close
Connect with us

Hi, what are you looking for?

သတင်း

PDFနှင့် ပကဖ ခြောက်ဦးကို အရေးယူထားဟု NUGကာကွယ်ရေး အသိပေး

ပြီးခဲ့သည့်အောက်တိုဘာအတွင်း PDFနှင့် ပကဖ စုစုပေါင်း ခြောက်ဦးကို ထုတ်ပြန်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်ခဲ့သည်ဟု ထုတ်ပြန်သည်။

PDFနှင့် ပကဖ ခြောက်ဦးကို အရေးယူထားဟု NUGကာကွယ်ရေး အသိပေး
PDFနှင့် ပကဖ ခြောက်ဦးကို အရေးယူထားဟု NUGကာကွယ်ရေး အသိပေး

-People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) စုစုပေါင်း ခြောက်ဦးကို အရေးယူထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်သည်။

ပြီးခဲ့သည့်အောက်တိုဘာအတွင်း PDFနှင့် ပကဖ စုစုပေါင်း ခြောက်ဦးကို ထုတ်ပြန်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်ခဲ့သည်ဟု ထုတ်ပြန်သည်။

အကျဉ်းစစ်တရားရုံးဖြင့် စစ်ဆေး၍ ပြည်သူ့ကာကွယ်ရေးတပ်မတော်သား တစ်ဦးကို ထောင်ဒဏ်ချမှတ်စီရင်ခြင်း၊ စစ်ခုံရုံးဖြင့် စစ်‌ဆေး၍ ပြည်သူ့ကာကွယ်ရေးတပ်မတော်သား တစ်ဦးကို ထောင်ဒဏ်ချမှတ်စီရင်ခြင်း၊ စုံစမ်းစစ်ဆေးရေးခုံရုံးဖြင့် စုံစမ်းစစ်ဆေး၍ ပေါ်ပေါက်ချက်အရ စီမံခန့်ခွဲမှု နည်းလမ်းဖြင့် ပြည်သူကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင် လေးဦး အနက်မှ တစ်ဦးကို ရာထူးမှထုတ်ပယ်ခြင်း၊ နှစ်ဦးကို တာဝန်မှ (၆)လ ယာယီရပ်ဆိုင်းခြင်း၊ တစ်ဦးကို စာဖြင့် သတိပေးအရေးယူခြင်းတို့ လုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တို့ကို စည်းကမ်းသေဝပ်ကာ ပြည်သူကို အလုပ်အကျွေးပြုသည့် တပ်မတော်တရပ် ဖြစ်လာစေရန် ရည်ရွယ် တည်ဆောက်လျက်ရှိပြီး၊ လိုအပ်သည့် ထိန်းကြောင်းမှုများကို အဆင့်ဆင့်ဆောင်ရွက်လျက်ရှိကာ မျှတသည့် တရားစီရင်မှုများ (fair trial)၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူမှုများ ဆောင်ရွက်လျက်ရှိကြောင်း ထပ်မံ ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းစာရင်းကိုမူ အသိပေးခြင်းမရှိသေးဘဲ ထုတ်ပြန်သည့် ဓာတ်ပုံတွင်မူ သေနတ် ၃ လက်ကိုတွေ့ရှိရသည်။

သတင်း

NUG၏ ရပ်တည်ဆောင်ရွက်မှုနှင့် တော်လှန်ရေး အခြေအနေကို လူထုနှင့် နိုင်ငံတကာသို့ အသိပေးသည့် အစီအစဉ်တွင် ယခုကဲ့သို့ ရှင်းပြခဲ့ခြင်းဖြစ်သည်။

သတင်း

၎င်းတို့ နှစ်ဦးအား လုံခြုံသောနေရာသို့ ပို့ဆောင်ထားပြီး ဂုဏ်ပြုဆုငွေပေးအပ်သွားမည်ဟု ကြိုးကြာနီတပ်ရင်းက အသိပေးသည်။

သတင်း

လက်နက်ယူဆောင် လာသူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်ဟုဆိုသည်။

Facebook