close
Connect with us

Hi, what are you looking for?

သတင်း

ရွာငံမြို့အဝင်ဂိတ်၊ မူးယစ်ရုံးနှင့်စီးပွားရေးဘဏ်မှစစ်​ကောင်စီတပ်တိုက်ခိုက်ခံရ ရဲမှူးတဦးအပါအဝင် ခြောက်ဦးသေ

ရွာငံမြို့ဝင်ဂိတ်၊ မူးယစ်တပ်ခွဲ ၂ တပ်ဆွယ်ရုံးနှင့် မြန်မာ့စီးပွားရေးဘဏ်ကို နိုဝင်ဘာ ၁၄ ရက် နေ့လယ် ၁ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(ရွာငံမြို့ မူးယစ် စစ်​ဆေး​ရေးဂိတ်တွင် ကားများကို X-Ray စက်ဖြင့်ပါစစ်​ဆေး​သဖြင့် ကားများနာရီ​ပေါင်းများစွာတန်းစီ​စောင့်ဆိုင်း​နေရသည်ကို ၂၀၂၄ နိုဝင်ဘာ လဆန်းက​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(ရွာငံမြို့ မူးယစ် စစ်​ဆေး​ရေးဂိတ်တွင် ကားများကို X-Ray စက်ဖြင့်ပါစစ်​ဆေး​သဖြင့် ကားများနာရီ​ပေါင်းများစွာတန်းစီ​စောင့်ဆိုင်း​နေရသည်ကို ၂၀၂၄ နိုဝင်ဘာ လဆန်းက​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

အိမ်သွင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် မြို့အဝင်ဂိတ်၊ မူးယစ်ရုံးနှင့် မြန်မာ့စီးပွားရေးဘဏ်ရှိ စစ်​ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တစ်ပြိုင်နက် တိုက်ခိုက်ခဲ့ရာမှာ ရဲမှုးတစ်ဦးအပါအဝင် စစ်ကောင်စီဘက်မှ ခြောက်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့သည်။

ရွာငံမြို့ဝင်ဂိတ်၊ မူးယစ်တပ်ခွဲ ၂ တပ်ဆွယ်ရုံးနှင့် မြန်မာ့စီးပွားရေးဘဏ်ကို နိုဝင်ဘာ ၁၄ ရက် နေ့လယ် ၁ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

” ကျတော်တို့တော်မပါဘူး။ အခြားမဟာမိတ်တွေချတာ။ စစ်တပ်ဘက်က သေတာ ၆ယောက် အတည်ပြုလို့ရတယ်”ဟု ရှမ်းပြည်နယ်တောင်ပိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ရွာငံမြို့ဝင်ဂိတ်၊ မူးယစ်တပ်ခွဲ ၂ တပ်ဆွယ်ရုံးတိုက်ခိုက်မှုတွင် ရဲမှူးမြင့်နိုင်ဦး၊ ရဲတပ်ကြပ် ထွေးကိုကို၊ ဒုတပ်ကြပ် အောင်အောင်မော်နှင့်စောနိုင်ဝင်းတပ်ကြပ် ဇော်ဝင်းကျော်နှင့်ရဲသတင်းပေးပျူစောထီးတစ်ဦး သေဆုံးခဲ့သည်ဟု သတင်းရရှိသည်။

ထို့အပြင် လေးဦးဒဏ်ရာရခဲ့ပြီး ၎င်းတို့၏ အခြေအ‌နေကို မသိရသေးပေ။

တိုက်ခိုက်မှုနှင့်ပတ်သက်၍ ကာကွယ်ရေးအဖွဲ့များက သတင်းမထုတ်ပြန်သေးပေ။ တိုက်ခိုက်သည့်အဖွဲ့ကို People’s Spring အနေဖြင့် သိရှိထားပြီးဖြစ်သော်လည်း သက်ဆိုင်ရာအဖွဲ့၏ တရားဝင်ထုတ်ပြန်ချက်ကို စောင့်ဆိုင်းနေဆဲဖြစ်သည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပင်းတယနှင့် ရွာငံမြို့ပါဝင်ပြီး အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဌမှာ ပြည်​ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး​ရေးပါတီအမတ် ဦးအာကာလင်းဖြစ်သည်။ ယခုဖြစ်စဉ်အတွက် ဦးအာကာလင်းကို စစ်ကောင်စီက အပြစ်တင်နေသလို ဦးအာကာလင်းကိုယ်တိုင်လည်း လုံခြုံရေးအခြေအနေအရ တိမ်းရှောင်နေကြောင်းစုံစမ်း သိရသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့ရှိနေပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု မကြာခဏပြုလုပ်နေသည်။

ဦးအာကာလင်းက ၂၀၂၂ ခုနှစ်တွင် Danu Army အမည်ဖြင့် စစ်ကောင်စီလက်​အောက်ခံပြည်သူ့စစ် အဖွဲ့ ဖွဲ့စည်းရန်ကြိုးစားခဲ့ဖူးသည်။ ပြည်သူများက လက်မခံ၍ ယင်းအဖွဲ့ ပျက်သွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပင်လောင်း-ဖယ်ခုံ-မိုးဗြဲ နှင့် လွိုင်ကော်လမ်းပိုင်း ကို ထိန်းချုပ်ရန် စစ်ကောင်စီက စက်တင်ဘာလဆန်းပိုင်းကစ၍ စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုရှိနေသည်။

သတင်း

စစ်ကောင်စီထောက်ခံသူများက တစ်အိမ်တည်းကျေးရွာဘက်မှ ပစ်ခတ်သည်ဟု စွပ်စွဲပြီး ပြန်လည်တိုက်ခိုက်ရန် ရေးသားခဲ့ပြီး နောက်တစ်ရက်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

သတင်း

သေဆုံးသူများတွင် ကလေးငယ်များပါဝင် ကြောင်း သတင်းရင်းမြစ်က ပြောပြီး အရေအတွက် အသေးစိတ် အခြေအနေစုံစမ်းနေဆဲဖြစ်သည်။

သတင်း

တောင်ကုတ်မြို့နယ်၊ ရန်ခိုကျေးရွာကို နိုဝင်ဘာ ၁၄ ရက် နံနက် ၃ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ပြီးနောက် လက်နက်ကြီးဖြင့်ပစ်ရာ အရပ်သား ၄ ဦးသေဆုံးခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

Facebook