ဟန်နွေ/People’s Spring
တရုတ်-မြန်မာနယ်စပ်ရှိစစ်ကောင်စီ၏ခလရ(၂၉၈)တပ်ရင်း၏ တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့(နိုဝင်ဘာ ၂ ) တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။
အဆိုပါ တပ်စခန်းသည် ကချင်ပြည်နယ် ဆော့လော်မြို့နယ်အတွင်းတည်ရှိပြီး နယ်စပ် မှတ်တိုင် ဘီပီ – ၇ ၌ တည်ရှိပြီး ယနေ့ (နိုဝင်ဘာ ၂ရက်) တွင် သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ဒီဟာကတော့ KIA ရဲ့ တပ်မဟာ(၇) တရုတ် ပြည်နယ်စပ် (၇)မိုင်က စစ်တပ်တစ်ခုကို သိမ်းလိုက်တယ်တဲ့။ ဒီမနက်ပဲ။ ခလရ( ၂၉၈)တပ်ကို KIAက သိမ်းလိုက်တယ်တဲ့”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

အဆိုပါတပ်စခန်းကို ခလရ(၂၉၈) ဒုတပ်ရင်းမှူး ရှင်းသန့်အောင် ဦးစီးပြီး ယနေ့ မွန်းလွဲ ၁နာရီခန့်တွင်သိမ်းနိုင်ခဲ့ဟု အခြားစစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း အသိပေးသည်။
KIA ပူးပေါင်းတပ်သည် ခလရ(၂၉၈)မှ ဗိုလ်ကြီး ကိုကိုအောင် ဦးစီးသည့် ချီဖွေမြို့နယ် လဂွေ စာသင်ကျောင်း စခန်းကုန်းကို နိုဝင်ဘာ ၁ရက် တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု ဆိုသည်။
KIAသည် အောက်တိုဘာ ၃၁ရက်ကလည်း ချီဖွေမြို့နယ် ဖီမောဒေသ ဂမ်ဂွန်ရွာအခြေစိုက် နယ်ခြားစောင့်တပ်(BGF)-၁၀၀၁ ဌာနချုပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ အဆိုပါတပ်ရင်းဌာနချုပ်သည် ဌာနချုပ်ဟောင်းဖြစ်ပြီး

ယင်းစခန်းမှ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့များသည် နယ်စပ်ရှိ ထန်တုံ၊ ကန်ဖန်းဘက်စုပြီးခံစစ်ပြင်နေကြသည်ဟု စစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။
စစ်ကောင်စီ လက်အောက်ခံတပ်များ စစ်ရေးပြင်ဆင်နေသည့်ဆိုသည့်နေရာသည် (၁၀၀၁) တပ်ရင်းဌာနချုပ်နှင့် ၁၀မိုင်ခန့် ကွာဝေးသည်ဟုလည်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
KIAသည် စက်တင်ဘာလကုန်ပိုင်းမှစ၍ စစ်ကောင်စီ လက်အောက်ခံ ဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့် ကချင်အထူးဒေသ(၁)နယ်မြေကို ထိုးစစ်ဆင်ခဲ့ရာ ချီဖွေ၊ ဆော့လော်၊ ပန်ဝါမြို့များကို သိမ်းပိုက်ထားပြီး စစ်ကောင်စီ ဗျူဟာစခန်း
တပ်စခန်း၊ BGF တပ်ရင်းဌာနချုပ် သုံးခုနှင့် တပ်စခန်းကြီးငယ်များစွာတို့ကို တစ်လခန့်အတွင်း သိမ်းပိုက်ထားနိုင်ခဲ့သည်။
