close
Connect with us

Hi, what are you looking for?

သတင်း

PDFနှင့် ပကဖ သို့ ဆက်သွယ်ပြီး ပြည်သူနှင့်ပူး​ပေါင်း​သောစစ်သားနှင့်ရဲ နှစ်လအတွင်း ၄၉ ဦးရှိ

လက်နက်ယူဆောင် လာသူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်ဟုဆိုသည်။

အလင်းဝင်လာ​သောစစ်သားများကို ကြိုဆို​နေကြ​သောPDF များ
အလင်းဝင်လာ​သောစစ်သားများကို ကြိုဆို​နေကြ​သောPDF များ

▪︎ပြည်သူ့ဘက်ကူးပြောင်းသူများ၌ အရာရှိ ၆ ဦး ပါဝင်ပြီး လက်နက်မျိုးစုံ ၁၇လက် ရရှိဟု အသိပေး

ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများ၊ ပကဖများ သို့ ဆက်သွယ်ကာ စစ်ကောင်စီတပ်နှင့် ရဲများ ပြည်သူ့ရင်ခွင်ခိုလှုံလျက်ရှိရာ ပြီးခဲ့သည့် နှစ်လအတွင်း ရဲနှင့် တပ်သား ၅၀ ဦးနီးပါးရှိသည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် စက်တင်ဘာနှင့် အောက်တိုဘာလအတွင်း တပ်သားနှင့်ရဲ (၄၉) ဦး ပြည်သူ့ရင်ခွင် ခိုလှုံ ခဲ့ရာအရာရှိအဆင့် ဗိုလ်ကြီး (၄) ဦး၊ ရဲအုပ် (၂) ဦး ပါဝင်သည်ဟု ဖော်ပြသည်။

အလင်းဝင်လာ​သောစစ်သားများကို ကြိုဆို​နေကြ​သောPDF များ
အလင်းဝင်လာ​သောစစ်သားများကို ကြိုဆို​နေကြ​သောPDF များ

ထိုသို့ စစ်ကောင်စီကို စွန့်ခွာပြီး ပြည်သူ့ဘက်သို့ ရပ်တည် ကူးပြောင်း လာသူများအနက်လက်နက်၊ ခဲယမ်းများလည်း ပါရှိခဲ့ရာ နှစ်လအတွင်း လက်နက်မျိုးစုံ (၁၇) လက်နှင့် ခဲယမ်း မီးကျောက်များ ရရှိခဲ့ဟု အသိပေးသည်။ လက်နက်ယူဆောင် လာသူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်၏ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ် စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသည့် တပ်သားနှင့်ရဲများ အနေဖြင့် ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople (သို့မဟုတ် ) နီးစပ်ရာ PDF၊ ပကဖများနှင့် မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများကို ဆက်သွယ် ချိတ်ဆက်ကာ ပြည်သူ့ဘက် ရပ်တည်ရန်လည်း NUG ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မိန်းမယူပြီး တစ်နှစ်အကြာ အလုပ်အကိုင်အဆင်မပြေတဲ့အချိန်မှာ ဒီအလုပ်ကိုသူမလုပ်ချင်​ပေမယ့်လည်း ငွေမျက်နှာတစ်ခုတည်းနဲ့ လုပ်ခဲ့တာပါလိုသူကဖွင့်ဟပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်တွင် စစ်‌ကောင်စီတပ်နှင့် ရှမ်းနီတပ်(SNA)တပ်စွဲထားသော စခန်းနှစ်ခုကို KIA၊PDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းယူလိုက်သည်။

သတင်း

စခန်း၏ အဆောက်ဦးများ ပျက်စီးမှုမရှိသော်လည်း အရေးပေါ် စခန်းတည်နေရာ အသစ်ပြောင်းရွေ့ရန် စီစဥ်နေပြီး အကူအညီများလိုအပ်နေသည်ဟု သိရသည်။

သတင်း

ဖမ်းမိစစ်ကောင်စီတပ်သား အရေအတွက်၊ လက်နက်ခဲယမ်းနှင့် နှစ်ဖက်ထိခိုက်ကျဆုံး အရေအတွက် အခြေအနေများ ဖော်ပြမထားပေ။