close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမြို့နယ် တစ်အိမ်တည်းကျေးရွာလက်နက်ကြီးပစ်ခတ်မှု ဒေသခံတစ်ဦး ထ​ပ်မံသေဆုံး

နိုဝင်ဘာ ၁၂ရက် နေ့လည် ၁နာရီခွဲခန့်က စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ်ရှိ အမှတ်(၁၆)လုံခြုံရေးရဲတပ်ဖွဲ့ခွဲအား လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသည်ဟု ဒေသခံအချို့က ပြောသည်။

စစ်ကိုင်းမြို့နယ် တစ်အိမ်တည်းကျေးရွာလက်နက်ကြီးပစ်ခတ်မှု ဒေသခံတစ်ဦး ထ​ပ်မံသေဆုံး
စစ်ကိုင်းမြို့နယ် တစ်အိမ်တည်းကျေးရွာလက်နက်ကြီးပစ်ခတ်မှု ဒေသခံတစ်ဦး ထ​ပ်မံသေဆုံး

ဇေအောင်/People’s Spring

စစ်ကိုင်းမြို့နယ်၊ အမှတ်(၁၆) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် တစ်အိမ်တည်းကျေးရွာနေ ပြည်သူတစ်ဦး တစ်ဦးထပ်မံသေဆုံး​ခဲ့ရကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

နိုဝင်ဘာ ၁၃ ရက် ညနေ ၄နာရီခန့်က စစ်ကိုင်းမြို့နယ်ရှိ အမှတ်(၁၆) လုံခြုံရေးရဲတပ်ဖွဲ့ခွဲက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယင်းတပ်ဖွဲ့ခွဲ၏ အနောက်မြောက် ဘက်(၆)မိုင်ခန့်အကွာရှိ တစ်အိမ်တည်းကျေးရွာအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

တိုက်ခိုက်မှုကြောင့် (၁၄)နှစ်အရွယ် ကလေးတစ်ဦးသေဆုံးပြီး (၁၈)နှစ်နှင့် (၁၄)နှစ်အရွယ် ကလေး ၂ ဦး၊အသက် (၅၀)နှင့် (၆၅)နှစ်အရွယ် အမျိုးသမီးကြီး ၂ဦး စုစုပေါင်း ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ထိခိုက်ဒဏ်ရာရသူများအနက် တစ်ဦးထပ်မံသေဆုံးရာ စုစုပေါင်း သေဆုံးသူ ၂ ဦးအထိရှိလာကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။

“(၁၆)ကနေ တအိမ်တည်းရွာဘက် လက်နက်ကြီး ၄ လုံးထုတာ နေအိမ်ပေါ်ကျတာကြောင့် ၄ ယောက်ထိ ၁ ယောက်ပွဲချင်းပြီးဆုံးပါတယ်။ ထိ‌ခိုက်တဲ့ထဲက တစ်ယောက် နောက်တရက်မှာ ထပ်ဆုံးပါတယ်။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

နိုဝင်ဘာ ၁၂ရက် နေ့လည် ၁နာရီခွဲခန့်က စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ်ရှိ အမှတ်(၁၆)လုံခြုံရေးရဲတပ်ဖွဲ့ခွဲအား လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသည်ဟု ဒေသခံအချို့က ပြောသည်။

အမှတ်(၁၆) လုံခြုံရေးရဲတပ်ဖွဲ့ တိုက်ခိုက်ခံရမှုတွင် ထိခိုက်မှုမရှိဟု စစ်ကောင်စီ လော်ဘီတယ်လီဂရန်ချန်နယ်များက ရေးသားခဲ့သည်။ စစ်ကောင်စီထောက်ခံသူများက တစ်အိမ်တည်းကျေးရွာဘက်မှ ပစ်ခတ်သည်ဟု စွပ်စွဲပြီး ပြန်လည်တိုက်ခိုက်ရန် ရေးသားခဲ့ပြီး နောက်တစ်ရက်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

အမှတ်(၁၆)လုံခြုံရေးရဲတပ်ဖွဲ့ခွဲ တိုက်ခိုက်မှုအား ဒေသတွင်းတော်လှန်ရေးအဖွဲ့များက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

နိုဝင်ဘာ ၅ ရက်ကလည်း အမှတ်(၁၆) လုံခြုံရေးရဲတပ်ဖွဲ့ခွဲနှင့် အနီးရှိ စစ်ကိုင်းတက္ကသိုလ် အဝင်၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများအား တော်လှန်ရေးအဖွဲ့များ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိပြီး တိုက်ပွဲပြင်းထန်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သည် ကရင်၊ ကရင်နီ၊ ရှမ်းမြောက်၊ ရက္ခိုင်၊ စစ်ကိုင်း၊ မကွေး၊ ချင်း စသည့် နေရာဒေသ အသီးသီးတွင်လည်း စစ်ရှောင်များနေထိုင်ရာ ပြည်သူများ နေထိုင်ရာနေရာများကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်းပြုလုပ်ခဲ့သည်။

သတင်း

-People’s Spring ထိုင်းစစ်တပ်က ညှင်းပန်းနှိပ်စက်လို့ မြန်မာနိုင်ငံသားတစ်ဦး အခုနှစ်ဆန်းပိုင်းတုန်းက သေဆုံးခဲ့ကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Fortify Rights ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံသားဖြစ်တဲ့ ​စေတနာ့ဝန်ထမ်း အသက် ၃၇ အရွယ် အောင်ကိုကိုဟာ ထိုင်းစစ်သား​တွေရဲ့ ဖမ်းဆီးမှုခံရပြီး သူ့ကို စစ်ကြောမေးမြန်းချိန်မှာ သစ်သားတုတ်နဲ့...

သတင်း

ဒေသခံပြည်သူ ၂၆ ဦးသတ်ဖြတ် ခံထားရပြီး ကျေးရွာ ၈ ရွာမှ နေအိမ် ၅၀၀ကျော် မီးရှို့ဖျက်ဆီးခံထားရသည်။

သတင်း

စစ်ကောင်စီတပ်သည် ယခင်ကလည်း မုံရွာမြို့ပေါ်၌ မကြာခဏရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်လေ့ရှိပြီး ပြည်သူထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

Facebook