစ်လောက်ပဲကြာလိုက်တယ်။ ကျွန်တော်တို့ဘက်က ပစ်လိုက်တာပဲရှိတယ်။ သူတို့ဘက်က ပြန်မပစ်ဘဲ ထွက်ပြေးသွားကြတာပါ”ဟု အဆိုပါတပ်ရင်းတာဝန်ရှိသူကပြောသည်။
အဆိုပါတိုက်ခိုက်မှုကို မင်းဘူးခရိုင်၊ အမှတ်(၆)တပ်ရင်းနှင့်အတူ မင်းဘူးမြို့နယ်-ပကဖ၊ ငဖဲမြို့နယ်-ပကဖတို့က ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါတပ်ရင်းကအသိပေးထားသည်။
ထိုစခန်းတွင် စစ်ကောင်စီတပ်နှင့်ရဲ အင်အား ၁၀ ဦးခန့်ရှိပြီး ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ရွှေစက်တော်ဘုရားတဝှိုက်ကို အင်အားပြန်ဖြည့်တင်းလာသဖြင့် ဘုရားရွာရှိ ပြည်သူမျာထွက်ပြေးတိမ်းရှောင်နေရသည်ဟုလည်း ဒေသခံများကပြောသည်။
မင်းဘူးမြို့နယ်အတွင်း ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၊ရဲများနှင့် ပျူစောထီးတို့ဖြင့် ဝေးရာတွင် နေထိုင်ကြရန်နှင့် ၎င်းတို့ တပ်စခန်းနှင့် ၎င်းတို့စုဝေးရာနေရာများသို့ သွားလာခြင်းမပြုကြရန် မေတ္တာရပ်ခံကြောင်း မင်းဘူးခရိုင်၊ အမှတ်(၆)တပ်ရင်းက ထုတ်ပြန်ထားသည်။
