close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီစခန်းကုန်းအား တိုက်ခိုက်စဥ် ကျန်းမာရေးမကောင်း၍ BPDFမှ CDM ရဲတပ်သားဖေရယ် ကျဆုံး

စစ်ကောင်စီစခန်းကုန်းကို တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုများနှင့်အတူ BPDFက ပါဝင်တိုက်ခိုက်နေကြောင်းလည်း အသိပေးသည်။

(BPDFမှ CDM ရဲတပ်သားဖေရယ်​၏ ဈပနအခမ်းအနားပြုလုပ်နေစဉ်။ ဓာတ်ပုံ - BPDF)
(BPDFမှ CDM ရဲတပ်သားဖေရယ်​၏ ဈပနအခမ်းအနားပြုလုပ်နေစဉ်။ ဓာတ်ပုံ - BPDF)

ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ ဘောလခဲခရိုင်အတွင်းရှိ စစ်ကောင်စီစခန်းကုန်းအား တိုက်ခိုက်စဥ် ကျန်းမာရေးမကောင်း၍ CDM ရဲတပ်သား ဖေရယ်ကျဆုံးခဲ့ရကြောင်း ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(BPDF)က ယနေ့(နိုဝင်ဘာ ၇ ရက်)တွင် ထုတ်ပြန်သည်။

“ရှေ့တန်းတနေရာက နေမကောင်းလို့ နောက်တန်းဆေးရုံကို အရေးပေါ်ပို့ဆောင်ခဲ့ရပါတယ်။ ရောဂါအခြေနေကြောင့် ဆေးရုံပေါ်မှာပဲ ဒီလ ၄ရက်နေ့ မနက် ၁နာရီဝန်းကျင်မှာပဲ ကျဆုံးခဲ့ပါတယ်”ဟု BPDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

(BPDFမှ CDM ရဲတပ်သားဖေရယ်​၏ ဈပနအခမ်းအနားပြုလုပ်နေစဉ်။ ဓာတ်ပုံ - BPDF)
(BPDFမှ CDM ရဲတပ်သားဖေရယ်​၏ ဈပနအခမ်းအနားပြုလုပ်နေစဉ်။ ဓာတ်ပုံ – BPDF)

အဆိုပါ စစ်ကောင်စီစခန်းကုန်းကို တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုများနှင့်အတူ BPDFက ပါဝင်တိုက်ခိုက်နေကြောင်းလည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ရဲဘော်ဖေရယ်သည် ၂၀၂၄ မတ်လ ၃ရက်က စစ်ကောင်စီ၏ ရဲတပ်သားအဖြစ်မှ စွန့်လွှတ်ကာ CDMပြုလုပ်ပြီး BPDF တပ်ရင်းသို့ ဝင်ရောက်ခဲ့ပြီး ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့သည်ဟု ဆိုသည်။

နိုင်ငံတော်နှင့် လူမျိုးအတွက် စွမ်းစွမ်းတမံ တိုက်ပွဲဝင်ရင်း အသက်ပေးလှူခဲ့သော ရဲဘော် ဖေရယ်အား အာဇာနည်အဖြစ်အသိမှတ်ပြု၍ လေးစားဂုဏ်ယူစွာ ဦးညွှတ်အလေးပြုကြောင်း BPDF က ဖော်ပြသည်။

(BPDFမှ CDM ရဲတပ်သားဖေရယ်​၏ ဈပနအခမ်းအနားပြုလုပ်နေစဉ်။ ဓာတ်ပုံ - BPDF)
(BPDFမှ CDM ရဲတပ်သားဖေရယ်​၏ ဈပနအခမ်းအနားပြုလုပ်နေစဉ်။ ဓာတ်ပုံ – BPDF)

“ဘောလခဲမှာ ကျန်နေတဲ့ စကစ စခန်းနှစ်ခုမှာ ဝမ်မလန်းကို တိုက်နေကြတာ”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

ဘောလခဲ​မြို့နယ်အတွက် အရေးပါသည့် စစ်ကောင်စီစခန်းကုန်း သုံးခုကို ကရင်နီတပ် ပေါင်းစုက ၂၀၂၄ နှစ်လယ်ကစ၍ သိမ်းပိုက်နိုင်ခဲ့ပြီး မယ်စလောင်းတောင် စစ်ကောင်စီစခန်း၊ရေကျော်စခန်းနှင့် ထူးချောင်းစခန်း တို့ပါဝင်သည်။

ကျန်ရှိနေသော (၁၂)မိုင် စခန်းကုန်းနှင့် ဝမ်မလန်း စခန်းကုန်းတို့ မကျရေးအတွက် စစ်ကောင်စီက လေကြောင်း ပစ်ကူရယူ၍ခုခံနေဆဲ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ စစ်ကောင်စီတပ်သားများတပ်စွဲထားသော တညောင်နယ်မြေရဲစခန်းနှင့် လျှပ်စစ်ခွဲရုံအား တော်လှန်ရေးပူးပေါင်းတပ်များ တပြိုင်နက်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း တော်လှန်ရေးအဖွဲ့များက ပြောသည်။

သတင်း

အာဆီယံ ဘုံသဘောတူညီချက် ၅ရက်အနက် အရေးပါသည့် အချက်သုံးချက်မှာ အကြမ်းဖက်မှုတွေလျှော့ချရန်၊ အားလုံးပါဝင်သော ဆွေးနွေးပွဲ၊ လူသားချင်းစာနာမှုအကူအညီ ပေးအပ်ရန်တို့ဖြစ်ကြောင်း ပဒိုစောတာဒိုမူးက ပြောသည်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တွင် တွင်းမကျေးရွာမှ ကင်းပတ်ထွက်လာသော ပျူစောထီးများ တိုက်ခိုက်ခံရပြီး သုံးဦးသေဆုံးကြောင်းသတင်းရရှိသည်။

သတင်း

မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး စာရင်းအတိအကျအား မသိရသေးဟု ကော့သောင်း(ပကဖ)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။