close
Connect with us

Hi, what are you looking for?

သတင်း

ကျောက်တံခါးမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် ၃ဦးသေ၊လက်နက်ခဲယမ်းအချို့ရရှိ

အထိနာသည့် စစ်ကောင်စီတပ်သည် ဆင်ရိုးခင်ကျေးရွာထဲသို့ လက်နက်ကြီးများပစ်ခတ်ခဲ့ရာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ဟု သိရသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-​တောင်ပိုင်းစစ်​ဒေသ)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-​တောင်ပိုင်းစစ်​ဒေသ)

ထားမြတ်/People’s Spring

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဆင်ရိုးခင်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်က ၃ဦးသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းရခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ကို တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ တပ်ရင်း ၃၇၀၂၊ အထူးကွန်မန်ဒိုတပ်ရင်း ရိုးမ ၂ စစ်ကြောင်းနှင့် KNLA တပ်ရင်း ၉ ပူးပေါင်းတပ်ဖွဲ့တို့က နိုဝင်ဘာ ၁ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု နိုဝင်ဘာ ၄ ရက်တွင်ထုတ်ပြန်အသိပေးသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-​တောင်ပိုင်းစစ်​ဒေသ)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-​တောင်ပိုင်းစစ်​ဒေသ)

တိုက်ပွဲတွင် စစ်ကောင်စီတပ်၏ G3 ၁ လက်၊ G3 ကျည် ၁၇၄ တောင့်၊ G3 ကျည်ဘောက် ၃ ခု၊ ကိုးလုံးကျည် (၂၉) တောင့် နှင့် အခြားလက်လုပ်သေနတ်များကို သိမ်းဆည်းရမိခဲ့သည်ဟုဓါတ်ပုံနှင့်တကွ​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အထိနာသည့် စစ်ကောင်စီတပ်သည် ဆင်ရိုးခင်ကျေးရွာထဲသို့ လက်နက်ကြီးများပစ်ခတ်ခဲ့ရာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ဟု သိရသည်။

နိုဝင်ဘာ ၁ရက်နေ့ကလည်း တောင်ပိုင်းစစ်ဒေသ နယ်မြေရှိ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် ရွာကြီးအင်းကျေးရွာ၌လည်း တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့သည်။

PDF/KNLA ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် ရွာကြီးအင်းရွာ တိုက်ပွဲ၌ စစ်ကောင်စီတပ်က ၁၀ဦး သေဆုံးကာ ၁၅ ဦး ဒဏ်ရာရရှိခဲ့သည်။ထိုတိုက်ပွဲတွင်စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေးသော်လည်း တော်လှန်ရေး ပူးပေါင်းတပ်မှ ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်နေသည့် အမ်းမြို့သိမ်းတိုက်ပွဲသည် အလွန်ပြင်းထန်နေပြီး မြို့အထွက်လမ်းများလည်း ပိတ်နေပြီဖြစ်သည်။

သတင်း

ဖာပွန်ခရိုင်ထဲမှာ အာဏာမသိမ်းခင်က စစ်တပ် တပ်စခန်း ၇၀ ခန့် ရှိပြီး လက်ရှိမှာတော့ တပ်စခန်း ၁၀ ခုကျော်သာ ကျန်ရှိတော့တယ်လို့ KNU တပ်မဟာ (၅) ရဲ့စာရင်းအရသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်တွင် စစ်‌ကောင်စီတပ်နှင့် ရှမ်းနီတပ်(SNA)တပ်စွဲထားသော စခန်းနှစ်ခုကို KIA၊PDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းယူလိုက်သည်။

သတင်း

ခေါပုတ်စခန်းသည် ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၅)နယ်မြေ၊ ဖာပွန်ခရိုင်တွင် ရှိပြီး ပူးပေါင်းတပ်များက အောက်တိုဘာ ၃၀ရက်ကသိမ်းယူစဉ် စစ် ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားခြင်းဖြစ်သည်။

Facebook